အစိုးရခွင့်မပြုလျှင် CSSU အစည်းဝေးကျင်းပမည်မဟုတ်ဟု အလှည့်ကျသဘာပတိပြော

အစိုးရခွင့်မပြုလျှင် CSSU အစည်းဝေးကျင်းပမည်မဟုတ်ဟု အလှည့်ကျသဘာပတိပြော

အစိုးရခွင့်မပြုလျှင် ပြသနာဖြစ်လာနိုင်သည့်အတွက် ကျင်းပမည့် CSSU အစည်းအဝေးများ ကျင်းပ တော့မည် မဟုတ်ဟု အလှည့်ကျ သဘာပတိ ကျားဖြူပါတီ ဥက္ကဌ ဦးစိုင်းအိုင်ပေါင်း က သျှမ်းသံတော်ဆင့်သို့ပြောသည်။

၂၀၁၈ စက်တင်ဘာလဆန်းပိုင်းအတွင်း ကျင်းပရန်ပြင်ဆင်ထားသည့် CSSU အစည်းအဝေးအား အစိုးရက ကျင်းပခွင့်မပေးသည့်အတွက် မကျင်းပခဲ့ကြောင်း၊ အစိုးရခွင့်မပြုလျှင် နောက်နောင်တွင်လည်း အစည်းအဝေးကျင်းပတော့မည်ဟုတ်ကြောင်း စိုင်းအိုက်ပေါင်းက ပြောသည်။

"ကျနော်တို့ အစည်းအဝေးလုပ်မယ်ဆိုရင်တော့ သူတို့ဆီကိုအကြောင်းကြားမှာပါ။ သူတို့ကအစိုးရကိုး။ ကျနော်တို့က ခွင့်ပြုချက်မတောင်းရင်အရင်တုန်းကကြုံခဲ့ဖူးတာကိုး။ အကြိမ်ကြိမ်တားမြစ်ခံရတယ်လေ။ ကျနော်တို့အတွက်လည်းမကောင်းဘူး။ သူတို့အတွက်လဲမကောင်းဘူး။ ဒါ့ကြောင့် ခွင့်ပြုချက်မရရင်တော့ မလုပ်တော့ဘူး "– စိုင်းအိုက်ပေါင်းက သျှမ်းသံတော်ဆင့်သို့ပြောသည်။

လမ်းပမ်းဆက်သွယ်ရေးခက်ခဲ့သည့်အတွက် လွယ်တိုင်းလျဲန်းတွင်လည်း သွားရောက်ကျင်းပမည် မဟုတ်ကြောင်း၊ CSSU တွင် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲစာချုပ် လက်မှတ်ရေးထိုးခြင်း မရှိသေးသည့်အဖွဲ့ပါ၀င်နေသည့်အတွက် မည်သို့ပင်ဆိုစေ အစိုးရထံခွင့်ပြုချက်တောင်းရမည်ဖြစ်ကြောင်း၊ အစိုးရခွင့်မပြုရင်ကျင်းပမည်မဟုတ်တော့ ကြောင်းလည်းစိုင်းအိုက်ပေါင်းကပြောသည်။

သျှမ်း(ရှမ်း)ပြည်ညီညွတ်ရေးကော်မတီ CSSU သည် စက်တင်ဘာ ၃ – ၄ ရက်နေ့အထိ သျှမ်းပြည်မြို့တော် တောင်ကြီးတွင် အစည်းအဝေး ကျင်းပရန်စီစဉ်ထားသော်လည်း အစိုးရ က ခွင့်မပြုသောကြောင့် ဟော်တယ်၊ အစည်းအဝေးခန်ပြင်ဆင်ထားမှုအားလုံး ဖျက်သိမ်းလိုက်ရသည်။ လူထုရွေးကောက်တင်မြှောက်ထားသည့် NLD အစိုးရ လက်ထက်တွင် သျှမ်းအမျိုးသားတို့၏ အမြင့်ဆုံးအစည်းအဝေးဖြစ်သည့် CSSU အစည်းအဝေးအား ရန်ကုန်တွင်တကြိမ်၊ ထိုင်းနိုင်ငံချင်းမိုင်မြို့တွင်တကြိမ် အစိုးရမှ ပိတ်ပင်တားမြစ်ခဲ့သည်။ ၂၁ ရာစု ပင်လုံညီလာခံကြီးအတွက် လူထု ဆနကောက်ယူရာတွင်လည်း အစိုးရတပ်မတော်မှ အင်အားသုံးကာ ဟန့်တားခဲ့ပါသေးသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...