ပွင့်လင်းမြင်သာမှုမရှိသော စီမံကိန်စမ်းသပ်တိုင်းတာမှုအား ပထမဆုံးအကြိမ် ကန့်ကွက်ဆန္ဒထုတ်ဖော်

ပွင့်လင်းမြင်သာမှုမရှိသော စီမံကိန်စမ်းသပ်တိုင်းတာမှုအား ပထမဆုံးအကြိမ် ကန့်ကွက်ဆန္ဒထုတ်ဖော်
by -
သံလွင်တိုင်းမ်
ကယား(ကရင်နီ)ပြည်နယ်တွင်ပြုလုပ်မည့် ပွန်ချောင်းရေအားလျှပ်စစ်စီမံကိန်းအား လာရောက်စမ်းသပ်တိုင်းတာရာတွင် ပွင့်လင်းမြင်သာမှုမရှိဟုဆိုကာ အောက်တိုဘာလ ၁၁ရက်နေ့တွင် ဘောလခဲမြို့၌ ဒေသခံလူအင်အား ရ၀၀ ကျော်ကကန့်ကွက်ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။

စီမံကိန်းအားလာရောက်လုပ်ဆောင်ရာတွင် ပွင့်လင်းမြင်သာမှုမရှိခြင်းအပေါ် လက်မခံနိုင်ကြောင်းဘောလခဲမြို့ ရှမ်းပိုင်းရပ်ကွက်တွင် နေထိုင်သူထာဝရပွန်ချောင်းရှင်သန်ရေးအဖွဲ့ဝင် မလှိုင်မျိုးခိုင်ကပြောသည်။

“သူတို့အနေနဲ့ မစမ်းသပ်ခင်ကာလကတည်းက ပွင့်ပွင့်လင်းလင်းနဲ့သာ ဒီလိုအခြေအနေမျိုးမရောက်ခင်မှာ လူထုကို ချပြရင်ကောင်းတာပေါ့။ သူတို့က ပြည်သူလုထုကို ပွင့်လင်းမြင်သာမှုမရှိဘဲနဲ့ လုပ်ချင်ရာလုပ်လို့ အဲ့ကြောင့်မို့လို့ ဆန္ဒဖေါ်ထုတ်ရခြင်းဖြစ်တယ်။”ဟု မလှိုင်မျိုးခိုင်ကပြောသည်။

စီမံကိန်းအကောင်အထည်ဖေါ်ပြီး ရေကာတာတည်ဆောက်လာမည်ဆိုပါက ဒေသတွင်းသမိုင်းယဉ်ကျေးမှု တည်ရှိခဲ့သည့် မြေနေရာများပျောက်ကွယ်နိုင်သဖြင့် စိုးရိမ်နေရသည်ဟု စောလုံကျေးရွာနေဦးဘိုးရယ်ကပြောသည်။

“ဒီလိုမျိုးလာလုပ်တဲ့အချိန်မှာ လူထုကဘယ်လောက်နစ်နာဆုံးရှံုးလည်းဆိုတာရှိတယ်။ သမိုင်းဝင်အထောက်အထားတွေ လည်းဆုံးရှံုးရမယ် နောက်လယ်ယာမြေတွေလည်းဆုံးရှံုးရမယ် အဲလိုမျိုးတွေပေါ့။”ဟုဦးဘိုးရယ်ကပြောကြားသည်။

KWT12

လက်ရှိနိုင်ငံရေးနှင့် ငြိမ်းချမ်းရေးအခြေအနေအရ အကြီးစားစီမံကိန်းများအားရပ်နားထာသင့်ကြောင်း မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူတာဝန်ခံမှု အရပ်ဖက်အဖွဲ့အစည်းမဟာမိတ်အဖွဲ့(MATA)၏ အဖွဲ့ဝင် ကိုဒီးဒီကပြောသည်။

“ကျနော်တို့ တိုင်းရင်းသားတွေ  လိုလားတောင်းတတဲ့ ဖက်ဒရယ်တို့ နိုင်ငံရေးပြေလည်မှုတွေ ငြိမ်းချမ်းရေတွေ အာမခံချက်ရှိမှလုပ်သင့် တယ်ပေါ့နော်။”ဟုကိုဒီးဒီကပြောကြားသည်။

ရှေ့ဆက်လာမည့် အကြီးစားရေအားလျှပ်စစ်စီမံကိန်းများအား လာရောက်ရင်းနှီးမြှပ်နှံပါကသက်ဆိုင်ရာတာဝန်ရှိသူများမှ ပြည်သူများ၏ ဘဝအာမခံချက်များအား တိတိကျကျပေးနိုင်မှသာ စီမံကိန်းများအားစဉ်းစားကြရမည်ဟု ကိုဒီးဒီကဆက်ပြောသည်။

အောက်တိုဘာ ၁၀ ရက်နေ့ကကယားပြည်နယ် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးဦးခင်မောင်ဖြူက ရေအားလျှပ်စစ်စီမံကိ်န်းနှင့် ပတ်သက်၍ စမ်းသပ်တိုင်းတာသည့်အဆင့်သာရှိနေပြီးဒေသခံများ၏ သဘောထားများကို တာဝန်ရှိသူထံအဆင့်ဆင့်တင်ပြပြီး လုပ်ဆောင်သင့်မသင့် စဉ်းစားဆုံးဖြတ်ကြရမည်ဟုပြောဆိုသွားသည်။

နမ့်ပွန်မြစ်ပေါ်တွင် အကောင်အထည်ဖေါ်ရန် အစိုးရနှင့် နားလည်မှုစာချွှန်လွှာရေးထိုးထားသည့် ရေအားလျှပ်စစ်စီမံကိန်း ၅ ခုအထိရှိနေပြီးယင်းစီမံကိန်းများအနက် ကယားပြည်နယ် ဘောလခဲမြို့ ဟော်ခမ်းကျေးရွားအနီးတွင် စီမံကိန်းအကောင် အထည်းဖေါ်ရန်လျာထားသောနေရာအနီးယခုနှစ် ဇူလိုင်လအတွင်းရွေတောင်ကုမ္ပဏီမှ တာဝန်ယူပြီးလာရောက်စမ်း သပ်တိုင်းတာနေခြင်းဖြစ်သည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...