သီပေါမြို့နယ် အစိုးရတပ်တခုကို လက်နက်အုပ်စုတခု ဝင်တိုက် ၁ ယောက်သေ

သီပေါမြို့နယ် အစိုးရတပ်တခုကို လက်နက်အုပ်စုတခု ဝင်တိုက် ၁ ယောက်သေ

သျှမ်း (ရှမ်း) ပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်အုပ်စုဝင် မန်လီရွာ ရှိ အစိုးရတပ်မတော် ခလရ ၁၇ တပ်ရင်း တံခါးဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ တယောက်သေဆုံးသွားရသည်။

ယနေ့ (စက်တင်ဘာလ ၁၃ ရက် နေ့) မနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး အစိုးရတပ်သားဘက်က တယောက်သေ တယောက်ဒဏ်ရာရရှိကာ နမ့်လန်ဆေးရုံသို့ ပို့ဆောင်ကုသရကြောင်း နမ့်လန်ဒေသခံ စိုင်းအိုက်ခမ်း ကပြောသည်။

"စျေးနေ့ဆိုတော့ စျေးလည်းပျက်သွားတာပေါ့။ ရွာနားမှာဘဲဖြစ်တယ်ထင်တယ်။ ရွာဘက်တောင် ကျည်ခွံတွေတွေ့ရတယ်လို့ကြားတယ်။ ပစ်ခတ်မှု ဖြစ်ပွားတဲ့ နောက် တပ်အနီး ပြောင်းခြံ ၁၀ ဧက ကျော်ကို တပ်က ဘူဒိုဇာစက်ကြီးနဲ့ထွန်ပစ်လိုက်တယ်၊ ယာပိုင်ရှင်က မျက်ရည်နဲ့ မျက်ခွက်နဲဲ့ပေါ့ "- ဟု စိုင်းအိုက်ခမ်းကပြောသည်။

ထိုပစ်ခတ်မှုသည် မည့်သည့်လက်နက်ကိုင်အဖွဲ့အစည်းအစည်းမှ လာရောက်ပစ်ခတ်သွားသည်ကိုမသိရှိရသေးကြောင်း၊ ထိုအနီးအနားတွင် ယခင်လကလည်း ဒေသခံ များအား ချောင်းမြောင်းပစ်ခတ်မှု သုံးကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်။

မန်လီရွာသည် နမ့်လန်ကျေးရွာအုပ်စုတွင်ပါဝင်ပြီး သီပေါမြို့ တောင်ဘက် မိုင် ၅၀ ခန့်အကွာတွင်တည်ရှိပါသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...