KG ကျောင်းသားကို ရိုက်နှက်သည့် အတန်းပိုင်ဆရာမအား အရေးယူပေးရန် လွှတ်တော်သို့ တိုင်ကြား

KG ကျောင်းသားကို ရိုက်နှက်သည့် အတန်းပိုင်ဆရာမအား အရေးယူပေးရန် လွှတ်တော်သို့ တိုင်ကြား
by -
မွန်သတင်းအေဂျင်စီ
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်ရှိ အမှတ် (၁) မူလွန်ကျောင်းတွင် ပညာသင်ကြားနေသည့် မောင် ဝေယံမင်းဆက်အား အတန်းပိုင်ဆရာမမှ ခဲတံခိုးသည်ဟု စွပ်စွဲကာ ရိုက်နှက်ခဲ့ခြင်းကြောင့် အတန်းပိုင် ဆရာမကို အရေးယူပေးပါရန် အောက်တိုဘာလ ၁၁ ရက်နေ့က အုပ်ထိန်းသူမှ မွန်ပြည်နယ်လွှတ်တော် တိုင် ကြားစာကော်မတီသို့ တိုင်ကြားစာပေးပို့ထားကြောင်း သိရသည်။

MNA14ကျောင်းတာဝန်ရှိသူနှင့် မော်လမြိုင်မြို့ မြို့နယ်ပညာရေးမှုးရုံးအပါအဝင် ပြည်နယ်ပညာရေးမှုးရုံးသို့ တိုင်းကြား ထားသော်လည်း တစုံတရာ အရေးယူဆောင်ရွက်ပေးမှုမရှိ၍ ယခုလို လွှတ်တော်သို့ တိုင်ကြားရခြင်းဖြစ်သည် ဟု မောင်ဝေယံမင်းဆက်၏ အုပ်ထိန်းသူဖြစ်သည့် အဘွားဖြစ်သူဒေါ်ခင်ကြည်က ပြောသည်။

ဒေါ်ခင်ကြည်က “စောစောပိုင်းကတော့ ကျမက အတန်းပိုင်ဆရာမကို တခြားကျောင်းကို ပြောင်းပေးဘို့ တောင်း ဆိုတာပါ။ အတန်းပိုင်ဆရာမက ခလေးကို ကြိမ်နဲ့တအားရိုက်ထားတော့ ဆရာမကိုကြောက်ပြီး ကျောင်းဆက် မ တက်ရဲတာ။ အခုက သက်ဆိုင်ရာတာဝန်ရှိတဲ့ ပညာရေးဌာနက ဘာတစ်ခုမှ အရေးယူဆောင်ရွက်ပေးမှုမရှိတဲ့ အတွက်ကြောင့် လွှတ်တော်ကို တိုင်ကြားရခြင်းဖြစ်တယ်” ဟု ဆိုသည်။

ကလေးသူငယ်များသည် နိုင်ငံ၏သားကောင်း/သမီးကောင်းများ ဖြစ်ကြပြီး ဘာမျှနားမလည်သေးသည့် ကလေး ငယ်တစ်ဦးအား သက်သေအထောက်အထားမခိုင်လုံပဲ သူခိုးတစ်ဦးကဲ့သို့ စွပ်စွဲကာ မတရားညှင်းပန်းနှိပ်စက် ခြင်းမှာ ကလေးငယ်၏ အနာဂတ်ကို ဖျက်ဆီးခြင်းနှင့် တူနေပါတယ်ဟု ဒေါ်ခင်ကြည်က ဆက်ပြောသည်။

မော်လမြိုင်မြို့နယ် ပညာရေးမှုး ဒေါ်ကြည်ဝင်းက “ကျမတို့က ဒီကိစ္စကို ကြေးအေးပေးဘို့ ကလေးအဘွာနဲ့ ဆွေး နွေးထားတာရှိတယ်။ အတန်းပိုင်ဆရာမကိုလည်း နောက်တခါ ဒီလိုမဆုံးမမိဘို့ကိုလည်း ခံဝန်ကတိပေး ထိုးထား ပါတယ်” ဟု ဆိုသည်။

Kindergarten အတန်းကို သင်ကြားရန်အတွက် Kindergarten သင်တန်းကို တက်ထားသော ဆရာသာ သင် ကြားခွင့်ရှိပြီး ကလေးအုပ်ထိန်းသူဘက်မှ တောင်းဆိုထားသည့် အတန်းပိုင်ဆရာမအား ကျောင်းပြောင်းပေးရန် ကိစ္စမသင့်လျှော်ကြောင်း၊ အဆိုပါ ကျောင်းတွင် KINDERGARTEN အတန်း ၂ ခန်းရှိသောကြောင့် ကလေးအား အခန်းပြောင်းပေးရန် အကြံပြုထားကြောင်း ဒေါ်ကြည်ဝင်းက ဆက်ပြောသည်။

အတန်းပိုင်ဆရာမမှ မောင်ဝေယံမင်းဆက်အား စက်တင်ဘာလ ၆ ရက်နေ့က ရိုက်နှက်ခဲ့၍ အဆိုပါနေ့မှစပြီး မောင်ဝေယံမင်းဆက်သည် ယနေ့ထိ ဆရာမကို ကြောက်စိတ်ဝင်နေပြီး စာသင်ကျောင်းသို့ မတက်ရောက်သေး ကြောင်း လွှတ်တော်တိုင်ကြားစာတွင် ထည့်သွင်းဖော်ပြထားသည်။

မောင်ဝေယံမင်းဆက်သည် အသက် ၅ နှစ်ခွဲရှိပြီး အတန်းပိုင်ဆရာမ၏ ရိုက်နှက်မှုကြောင့် မျက်လုံး၊ ကျော၊ တင် ပါး၊ ခေါင်းတို့တွင် ဒဏ်ရာရရှိခဲ့သည့်အပြင် စိတ်ပိုင်းဆိုင်ရာလည်း ထိခိုက်မှုရရှိခဲ့သည်ဟု တိုင်စာတွင် ဖော်ပြပါ ရှိသည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...