တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ၏ ဝန်ထမ်းလိုင်းခန်းမီးလောင်မှု ကျပ်သိန်းပေါင်း ၃၀ ခန့်ဆုံးရှုံးမှုရှိ

တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ၏ ဝန်ထမ်းလိုင်းခန်းမီးလောင်မှု ကျပ်သိန်းပေါင်း ၃၀ ခန့်ဆုံးရှုံးမှုရှိ
by -
နန်းမောက်မိုဟျိုးခမ်း

သျှမ်း(ရှမ်း)ပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံအတွင်းရှိ ဝန်ထမ်းအိမ်ယာ လိုင်းခန်း ဂန္ဓမာဆောင်မီးလောင်မှုဖြစ်ပွါးရာတွင် ဆုံးရှုံးမှုတန်ဖိုးကျပ်သိန်းပေါင်း ၃၀ ကျော်ကြောင်းသိရသည်။

သြဂုတ်လ ၉ ရက် နေ့ခင်း ၁၂ နာရီ မိနစ် ၄၀ အချိန်တွင် လိုင်းခန်း ဂန္ဓမာဆောင် မီးခလုတ်အပူလွန်ကဲမှုဖြစ်ပွါးပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာမွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင်မီးညွန့်ကျိုး သွားကြောင်းသိရသည်။

အဆိုပါမီးလောင်မှုတွင်သေကြေ ဒဏ်ရာရသူမရှိကြောင်း ၊ ဆုံးရှုံးမှု ကျပ်သိန်းပေါင်း ၃၂ သိန်းခန့်ရှိကြောင်းသိရသည်။ ဒေသခံပြည်သူများ ၊မီးသတ်တပ်ဖွဲ့ ဝင်များ နှင့် စစ်သားများ တာဝန်ရှိသူများလာရောက်မီးငြိမ်းသတ်ခဲ့ပြီး မီးသတ်ကား ၉ စီး ရောက်ရှိမီးငြိမ်းသတ်ခဲ့ကြောင်းသိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...