ကွတ်ခိုင်မြို့နယ်အတွင်း စစ်ရေးတင်းမာ မန့်ပြိန်းဒေသခံများ တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်

ကွတ်ခိုင်မြို့နယ်အတွင်း စစ်ရေးတင်းမာ မန့်ပြိန်းဒေသခံများ တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်
by -
နန်းဆိုင်နွမ်
ရပ်ကွက် ၃ ကချင် ဘုရားကျောင်းသို့ လာရောက်တိမ်းရှောင် လာသည့် မန့်ပြိန်းကျေးရွာ ဒေသခံ များ (photo/Kan Thar)
ရပ်ကွက် ၃ ကချင် ဘုရားကျောင်းသို့ လာရောက်တိမ်းရှောင် လာသည့် မန့်ပြိန်းကျေးရွာ ဒေသခံ များ (photo/Kan Thar)

သျှမ်း(ရှမ်း)ပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မန့်ပြိန်း ကျေးရွာတွင် မြန်မာတပ်မတော်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) တို့ စစ်ရေးတင်းမာမှုကြောင့် ဒေသခံများ တိုက်ပွဲ ဖြစ်ပွားမည်ကို စိုးရိမ်မှုများဖြစ်ပွားနေကြကြောင်းသတင်းရရှိသည်။

စက်တင်ဘာ ၂၉ ရက်နေ့တွင် TNLA တပ်ဖွဲ့သည် မန့်ပြိန်း ကျေးရွာ တွင် ကားဘီးလှိမ့်ခွန် (ဆက်ကြေး) ကောက်ခံ မှုကြောင့် ဒေသခံများ တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ကာ မန့်ပြိန်းကျေးရွာ ဒေသခံ ၂၀၀ ခန့်သည် သိန္နီမြို့ ရပ်ကွက် ၃ ကချင် ဘုရားကျောင်းသို့ လာရောက်တိမ်းရှောင်ကြကြောင်း သိရသည်။

“ သူတို့တွေ က စစ်ပွဲဖြစ်မှာ ကြောက်လို့ ခဏလာရှောင်တာပါ။ မနက်က (အောက်တိုဘာ ၁) ရက်နေ့ မနက် ၉ နာရီတော့ ပြန်သွားကြပြီ။ နယ်မြေကတော့ မငြိမ်းချမ်းတော့ တိုက်ပွဲ တွေ ထပ်ဖြစ်မှာ ကြောက်နေကြတယ် ” ဟု သိန္နီမြို့ နယ် ပြည်နယ် လွှတ်တော်ကိုယ်စာလှယ် အမှတ် ၂ စိုင်းစိန်လူ က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

သျှမ်းပြည်နယ် မြောက်ပိုင်းက ယခင်ကဲ့သို့ မငြိမ်းချမ်းတော့ဘဲ တိုက်ပွဲများ မကြာခဏ ထိတွေ့မှုဖြစ်ပွားသဖြင့် ဒေသခံ ပြည်သူများ တိုက်ပွဲဖြစ်ပွားမည်ကိုစိုးရိမ် ထိတ်လန့်မှု ဖြစ်နေကြကြောင်း၊ လယ်ယာ စိုက်ပျိုးရေး ကို အေးချမ်းစွာ မလုပ်ကိုင်နိုင်ကြောင်း လည်း ကွတ်ခိုင်မြို့နယ် ဒေသခံများက ပြောကြသည်။

“ တိုက်ပွဲက ဘယ်ချိန်ဖြစ်မယ်ဆိုတာ ခန့်မှန်းလို့မရဘူး။ တိုက်ပွဲတွေ ခဏ ခဏဖြစ်တော့ လယ်ယာ လုပ်ရမယ့်ချိန် မလုပ်နိုင်ဘူး။ တိုက်ပွဲတွေ အမြန် ရပ်စေချင်ပြီ” ဟု ကွတ်ခိုင် မှ ဒေသခံ အမျိုးသားတဦးက ပြောသည်။

ကွတ်ခိုင်မြို့ နယ် နှင့် သိန္နီမြို့နယ် အတွင်း တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့စစ်များ နှင့် မြန်မာ့တပ်မတေ် တို့ လှုပ်ရှားနေသည့် နေရာ ဖြစ်သည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...