ကျိုင်းတုံတက္ကသိုလ်တွင် ဥပဒေအထူးပြုဘာသာရပ်ပြန်ထားပေးရန် ကျိုင်းတုံအမတ်တောင်းဆို

ကျိုင်းတုံတက္ကသိုလ်တွင် ဥပဒေအထူးပြုဘာသာရပ်ပြန်ထားပေးရန် ကျိုင်းတုံအမတ်တောင်းဆို
by -
နန်းမောက်မိုဟျိုးခမ်း
ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး
ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး

ကျိုင်းတုံတက္ကသိုလ်တွင် မူလကဖွင့်ထားသော ဥပဒေပညာအထူးပြုဘာသာရပ် Law department ကို ၂၀၁၇ ခုနှစ်ကပိတ်ထားခဲ့ရာ ပြန်လည်ဖွင့်လှစ်ပေးပါရန် ကျိုင်းတုံမြို့နယ်မဲ ဆန္ဒနယ်အမှတ်(၂) ကိုယ်စားလှယ်မှ ကြယ်ပွင့် ပြမေးမြန်းခဲ့သည်ဟု သိရသည်။

၂၀၁၈ ခု စက်တင်ဘာ ၂၄ ရက်နေ့ တောင်ကြီးမြို့တွင်ကျင်းပသော ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် (၁၁) ကြိမ်မြောက်ပုံမှန်အစည်း အဝေး ဆဌမမြောက်နေ့ ၌ “ကျိုင်းတုံတက္ကသိုလ် တွင် ဥပဒေအထူးပြု ဘာသာ ရပ် သင်ကြားခွင့်ရရှိရေး (Law Department) ဥပဒေဌာန ထားရှိပေးနိုင်ရန် မည်ကဲ့သို့ဆောင်ရွက် ပေးမည်ကို သိရှိလို ကြောင်း ” – ကျိုင်းတုံမြို့ နယ်မဲ ဆန္ဒနယ်အမှတ်(၂) မှ ဒေါက်တာဝဏ္ဏစိုး ကြယ်ပွင့် ပြမေးခွန်းဖြင့် မေးမြန်းခဲ့ပါသည်။

“အခု ကျိုင်းတုံ၊ မိုင်းဖြတ်၊ တာချီလိတ်မြို့တွေက ဆယ်တန်းအောင်ကျောင်းသားတွေ ဥပဒေပညာ အထူး ပြုဘာသာရပ်ကို တက်ရောက်လေ့လာချင်တယ်ဆိုရင် တောင်ကြီးတက္ကသိုလ်သွားတက်ရမယ်။ သူတို့အတွက် အခက်အခဲများစွာရှိနေပါတယ်။ သျှမ်း(ရှမ်း)ပြည်အရှေ့ပိုင်း မှာ ပြည်သူ့ အကျိုးပြု ဥပဒေပညာရှင်တွေပေါ်ထွန်းဖို့ အတွက် ကျိုင်းတုံတက္ကသိုလ်မှာ ဥပဒေပညာ အထူးပြုဘာသာရပ်အထူးပင်လိုနေပါတယ်” – ဟု ဒေါက်တာ ၀ဏ္ဏစိုး က လွှတ်တော်တွင်တင်ပြသွားဟုဆိုသည်။

ကျိုင်းတုံတက္ကသိုလ် တွင် ဥပဒေအထူးပြုဘာသာရပ်အပြင် စိတ်ပညာ၊ စီးပွားရးဆိုင်ရာ အထူးပြုဘာသာ ရပ်လည်း ဖွင့်လှစ်ထားခြင်းမရှိသေးကြောင်း၊ ဌာနအသစ်တိုးချဲ့ ဖွင့်လှစ်ရန်အတွက် – တက်ရောက်မည့် ကျောင်းသားဦးရေ ၊ ခန့်ထား ရမည့်ဆရာ ဆရာအင်အား၊ ၀န်ထမ်းအင်အား၊ အသုံးပြုရန်လိုအပ်မည့်ငွေကြေး ပမာဏ – စသည့်အချက်များ သက်ဆိုင်သည့်ဝန်ကြီးဌာနမှ ခွင့်ပြုချက်ကျမှသာလျှင် ဖွင့်လှစ်နိုင်မည်ဖြစ်သည်ဟု လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ဖြေကြားသည်ဟု ဆိသိရသည်။

” ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ပထမနှစ်မှစ၍ ဥပဒေပညာ ၊ စိတ်ပညာ၊ စီးပွားရးပညာများအတွက် သင်တန်း များ ကျိုင်းတုံတက္ကသိုလ်မှာ ဖွင့်လှစ်ပေးနိုင်ခြင်းမရှိဟု” – လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းမှ ရှင်းလင်းဖြေကြား ခဲ့ ပါသည်။

သျှမ်း (ရှမ်း)ပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ ကျိုင်းတုံတက္ကသိုလ်တွင် ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် ၀ိဇ္ဇာသိပ္ပံ တက္ကသိုလ်ဟူ၍ တက္ကသိုလ်သုံးခုရှိသည်။

ကျိုင်းတုံတက္ကသိုလ်၌ ၁၉၈၈ ခုနှစ်တွင်ကောလိပ်စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှစ၍တက္ကသိုလ်အဖြစ် စတင် ဖွင့်လှစ်ပေးခဲ့ပါသည်။ ကျိုင်းတုံတက္ကသိုလ်တွင် ဥပဒေဘာသာရပ်အထူးပြုဘာသာရပ်ထားရှိစဉ် ၂၀၀၈ မှ ၂၀၁၇ ခုနှစ်အထိ တက်ရောက်ဆည်းဖူးခဲ့သည့် ကျောင်းသူကျောင်းသား ၅၂၄ ဦး ရှိသည်ဟုလည်း သိရှိရ သည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...