Published
Tuesday, October 11, 2016
တပ်မတော်မှ ထိုုးစစ်ရပ်တန့်ရေး ထိုုင်းနုုိင်ငံရောက် ကချင်လူမျိုးများ တောင်းဆိုု
ကချင်ဒေသအတွင်း တပ်မတော်မှ ထိုုးစစ်ဆင်မှုများ ချက်ချင်း ရပ်တန့်ပေးရန်အတွက် ထိုုင်းနိုုင်ငံရောက် ကချင်လူမျိုများစုုပေါင်းပြီး ထိုုင်းနုုိင်ငံ ချင်းမုုိင်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံုးရှေ့တွင် ယနေ့ နံနက် ၁၀ နာရီက ဆန္ဒပြတောင်းဆိုုလှုပ်ရှားမှုများ ပြုလုုပ်ခဲ့သည်။
အစိုုးရတပ်မတော်မှ ကချင်လွတ်လပ်ရေးတပ်မတော် KIA နယ်မြေအား ၂၀၁၁ ခုုနှစ် ဇွန်လမှ ထိုုးစစ်ဆင် တိုုက်ခိုုက်လာပြီး ၂၁ ရာစုု ပင်လုံုညီလာခံ ကျင်းပပြီးစီးချိန်တွင် ထိုုးစစ်ဆင်မှုများ ပိုုမိုု ပြင်းထန်လာသဖြင့် အမြန်ဆုံုးရပ်တန့်ပေးရန် လာရောက်တောင်းဆိုုခြင်းဖြစ်သည်ဟုု ပန်ကချင်အဖွဲ့မှ ဒုုတိယအတွင်းရေးမှူးဖြစ်သည့် ဦးဆောင်ပါ၀င်သူ ဆရာ ဂျံုဘိုုင်း က ပြောသည်။
“စစ်တပ်ကနေပြီးတော့မှ ပြည်ပအန္တရယ်ကျရောက်စေနိုုင်တဲ့ ရန်သူသဘောထားပြီးတော့မှ စစ်လက်နက်ကြီးတွေနဲ့ မက တိုုက်လေယာဉ်တွေအများအပြားနဲ့ ဒီလိုုမျိုး လာတိုုက်တယ်ဆိုုတာ ကြားတဲ့အခါမှာ အင်မတန်မှ စိတ်မကောင်းပါဘူး အဲ့ဒါကြောင့် ကျနော်တိုု့ ဒါကိုု မလုုိလားဘူး ဆိုုတဲ့ သဘောတရားကိုု ထုုတ်ဖော်ခြင်းဖြစ်တယ်၊ ပြီးတော့မှ ဒီထက်မှာမက စစ်တိုုက်တဲ့အခါမှာ နယ်မြေဆုံုးရှံုးမှုတွေ ပျက်စီးမှုတွေဖြစ်တယ်၊ ပြီးတော့ ဗုံုးတွေကျဲတဲ့အခါကြတော့ ကလေးသူငယ် တွေလည်း ဒဏ်ရာရတယ် သေတဲ့လူလည်းရှိတယ်၊ အဲ့တော့ ကျနော်တိုု့ က ဒါကိုု လုံုးဝ စိတ်ဆန္ဒ မရှိဘူး ဒါမျိုးကျနော်တိုု့ မလိုုအပ်ဘူး၊ ငြိမ်းချမ်းစွာနဲ့ ဖက်ဒရယ်ဒီမိုုကရေစီ ရရှိအောင် လိုုလား တယ် ဆိုုတဲ့အကြောင်းကိုု ဖော်ပြခြင်းဖြစ်ပါတယ်။ “ ဟု သူကဆိုသည်။
ကချင်ပြည်သူလူထုုအနေဖြင့် ၂၁ ပင်လုံုညီလာခံ ကျင်းပပြီးနောက်ပိုုင်း ထိုုးစစ်များရပ်တန့် ပြီး တစ်နိုုင်ငံလုံုး ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပိုုမိုုဖြစ်ထွန်းလာမည်ဟုု မျှော်လင့်ခဲ့သော်လည်း အထင်နှင့် အမြင် တခြားစီဖြစ်နေပြီး အစိုုးရတပ်မတော်၏ ထိုုးစစ်ကြောင့် ကချင်ပြည်သူများနှင့် ညီနောင် တိုုင်းရင်းသားညီအကိုုများ အသက်အိုုးအိမ်ပျက်စီးဆုံုးရှံုးပြီး ဒုုက္ခသည်ဘဝဖြင့် နေထိုုင်နေကြရကြောင်းလည်း ယနေ့ ထုုတ်ပြန်သည့် သဘောထား တောင်းဆိုုချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ထိုုအခြေအနေများကြောင့် မြန်မာအစိုုးရတပ်မတော်မှ ကချင်လွတ်လပ်ရေးတပ်မတော် KIA အပါအဝင် တခြားတိုုင်းရင်းသား လွတ်မြောက်ရေး တပ်ဖွဲ့များအား ထိုုးစစ်ဆင်နေမှုများကိုု ချက်ချင်း ရပ်တန့်ပေးဖိုု့ အပါအဝင် တောင်းဆိုုချက် ၆ ချက်ကိုု မြန်မာကောင်စစ်ဝန်ရုံုးမှာ လာရောက်တောင်းဆိုုခဲ့ကြသည်။
“ကျနော်တိုု့ တောင်းဆိုုချက်ကတော့ ၆ ချက်ပေါ့နော် အဲ့ထဲမှာ အဓိက အခုု အရေးအကြီးဆုံုးကတော့ ၂ ချက်ပေါ့နော်၊ တစ်ချက်ကတော့ ကချင်ပြည်နယ်မှာ ကျနော်တိုု့ ဒီ အစိုုးရစစ်တပ်တွေ မြန်မာအစိုုးရစစ်တပ်တွေ ထိုုးစစ်ဆင်နေတယ် အဲ့ဒါတွေ အားလုံုးကိုု ချက်ချင်းရပ်တန့်ပေးဖိုု့ ကျနော်တိုု့ တောင်းဆိုုတယ်၊ ဒုုတိယ အချက်တစ်ခုုကတော့ ကျနော်တိုု့ ဒီ အစိုုးရစစ်တပ်တွေက ကျနော်တိုု့ ရွာတွေမှာ လက်နက်ကြီးတွေနဲ့ ထုုတယ် ကလေးတွေသေတယ် ဒီ - လအတောအတွင်းမှာပဲ မုုန်ဂိုုအနီးရှိ ပူဝမ် ရွာပေါ့နော် ကချင်ရွာမှာ သူတိုု့ လက်နက်ကြီး ပစ်ထည့်လိုုက်တော့ ကလေးသုံုးယောက်ထိတယ် တယောက်ကတော့ ဆုံုးသွားတယ်၊ ၂ ယောက်ကတော့ ဒဏ်ရာပြင်းထန်တဲ့အတွက် အူတွေဘာတွေထွက်သွားတယ်ပေါ့နော် သတင်းမီဒီယာထဲမှာလည်း ရေးထားတာတော့ရှိပါတယ်။ ဒါပေမယ့် အစိုုးရဖက်က တစ်စုံုတစ်ရာ အရေးယူပေးမှု မရှိသေးဘူး အဲ့ဒါကြောင့် ဒီနေ့ ထပ်ပြီးမှ ဒါကိုု တောင်းဆိုုတယ်။ ဆိုုတော့ ဒီနှစ်ချက်ကိုု အတွက်ကြောင့်မိုု့ ကျနော်တိုု့ ဒီကိုုရောက်လာခြင်းဖြစ်တယ်။” ဟုု ဦးဆောင်ပါ၀င်သူ တစ်ဦးဖြစ်သည့် လှုပ်ရှားမှု ကော်မတီဝင် နော်ခမ်း က သတင်းထောက်များကိုု ပြောသည်။
၄င်းအပြင် ကချင်စစ်ဘေးဒုုက္ခသည်များအား ကူညီထောက်ပံ့ပေးနေသည့် စားနပ်ရိက္ခာ ယာဉ်တန်းများအား အစိုုးရစစ်တပ်မှ ဟန့်တားခြင်းမပြုရန် နှင့် စစ်ဘေးဒုုက္ခသည်များ မိမိ နေရပ်ရင်းကိုု လုံုခြံုစွာ အမြန်ပြန်နိုုင်ရေးအတွက် အစိုုးရမှ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်လည်းတောင်းဆိုုခဲ့ကြသည်။
ထိုုင်းနိုုင်ငံ မှာရောက်ရှိနေကြသည့် ကချင်လူမျိုးများ တောင်းဆိုုချက်များကိုု ထိုုင်းနုုိင်ငံ ချင်းမုုိင်မြို့ရှိ မြန်မာကောင်စစ်ဝန်ထံ ပေးအပ်ဖိုု့ ကြိုးစားခဲ့ကြသော်လည်း ကောင်စစ်ဝန်ရုံုးမှ လက်ခံရန်ငြင်းဆိုု ခဲ့သည့်အတွက် သံရုံုးရှေ့ရှိ စာတိုုက်ပုံုးတွင် ထိုု တောင်းဆိုုချက်များကိုု ထည့်ထားခဲ့ကြသည်။
ကချင်ပြည်နယ်အတွင်း ထိုုးစစ်ရပ်တန့်ရန် တောင်းဆိုုဆန္ဒထုုတ်ဖော်ပွဲကိုု ထိုုင်းနုုိင်ငံရောက် ကချင်လူမျိုး ၅၀ ခန့် ပူးပေါင်းပါ၀င်ခဲ့ကြပြီး ၄င်းတိုု့၏ လုုိလားချက်များကိုုလည်း ကြွေးကြော်ခဲ့ကြသည်။







