ကျောက်မဲမြို့နယ်အတွင်း ကျွဲတင်ယာဉ်ပစ်ခတ်ခံရ

ကျောက်မဲမြို့နယ်အတွင်း ကျွဲတင်ယာဉ်ပစ်ခတ်ခံရ
ကျောက်မဲမြို့ စခန်းသာကျေးရွာအနီးတွင် နို၀င်ဘာလ ၅ ရက် ၂၀၁၈ ကပစ်ခတ်ခံရသည့် ကျွဲတင်ယာဉ်
ကျောက်မဲမြို့ စခန်းသာကျေးရွာအနီးတွင် နို၀င်ဘာလ ၅ ရက် ၂၀၁၈ ကပစ်ခတ်ခံရသည့် ကျွဲတင်ယာဉ်

သျှမ်း(ရှမ်း)ပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် မန္တလေး မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကျွဲတင်လာသည့် သုံးဘီးယာဉ်တစီး သေနတ်ပစ်ခံရပြီး ယာဉ်မောင်းတဦး ကျည်ဆံထိ သေဆုံးသွားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၄ ရက်နေ့ ည ၁၀ နာရီဝန်းကျင်က ကျောက်မဲမြို့နယ် စခန်းသာ ကျေးရွာ အနီး မိုင်တိုင်အမှတ် (၁၀၃/၁) တွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ကျွဲ ၂ကောင် တင်လာသည့် သုံးဘီး ယာဉ်ကို သေနတ်ဖြင့် ပစ်ကာ အသက် ၂၅ နှစ်အရွယ် သုံးဘီးယာဉ်မောင်း ထက်မြက် (ခ) ညိုလုံး ဦးခေါင်း ထိမှန်ကာ သေဆုံးသွားကြောင်း ကျောက်မဲ ဇီဝိတ လူမှု ကူညီရေးအသင်းမှ ဦးတင်မောင်သိန်း က ပြောသည်။

“ [နိုဝင်ဘာ ၄ ရက်နေ့ ည] က ည ၉ နာရီ မိနစ် ၅၀ လောက် ပစ်ခံရတာ။ ယာဉ်မောင်းက နဖူးစောင်းနဲ့ နထင်စပ်မှာ ၂ ချက်ပစ်ခံ ရတယ်။ ဖြစ်တဲ့နေရာမှာပဲဆုံးသွားတယ်” ဟု ဦးတင်မောင်သိန်း က ဆိုသည်။

ကျောက်မဲမြို့နယ် အတွင်း နွားတင်သည့် ကားများ မကြာခဏ သေနတ်ပစ်ခံရပြီး၊ မည်သည့်လက်နက်ကိုင် အဖွဲ့မှ ပစ်ခတ်သည်ကို စုံစမ်းဖော်ထုတ်မှု မရရှိခဲ့ပေ။

ယခုနှစ် ဇွန် ၁၂ ရက်နေ့ တွင် တရုတ်ပြည်ပို့မည့် နွားများတင်သည့်ကားတစီး ပစ်ခတ်ခံရပြီး ယာဉ်မောင်း တဦးနှင့် ယာဉ်နောက်လိုက် တဦး ဒဏ်ရာရခဲ့ကြောင်း၊ ဇွန် ၂၉ ရက်တွင်လည်း နွားတင်ကားထပ်မံ ပစ်ခတ်ခံရကာ ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက် ဒဏ်ရာ ရခဲ့ကြသည်။

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် နှင့် သီပေါမြို့နယ် အတွင်း အစိုးရတပ်မတော်၊ ရဲတပ်ဖွဲ့ နှင့် အစိုးရတပ်မတော် လက်အောက်ခံ ပြည်သူ့စစ် တပ်ဖွဲ့များ အပြင် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS/SSA)၊ တအာင်း (ပလောင် ) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ သျှမ်းပြည်တိုးတက်ရေး ပါတီ (SSPP/SSA) တို့ လှုပ်ရှားနေသည့် နေရာ ဖြစ်ကြောင်းသိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...