အစည်းအဝေးတွင် UNFC အဖွဲ့မှ NCA နောက်ဆက်တွဲ သဘောတူညီချက်လက်မှတ်ရေးထိုုး နိုုင်ရန် ငြိမ်းချမ်းရေးကော်မရှင်ထံ တင်ပြထားသည့် အချက် ၈ ချက်ကိုု အောက်တိုုဘာလ ၁၅ ရက်နေ့တွင် နိုုင်ငံရေးဆိုုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုုယ်စားလှယ်အဖွဲ့အနေဖြင့် နေပြည်တော် တွင် ဆွေးနွေးညှိနှိုင်း သွားနိုုင်ရန်အတွက် အဓိက လမ်းညွန်ပေးရန် ဖြစ်သည်ဟုု UNFC ဒုုဥက္ကဋ္ဌ နိုုင်ဟံသာ က သတင်းထောက်များအား ပြောဆိုုသည်။
“အားလုံုး အပစ်ရပ်ပြီးတော့မှ ဒီ အားလုံုး အပစ်အခတ်ရပ်စဲရေးကိုု ခိုုင်ခိုုင်မာမာ ဖြစ်ဖိုု့။ အဲ့လိုု အပစ်အခတ်ရပ်စဲရေးကိစ္စမှာလည်း ဒီ စောင့်ကြည့်ရေးအဖွဲ့ကိုုပေါ့နော် ဒါကတော့ နုုိင်ငံတကာက ပါ၀င်တဲ့ ပုံုစံမျိုး ဖြစ်လာဖိုု့ အဲ့ဒါကိုုလည်း အန်ကယ်တိုု့ဖက်က ကြိုးစားတယ်၊ ဘာကြောင့်လည်း ဆိုုတော့ အခုုက တချို့က NCA တောင် ထုုိးထားတယ်နော် အခုုကတော့ RCSS နဲ့ တုုိက်ပွဲတွေ ဖြစ်နေတယ် ဒါက NCA ရဲ့ မခိုုင်မာမှု သဘောပါပဲ၊ ကျနော်တိုု့ကတော့ NCA ကိုု ခိုုင်ခိုုင်မာမာ ဖြစ်စေချင်တယ်။ နောက် JMC နော်၊ အဲ့ဒီကိစ္စမှာလည်း စောင့်ကြည့်တဲ့အဖွဲ့တွေ ကောင်းကောင်း မွန်မွန်နဲ့ ဒါက ခိုုင်ခိုုင်မာမာ ရှိထားဖိုု့။” ၎င်းကဆိုသည်။
နေပြည်တော်သိုု့ DPN အဖွဲ့ခေါင်းဆောင် ခူးဦးရယ် ခေါင်းဆောင်ပြီး အဖွဲ့ဝင် ၈ ဦး သွားရောက် မည်ဟုု သိရသည်။
ထိုုအဖွဲ့သည် အောက်တိုုဘာလ ၁၅ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပမည့် တစ်နုုိင်ငံလုံုး ဆိုုင်ရာ ပစ်ခတ်တိုုက်ခိုုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA လက်မှတ်ရေးထိုုးသည့် တစ်နှစ်ပြည့် အခမ်းအနားသိုု့လည်း တက်ရောက်ရန်ရှိသည်ဟုုလည်း သိရသည်။
နေပြည်တော်တွင်ကျင်းပမည့် ငြိမ်းချမ်းရေး ကော်မရှင်နှင့် တွေ့ဆုံုဆွေးနွေးပွဲတွင် တစ်နုုိင်ငံလုံုး အပစ်အခတ်ရပ်စဲကြောင်း သဘောတူညီမှုရရှိပြီးနောက် ၂၄ နာရီအတွင်း ကြေညာရန်၊ ဖက်ဒရယ်ဒီမိုုကရေစီ ပြည်ထောင်စုု နိုုင်ငံတည်ဆောက်ရန်၊ သုံုးပွင့်ဆိုုင်ဆွေးနွေးရန်၊ ၂၁ ရာစုု ပင်လုံုညီလာခံမှ ဆုံုးဖြတ်ချက်များအပေါ်အခြေခံပြီး ဖွဲ့စည်းပုံု အခြေခံဥပဒေများကိုု ရေးဆွဲပြဌာန်းရန် ကိစ္စများ ပါ၀င်သည်ဟုု သိရသည်။
ထိုု့အပြင် နိုုင်ငံရေး ဆွေးနွေးမှုဆိုုင်ရာ မူဘောင်အပါအဝင် နှစ်ဘက်လိုုက်နာရမည့် အပစ်အခတ်ရပ်စဲရေးဆိုုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ တပ်ပိုုင်ဆိုုင်ရာကျင့်ဝတ် (CoC)၊ စောင့်ကြည့်ရေးလုုပ်ငန်းလမ်းညွန် (ToR) နှင့် တပ်နေရာ ပြန်လည်နေရာချထားရေးများ ကြိုတင်သဘောတူညီမှု ရယူရန် ကိစ္စများ ပါ၀င်သည်ဟုု သိရသည်။
၎င်းကိစ္စများ ဆွေးနွေးညှိနှိုင်းသဘောတူညီမှု မရရှိပါက အောက်တိုုဘာလ ၁၈ ရက်နှင့် ၁၉ ရက်များတွင် ရန်ကုုန်မြို့ NRPC ရုံုး၌ ကျင်းပမည့် နိုုင်ငံရေးဆွေးနွေးပွဲဆိုုင်ရာ မူဘောင်များ ပြန်လည်သုံုးသပ်ခြင်း အစည်းအဝေးအား တက်ရောက်မည်မဟုုတ်ဟုု ပြောဆိုုသည်။
အောက်တိုုဘာလ ၁၇ ရက်နေ့တွင်လည်း နိုုင်ငံရေးဆိုုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုုယ်စားလှယ် အဖွဲ့ DPN နှင့် NCA အပစ်ရပ်လက်မှတ်ရေးထိုုးထားသည့် တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေး အဖွဲ့ ၈ ဖွဲ့မှ ဆွေးနွေးညှိနှိုင်းရေး ပူးပေါင်းလုုပ်ငန်းအဖွဲ့ CT အဖွဲ့နှင့် နိုုင်ငံရေး ဆွေးနွေးပွဲဆိုုင်ရာ မူဘောင်ကိစ္စများကိုု ရန်ကုုန်မြို့၌ တွေ့ဆုံုဆွေးနွေးသွားရန်ရှိပြီး UNFC အနေဖြင့် မူလရပ်တည်ချက်အတိုုင်း ဆွေးနွေးသွားမည်ဟုု နိုုင်ဟံသာမှ ပြောသည်။
Framework မှာတော့ အဓိကတော့ တိုု့ရဲ့ မူလရပ်တည်ချက်က အားလုံုးပါ၀င်ရေး သုံုးပွင့်ဆိုုင် ဖြစ်ရေးပဲ ဒါ အဓိက ကျဆုံုးပဲ။ ဟု ၎င်းကဆိုသည်။
အစည်းအဝေးတွင် တောင်အာဖရိက နိုုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ်များ သွားရောက်လေ့လာခဲ့သည့် အတွေ့အကြံုများကိုု ဖလှယ်ခဲ့ကြ၍ အောက်တိုုဘာလ လလယ်ပိုုင်းတွင် ထပ်မံ၍ သွားရောက် လေ့လာ ရန်ရှိသည့် ဆွစ်ဇလန်နိုုင်ငံခရီးစဉ်အတွက်လည်း ပြင်ဆင်ခဲ့ကြသည်ဟုု သိရသည်။
ယနေ့ အစည်းအဝေးကိုု ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO၊ ရှမ်းပြည်တိုုးတက်ရေးပါတီ SSPP၊ ကရင်နီ အမျိုးသား တိုုးတက်ရေးပါတီ KNPP၊ မွန်ပြည်သစ်ပါတီ NMSP၊ ရခိုုင်ပြည် အမျိုးသား ကောင်စီ ANC၊လားဟူ ဒီမိုုကရက်တစ်ပါတီ LDP နှင့် ဝ အမျိုးသား အဖွဲ့ချူပ် WNO စသည့် အဖွဲ့အစည်း ရ ဖွဲ့က ခေါင်းဆောင်ကိုုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ညီညွတ်သော တုုိင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ကိုု ၂၀၁၀ ခုုနှစ် နိုုဝင်ဘာလ တွင် ထိုုင်းနိုုင်ငံ ချင်းမုုိင်မြို့၌ ဖွဲ့စည်းခဲ့သည်။







