လဲချားမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲ ကျားခေါင်းပါတီ အပြတ်အသတ်အနိုင်ရ

လဲချားမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲ ကျားခေါင်းပါတီ အပြတ်အသတ်အနိုင်ရ
လဲချားမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဥက္ကာ ခေါ် စိုင်းကောင်ခမ်း (photo/SNLD)
လဲချားမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဥက္ကာ ခေါ် စိုင်းကောင်ခမ်း (photo/SNLD)

နိုဝင်ဘာ ၃ ရက် ၂၀၁၈ ခု တွင်းကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲတွင် လဲချားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအား ကျားခေါင်းပါတီ အမည်ရ SNLD ပါတီက ကျားဖြူပါတီ နှင့် NLD တို့အား မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်ဟုသိရသည်။

ကျားခေါင်းပါတီ အမတ် စိုင်းဥက္ကာ ခေါ် စိုင်းကောင်ခမ်းက ထောက်ခံမဲ ၈၅၇၅ မဲ၊ ကျားဖြူပါတီ က ၁၆၅၃ မဲ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ၁၀၂၃ မဲ အသီးသီးရရှိကာ ကျားခေါင်းပါတီ က အနိုင်ရရှိခဲ့သည်။

လဲချားမြို့နယ်အတွင်း မဲဆန္ဒရှင် ၄ သောင်းခန့်ရှိသည့်အနက် တသောင်းကျော်က ဆန္ဒမဲပေးခဲ့ကြသည်ဟုသိရသည်။

“ကျနော်တို့ရွေးကောက်ပွဲကော်မရှင်က ဒီနေ့ည အပြီးလုပ်မယ်တဲ့။ မဲက အားလုံးရည်တွက်ပြီးပြီ။ ကော်မရှင် က ထပ်မံစီစစ်နေတာ။ မဲပေးတဲ့သူ အားလုံးကို အထူးကျေးဇူးတင်ပါတယ် ”- ဟု အနိုင်ရရှိခဲ့သည့် စိုင်းဥက္ကာ ကပြောသည်။

ကြားဖြတ်ရွေးကောက် ပြီးမြောက်ခြင်းနှင့်ပတ်သက်၍ ကျားဖြူပါတီ အမတ်လောင်း စိုင်းရွှေဆိုင်း၊ NLD အမတ်လောင်း စိုင်းအောင်ထွန်းလေးအား ဆက်သွယ်သော်လည်း ဆက်သွယ်မှုမရခဲ့ပေ။

လဲချားမြို့နယ်တွင် မဲဆန္ဒရှင် ၃၉၇၆၀ ဦးအနက် ပယ်မဲအပါအဝင် ဆန္ဒမဲ လာပေးသူ ၁၂၀၀၀ ကျော် သာရှိသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲ တုန်းကလည်း ၅၄% သာ လဲချားမဲဆန္ဒရှင်များလာရောက် မဲထည့်ကြသည်။ မန္တလေးတိုင်းဒေသကြီး သျှမ်းတိုင်းရင်းသားရေးရာဝန်ကြီး နေရာအတွက်တွင်မူ NLD ပါတီ က အနိုင်ရဖွယ်ရှိသည်ဟု မန္တလေးသျှမ်းအသိုင်းအဝိုင်းများက ပြောဆိုနေကြသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...