RCSS/SSA မှထုတ်ပယ်ထားသည့် အမှတ်၇၀၁ စစ်ဒေသမှူး SSPP/SSA နှင့်ပူးပေါင်း

RCSS/SSA မှထုတ်ပယ်ထားသည့် အမှတ်၇၀၁ စစ်ဒေသမှူး SSPP/SSA နှင့်ပူးပေါင်း

တရုတ်-မြန်မာနယ်စပ်ရွှေလီမြစ်ဝှမ်းဒေသတွင် အခြေစိုက်လှုပ်ရှားသည့် တပ်မဟာ ၇၀၁ ၏ ယခင်က တပ်မဟာမှူး ဒု ဗိုလ်မှူးကြီး စွမ်မိန်းသည် သျှမ်း( ရှမ်း) ပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA နှင့်ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်လိုက်သည်။

စက်တင်ဘာလ ၃၀ ရက်နေ့ရက်စွဲဖြင့် အမှတ် ၇၀၁ စစ်ဒေသမှူးဟောင်း ဒု ဗိုလ်မှူးကြီး စွမ်မိန်း လက်မှတ် ရေးထိုးကာ “ သျှမ်းပြည်အမျိုးသားရေးအတွက် အကောင်းဆုံးဖြစ်အောင်ပြုလုပ်ချိန်တန်ပြီဖြစ်လို့ ၊ တယောက်နဲ့တယောက် ပြစ်တင်ပြောဆိုမှုတွေပြောနေဖို့မလိုတော့ဘူး။ ဒါကြောင့် ကျနော် တပ်မဟာ ၇၀၁ ကိုဦးဆောင်တဲ့ ဒုဗိုလ်မှူးကြီး စွမ်မိန်း အနေနဲ့ စဝ်ပန်ဖှ ဦးဆောင်တဲ့ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်ထံ ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း ကြေငြာချက် လိုက်ပါတယ် ”- ဟု တစောင် ထုတ်ပြန်ခဲ့သည်။

၄င်းအနေဖြင့် SSPP/SSA မူဝါဒကိုလက်ခံကြောင်း၊ ထို့အတွက် ၇၀၁ တပ်မဟာရှိ ကေဒါတပ်သားများအား လုံးကိုလည်း လာရောက်ပူးပေါင်းရန် တိုက်တွန်းကြောင်း၊ အမျိုးသားရေးလုပ်ငန်းစဉ် အပေါ် နားလည် သဘောပေါက်စေလိုကြောင်း ကြေငြာချက်တွင်ရေးသားဖော်ပြထားသည်။

အမှတ် ၇၀၁ စစ်ဒေသသည် RCSS/SSA ၏ စစ်ဒေသတခုဖြစ်သည်။ ၂၀၁၅ ခုနှစ်အထိ ဒု ဗိုလ်မှူးကြီး စွမ်မိန်း က ဦးဆောင်ခဲ့သည်။ ထိုနောက်ပိုင်း ဒု ဗိုလ်မှူးကြီး စွမ်မိန်း အား RCSS/SSA မှ အလုပ်မှထုတ်ပယ်ရပ်နားထားခိုင်းလိုက်သည်။

“အမှတ် ၇၀၁ စစ်ဒေသမှူး ဒု ဗိုလ်မှူးကြီး စွမ်မိန်း မှလက်မှတ်ရေးထိုးထားသည့်ကြေငြာချက်နှင့်ပတ်သက်ပြီး RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းဦးက – စဝ်စွမ်မိန်းက အလုပ်ကနားထားတာ ၅ နှစ် ၆ နှစ်ရှိပြီ။ အခု SSPP/SSA နဲ့ပူးပေါင်းလာတယ်ဆိုတာ သူ့ပုဂ္ဂိုလ်ရေးအရ တဦးတည်းအနေနဲ့ဘဲ လာပြီးပူးပေါင်းလာတာနေပါမယ်။ အခုက တပ်မဟာ ၇၀၁ ခေါင်းဆောင်က သူ မဟုတ်တော့ဘူးလေ။ တခြားတယောက်ဖြစ်သွားပြီကော် ” – ဟု သျှမ်းသံတော်ဆင့်အားအတည်ပြုပြောဆိုသည်။

လက်ရှိတွင် တပ်မဟာ ၇၀၁ သည် တရုတ်မြန်မာနယ်စပ်တလျှောက်တွင် လှုပ်ရှားသွားလာနေကြောင်းလည်း သိရပါသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...