လောင်းကစားဝိုင်းပိတ်ပင်ရှင်းလင်းရေးအဆို ရှမ်းပြည်နယ်လွှတ်တော်အတည်ပြု

လောင်းကစားဝိုင်းပိတ်ပင်ရှင်းလင်းရေးအဆို ရှမ်းပြည်နယ်လွှတ်တော်အတည်ပြု
by -
နန်းမောက်မိုဟျိုးခမ်း
ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး
ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး

သျှမ်း(ရှမ်း)ပြည်မြောက်ပိုင်းတွင် များပြားကျယ်ပြန့်လာသော လောင်းကစားဝိုင်းပြသနာ ကွင်းဆင်း ရှင်းလင်းပိတ်ပင် အရေးယူပေးရန် သျှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးတွင် သိန္နီမြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က အဆိုပြုတင်သွင်းရာ ထောက်ခံဆွေးနွေးသူများဖြင့် လွှတ်တော်တွင် အတည်ပြုခဲ့ကြောင်းသိရသည်။

ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး တတိယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့တွင်  သိန္နီမြို့နယ် ကျားခေါင်းပါတီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းခင်ထားရီက လောင်းကစားဝိုင်းများ ပပျောက်ရေးအတွက် တင်းကြပ်တားဆီး ပိတ်ပင်အရေးယူပေးနိုင်ရန် တင်ပြခဲ့ခြင်းဖြစ်သည်။

“ပြီးခဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ လားရှိုးမြို့မှာ ကျမတို့ လက်ထောက်ကိုယ်စားလှယ် နဲ့ လူ ငယ်တွေ့ဆုံပွဲ ပြုလုပ်ခဲ့တယ်။ အဲဒီ တက္ကသိုလ် ကျောင်းသားလူငယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ နေရာကနေရလာတဲ့ အသံ တွေနဲ့ ဒီအဆိုကို တင်သွင်းရတာဖြစ်တယ်။ လောင်းကစားဝိုင်းတွေဟာ အရင်ကဒီလောက်အများအပြား မရှိခဲ့ ဘူး။ ဒီနောက်ပိုင်းမှာမှ ပွဲလမ်းသဘင်အမျိုးမျိုးကနေ လောင်းကစားဝိုင်းထောင်ခဲ့ရာနေ လောင်းကစားဝိုင်း တွေ ကြီးမားကျယ်ပြန့်လာတာဖြစ်တယ်။ အခုဆိုရင်သိန္နီမြို့ထဲ ရောက်လာတာတော်တော် များလာပါပြီ ” – ဟု နန်းခင်ထားရီကပြောသည်။

ငါးမန်းဂိမ်းနှင့် အခြားလောင်းကစားများအား လူငယ်များစွဲမက်ကစားလေ့ရှိပြီး အဆိုပါလောင်းကစားဝိုင်း များရှိသည့်နေရာများတွင် မူးယစ်ဆေးဝါးများပေါများခြင်း၊ လူငယ်မျာအကျင့်စာရိတ္တကပျက်ပြားကာ ခိုးဆိုး လုယက်မှုများ ဓါးပြမှုများပြားလာခြင်း၊ အိမ်ထောင်သည်များလည်း အိမ်ထောင်မှုပြိုကွဲကာ လူမှု အသိုင်း အဝိုင်းဆုတ်ယုတ်နိမ့်ကျလာခြင်းများဖြစ်ပေါ်ကြောင်းလည်း သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မှလူငယ် စိုင်းလျော ကပြောသည်။

စက်တင်ဘာလ ၂၀ ရက်နေ့ လွှတ်တော် စတုတ္ထနေ့တွင် ကွတ်ခိုင်မြို့နယ်ကိုယ်စားလှယ်နှင့် ကလောမြို့ နယ်ကိုယ်စားလှယ်များကပါ ထောက်ခံဆွေးနွေးသဖြင့် နန်းခင်ထားရီ၏အဆိုကို လွှတ်တော်က အတည်ပြု ခဲ့ပါသည်။

“လောင်းကစားဝိုင်းတွေကို တားဆီးပိတ်ပင်နိုင်ခြင်းမရှိရင် ၊ ထိရောက်စွာ အရေးမယူနိုင်မှုမရှိရင် မလိုလားအပ်တဲ့ပြသနာတွေဖြစ်ပေါ်လာနိုင်ပြီးတော့ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ် တွေကို ထိခိုက် စေမယ် ’’ ဟု ဒေါ်နန်းခင်ထားရီ က ပြော သည်။

ပြီးခဲ့သည့်မေလက မူစယ်မြို့တွင် ဖြစ်ပွါးခဲ့သော လောင်းကစားရုံစီးနင်းတိုက်ခိုက်ခံရမှုမှ အပြစ်မဲ့ဒေသခံလူထုပါ ဓါးစာခံ ဖြစ်ရကာအသက်ဆုံးရှုံးမှုဖြစ်ရသည်မှာ သက်သေသာဓကဖြစ်ရကြောင်း ၄င်းက ပြောသည်။

လွှတ်တော်အစည်းအဝေး သို့ ကိုယ်စားလှယ် ၁၄၃ ဦးအနက် ၁၁၈ ဦးတက်ရောက်ခဲ့ပြီး နန်းခင်ထားရီ၏ အဆိုကို ကိုယ်စားလှယ်များအားလုံးက သဘောတူထောက်ခံကြကြောင်း သိရပါသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...