NCA လက်မှတ်ရေးထိုးခြင်း ၃ နှစ်ပြည့် ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံမည်ဟုသိရ

NCA လက်မှတ်ရေးထိုးခြင်း ၃ နှစ်ပြည့် ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံမည်ဟုသိရ
NCA လက်မှတ်ရေးထိုးသည့် ထိပ်သီးခေါင်းဆောင်များ၏ ယခင်က အစည်းအဝေး (photo/DVB)
NCA လက်မှတ်ရေးထိုးသည့် ထိပ်သီးခေါင်းဆောင်များ၏ ယခင်က အစည်းအဝေး (photo/DVB)

လာမည့်အောက်တိုဘာလ ၁၅ ရက်နေ့တွင်ကျရောက်မည့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်း ၃ နှစ်ပြည့်အခမ်းအနား ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်းသိရသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တလျှောက်တွင်ပါ၀င်လာခဲ့သည့် ပြည်ထောင်စုအင်စတီကျုမှ ဒါရိုက်တာ ဦးခွန်စိုင်းက – အောက်တိုဘာ ၁ ရက်နဲ့ ၂ ရက်နေ့တုန်းက အစိုးရနဲ့ တိုင်းရင်းသား ဘက်က ကိုယ်စားလှယ် တဖက် ရ ဦးစီ NRPC မှာတွေ့ဆုံတယ်။ အဲဒီအစည်းအဝေးကနေ ဒီ ၃ နှစ်ပြည့်မှာ ထိပ်သီး ၁၀+၁၀ လုပ်ဖို့ ဆုံးဖြတ်တယ်။ တဖက် ၁၀ ယောက်ပေါ့။ အဲဒီမှာ ခေါင်းစဉ်ကြီး ၅ ခုဆွေးနွေးမယ် ။ အောက်တိုဘာ ၁၅ ကနေ ၁၇ အထိ တွေ့ဆုံမယ်လို့ ကြားသိရတယ်- ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

ခေါင်းစဉ်ကြီး ၅ ခုမှာ Package Deal ၊ Decision Making ၊ All Inclusive ၊ Time ၊ Frame Work စသည်တို့ဖြစ်ကြောင်းသိရသည်။

သွားရောက်ဆွေးနွေးမည့်အစိုးရဘက်မှအကြီးအကဲများမှာ နိုင်ငံတော်အတိုင်အပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒုတိယကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း ၊ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဦးအောင်ကြည်မြင့် နှင့် ဦးအောင်စိုး တို့ပါ၀င်သည့်အဖွဲ့ဖြစ်ကြောင်း နိုင်ငံရေးပါတီများအသိုင်းအဝိုင်းများထံမှသိရသည်။

သို့သော် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဘက်တွင်မူ တက်ရောက်မည့်ပုဂ္ဂိုလ်များစာရင်းမသိရသေးပေ။အောက်တိုဘာ ၁၅ ကနေ ၁၇ အထိ အစည်းအဝေးကျင်းပမည့်နေရာမှာ ပုပ္ပါးတောင်အနီးတွင်ဖြစ်ကြောင်းလည်း ကြားသိရပါသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...