နှစ်သစ်ကူးအလံတော်အား တောင်ကြီးမှ လားရှိုးသို့ ပင့်ဆောင်

နှစ်သစ်ကူးအလံတော်အား တောင်ကြီးမှ လားရှိုးသို့ ပင့်ဆောင်
တောင်ကြီးမြို့ သျှမ်းစာပေယဉ်ကျေးမှုအသင်းရုံးရှိ သျှမ်းနှစ်သစ်ကူးအလံတော် အား လားရှိုးမြို့ သျှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပရေးဦးစီးကော်မတီအဖွဲ့က လာရောက်ကြိုဆို
တောင်ကြီးမြို့ သျှမ်းစာပေယဉ်ကျေးမှုအသင်းရုံးရှိ သျှမ်းနှစ်သစ်ကူးအလံတော် အား လားရှိုးမြို့ သျှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပရေးဦးစီးကော်မတီအဖွဲ့က လာရောက်ကြိုဆို

လားရှိုးမြို့တွင် ပြုလုပ်မည့် စုပေါင်းသျှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပရေးအတွက်  တောင်ကြီးမြို့ သျှမ်း(ရှမ်း)စာပေယဉ်ကျေးမှုအသင်းရုံးရှိ သျှမ်းနှစ်သစ်ကူးအလံတော် အား လားရှိုးမြို့ သျှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပရေးဦးစီးကော်မတီအဖွဲ့က လာရောက်ကြိုဆို ပင့်ဆောင်ခဲ့ကြကြောင်း သိရသည်။

အောက်တိုဘာလ ၁၆ ရက်နေ့က တောင်ကြီးမြို့ သျှမ်းစာပေယဉ်ကျေးမှုအသင်းရုံးသို့ လာရောက်ကြို ဆိုခြင်းဖြစ်သည်။

“လားရှိုးကကော်မတီက စာတော့ကြိုပို့ထားပါတယ်။ နှစ်သစ်ကူးပွဲတော်ကျင်းပဖို့ ဆွေးနွေးဖို့ လို့ရေးထားပါတယ် ။ ဆွေးနွေးမှုအပြီးမှာတော့ ဒီ ၂၀၁၄ က နှစ်သစ်ကူးပွဲတော်ကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ အဖြစ် တာဝန် ယူ ဆောင်ရွက်ခဲ့တဲ့ ဦးစိုင်းထွန်းမြ ကနေပြီးတော့မှ ယခုနှစ် ပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဌ ဦးစိုင်း ကျော်ဌေးထံကို လွှဲပြောင်းပေးခဲ့ပါတယ်။ ”- ဟု တောင်ကြီးမြို့ သျှမ်းစာပေယဉ်ကျေးမှုအသင်းမှ ဆရာမ နန်းနွန်းမိုက သျှမ်းသံတော်ဆင့်အားပြောပြသည်။

အဆိုပါအလံတော်ကြိုဆိုခြင်းအခမ်းအနားသို့ တက်ရောက်သူဦးရေ ရ၀ ခန့်ရှိပြီး တောင်ကြီးမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းနာယက၊နှင့်အသင်းသူအသင်းသားများစုပေါင်းကာ လားရှိုးမြို့တွင်ကျင်းပမည့် စုပေါင်းသျှမ်းနှစ်သစ်ကူးပွဲတော်ကြီးအတွက် စုစုပေါင်း ကျပ်သိန်း ၃၅ သိန်းထည့်ဝင်လှူဒါန်းခဲ့ကြောင်းသိရသည်။

ထိုနေ့ညနေပိုင်းတွင် လားရှိုးမြို့မှလာသော နမ့်ခုံး သျှမ်းပရဟိတ အသင်းဥက္ကဌကြီး စိုင်းထွန်းမြနှင့် ဇနီးဒေါ်နန်းစုစုစံတို့မှ လားရှိုးမှလာသောဧည့်သည်တော်များအား ညနေစာတည်ခင်းဧည့်ခံခဲ့ကြောင်းသိရသည်။

စုပေါင်းသျှမ်းနှစ်သစ်ကူးပွဲတော် ပထမအကြိမ်ကို ၂၀၁၃ ခုနှစ်က ကျိုင်းတုံမြို့တွင်လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ၂၀၁၄ ခုနှစ်က တောင်ကြီးမြို့တွင်လည်းကောင်း ကျင်းပခဲ့ပြီး တတိယအကြိမ်ကိုမူ ယခု ၂၀၁၈ ခုနှစ်မှသာ လားရှိုးမြို့တွင် ဒီဇင်ဘာလ (၆) ရက်နေ့မှ (၉) ရက်နေ့အထိ ကျင်းပမည်ဖြစ်ပါသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...