စာရေးဆရာ မောင်သွေးချွန် ထောင်ဒဏ်(၂)နှစ် ချမှတ်ခံရ

စာရေးဆရာ မောင်သွေးချွန် ထောင်ဒဏ်(၂)နှစ် ချမှတ်ခံရ
(ဓါတ်ပုံ - အရှင်တေဇဝံသ)
(ဓါတ်ပုံ - အရှင်တေဇဝံသ)

မင်းကင်းမြို့နယ်တရားရုံးက စာရေးဆရာမောင်သွေးချွန်ကို ထောင်ဒဏ်(၂)နှစ် ယနေ့ ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

ယခုနှစ် မတ်လ(၂၈) ရက်က မင်းကင်းမြို့နယ်၊ ကျောက်တန်းကျေးရွာတွင် ကျင်းပသည့် အရှင်ကဥ္စနောဘာသ၏ မွေးနေ့ ဟောပြောပွဲတွင် မောင်သွေးချွန်အနေဖြင့် နိုင်ငံတော် အကြည်ညို ပျက်စေရန် ဟောပြောခဲ့မှုများရှိခဲ့သည်ဆိုကာ အရေးယူပေးရန် မင်းကင်းမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဇော်က မင်းကင်းမြို့နယ် တရားရုံးသို့ မေလ(၂၁)ရက်က ဦးတိုက် လျှောက်ထားခဲ့သည်။

မင်းကင်းမြို့နယ်က တရားရုံးက ဇွန်လ (၁၁) ရက်တွင် စာရေးဆရာမောင်သွေးချွန်ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) (ဂ)ဖြင့် အမှုစွဲတင်စစ်ဆေးရန် ဆုံးဖြတ်ခဲ့ပြီးနောက် ယနေ့ ထောင်ဒဏ်(၂)နှစ် ပြစ်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။

ထိုဟောပြောပွဲတွင် စာရေးဆရာမောင်သွေးချွန်က “လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်လုံးဟာ ခရစ်ယာန်တွေ ဖြစ်သွားပြီ၊ ဗုဒ္ဓဘာသာတွေ အနားကပ်လို့ မရတော့ဘူး။ ကျွန်တော််တို့ တောင်းဆိုခဲ့တဲ့ မျိုးစောင့်ဥပဒေတွေ လွှတ်တော်ထဲမှာ မကြာခင် ဖျက်သိမ်းကောင်း ဖျက်သိမ်းခံရတော့မယ်။ ဒုသမ္မတ တစ်ယောက်ကလည်း ခရစ်ယာန်၊ ခရစ်ယာန်တွေ ဘေးနားမှာလည်း မွတ်စလင်တွေ ပေါင်းပြီး ဗုဒ္ဓဘာသာကို အမြစ်ပြတ်အောင် လုပ်တော့မယ်”ဟု ထည့်သွင်းဟောပြောခဲ့ကြောင်း သိရသည်။

စာရေးဆရာမောင်သွေးချွန်(ခ) ဦးမြင့်စိုးသည် မဘသအဖွဲ့က ထုတ်ဝေသည့် စာစောင်များတွင် အယ်ဒီတာ အဖြစ် တာဝန်ယူခဲ့ဖူးပြီး ၄င်းဦးဆောင်သည့် အမျိုးဘာသာသာသနာစောင့်ရှောက်ရေး အဖွဲ့ဝင်ဟောင်း များဖြင့် ဖွဲ့စည်းထားသော မျိုးချစ်ညီညွှတ်ရေးပါတီတည်ထောင်ခွင့်ကိုလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC)က ပယ်ချခဲ့သည်။

September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...
နတ်ရေကန်စခန်း - ပုံဟောင်း / Credit
September 15, 2026
မကွေးတိုင်း၊ ပဒါန်းအနီးရှိ နတ်ရေကန်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်၏ ဒရုန်းများကို...
ဓာတ်ပုံ - PBS News
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ် အမြင့်ကျွန်းမှ ရွှေမင်းဂံချောင်းဝအထိ...