သီပေါမြို့နယ်တွင် ရှမ်းဗိန္ဒောဆရာ တဦးအား အမည်မသိလက်နက်ကိုင်လူတယောက်ဝင်ရောက်ပစ်ခတ်

သီပေါမြို့နယ်တွင် ရှမ်းဗိန္ဒောဆရာ တဦးအား အမည်မသိလက်နက်ကိုင်လူတယောက်ဝင်ရောက်ပစ်ခတ်
by -
နန်းဆိုင်နွမ်
ပစ်ခတ်ခံရသည့် ဆရာလုံးဆန်စိုင်း (Photo :Htay Toom Facebook)
ပစ်ခတ်ခံရသည့် ဆရာလုံးဆန်စိုင်း (Photo :Htay Toom Facebook)

သျှမ်း( ရှမ်း)ပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်ဒေသခံ သျှမ်းဗိန္ဒောဆရာ တဦးအား အမည်မသိ လက်နက်ကိုင် ၂ ဦး က ဝင်ရောက် ပစ်ခတ် ခဲ့ကြောင်း သတင်းရရှိသည်။

သြဂုတ် ၂၈ ရက်နေ့ ည ရ နာရီ က နမ့်လန် ကျူတော ရပ်ကွက်နေ ဆရာ လုံးဆန်စိုင်းသည် မိမိနေအိမ်အတွင်း ဘုရားရှိခိုးနေချိန် အမည်မသိ လက်နက်ကိုင် ၂ ဦး က ဆိုင်ကယ်မောင်းလာကာ နေအိမ်အတွင်းဝင်ရောက် ပစ်ခတ်မှု ပြုခဲ့သည်ဟု နမ့်လန် ဒေသခံ စိုင်းလူ က ပြောပြသည်။

“လူ ၂ ယောက် ဆိုင်ကယ်နဲ့လာတယ်။ တယောက်က ဆိုင်ကယ်ပေါ်ကနေ စောင့်တယ်။ နောက်တယောက်က တော့ အိမ်ထဲဝင်လာပြီး ဆရာလုံးဆန်စိုင်းလား လို့မေးတယ်။ ဆရာက ဟုတ်တယ် လို့ပြောတာနဲ့ ၃ ချက်ဆင့် ပစ်သွားတယ်။ နံရိုး နားမှာ ၂ ချက် နဲ့ ပေါင် ၁ ချက် ထိမှန်သွားတယ်” ဟု စိုင်းလူ က ပြောသည်။

သေနတ်ပစ်ခံရသည့် လုံးဆန်စိုင်းကို နမ့်လန်ဆေးရုံ သို့ ပို့ဆောင် ကုသနေကြောင်း စိုင်းလူ က ပြောသည်။

အဆိုပါ လုံးဆန်စိုင်း သေနတ်ပစ်ခံရသည့် ကိစ္စနှင့် ပတ်သက်ပြီး နမ့်လန်မြို့ ရဲစခန်းသို့ဆက်သွယ်မေးမြန်းရာတွင် ဖြေကြားခြင်း မရှိပေ။

ပြီးခဲ့သည့် သြဂုတ်လ ၉ ရက်နေ့ကလည်း မနက် ၁၀ နာရီ ကျော်အချိန်က စျေးသည် အသက် ၄၀ ကျော် အမျိုးသားနှင့် အမျိုးသမီး ၂ ဦးကို အမည်မသိ လက်နက်ကိုင် ၂ ဦးက ဆိုင်ကယ်ဖြင့် လိုက်လံ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ် အတွင်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကျင်လည်သည့် နေရာတခုဖြစ်ပြီး၊ ယခုနှစ်အတွင်း သီပေါမြို့နယ် တွင် အရပ်သားများ မကြာခဏ သေနတ်ပစ်ခတ်ရမှုဖြစ်ပွားကာ၊ လာရောက်ပစ်ခတ်သည့် တရားခံများကို တကြိမ်တခါမျှ ဖမ်းဆီးရခြင်းမရှိခဲ့ကြောင်း သီပေါမြို့နယ် ဒေသခံများက ပြောဆိုကြသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...