ပိတ်ပင်ခံထားရသည့် ထုုိးစစ်ရပ်တန့်ရေးလှုပ်ရှားမှု ပြန်လည်ကျင်းပခွင့်ရ

ပိတ်ပင်ခံထားရသည့် ထုုိးစစ်ရပ်တန့်ရေးလှုပ်ရှားမှု ပြန်လည်ကျင်းပခွင့်ရ
by -
သတင်းနှင့် မီဒီယာ ကွန်ရက်
ငြိမ်းစုုစီ ဥပဒေနှင့် ညီညွတ်မှု မရှိ၍ဆိုကာ ပိတ်ပင်ခံလိုုက်ရသော ကချင်ဒေသတွင်းက ထိုုးစစ် ဆင်မှု ရပ်တန့်ရေး တောင်းဆိုသည့် လူထုု လမ်းလျှောက် ဆန္ဒထုုတ်ဖော်ခြင်း အစီအစဉ်ကိုု အောက်တိုုဘာလ ၆ ရက်နေ့ မနက် ၉ နာရီက ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကချင်လူထုုသောင်းချီ ဆန္ဒထုုတ်ဖော်ခဲ့သည်။

ငြိမ်းစုုစီ ဥပဒေအရ ဆန္ဒထုုတ်ဖော်ရန် ငါးရက်ကြိုတင် အကြောင်းကြားရမှာဖြစ်ပြီး ဥပဒေ နှင့် အညီ မလုုပ်ဆောင်ပါက အရေးယူသွားမှာဖြစ်ကြောင်း ပြောဆိုုခဲ့ကာ အောက်တိုုဘာ လ ၃ ရက်နေ့က ခွင့်ပြုချက်မရခဲ့သည့် ကချင်ဒေသတွင်း တပ်မတော်မှ ထိုုးစစ်ဆင်မှုများ ရပ်တန့်ရေး လမ်းလျှောက်ဆန္ဒပြ ထုုတ်ဖော်ခြင်း အစီစဉ်ကိုု  ဒီကနေ့ မနက်ပိုုင်းမှာ ပြန် လည် ကျင်းပခွင့် ရခဲ့ခြင်းဖြစ်ကြောင်း အစီအစဉ် ဖြစ်မြောက်ရေး ဦးဆောင်သူများက ပြော သည်။

ပြည်သူတယောက်အနေနှင့် နှစ်ဖက်တပ်များအနေဖြင့် လူထုုရဲ့ အခြေအနေ အခက်အခဲ များကိုု ထောက်ရှုပြီး စစ်ပွဲများရပ်စေချင်ကြောင်း မြစ်ကြီးနားမှ ဒေသခံ တစ်ဦးက “အဓိက ရှေ့တန်းထိုးစစ်ဆင်ကို ရပ်ခိုင်းစေချင်တာ၊ အမျိုးသမီးများကို ရည်ရွယ်ချက်ရှိ ရှိနဲ့ အမျိုး သမီးများကို မုဒိန်းမှု အဲဒါကိုရပ်ခိုင်းစေချင်တာ လုံးဝအလိုမရှိဘူး။ ထိုးစစ် ဆင် တာလုံးဝ အလိုမရှိဘူး။ ပြည်သူတစ်ယောက်အနေနဲ့ ကျနော် နှစ်ဖက်စလုံး အပစ်အခတ်ကို လုံးဝ ရပ် ဆိုင်းစေချင်တယ်” ဟုု ပြောသည်။

၂၁ ရာစု ပင်လုံညီလာခံပြီးနောက် အစိုးရတပ်မတော်မှ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ ကချင်ပြည်လွတ်လပ်ရေး KIO ထိန်းချုပ်နေမြေများသို့ အရှိန်အဟုန်မြင့်စွာ ထိုးစစ်ဆင်မှု များ၊ တိုုင်းရင်းသားဒေသအသီးသီးကို တပ်မတော်မှ ထိုုးစစ်ဆင်မှုများ၊ တိုုက်ပွဲများရပ်တန့် ရေးအတွက် လမ်းလျှောက် ဆန္ဒထုုတ်ဖော်ရာမှာ ပါဝင်ရခြင်းဖြစ်သည်ဟုု ပြောသည်။

“နှစ်ဖက်တပ်ကို ငြိမ်းစေချင်တာပေါ့ ငြိမ်းချမ်းရေးပဲ အဓိက နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ လုပ်တာပဲ အကောင်းဆုံးပဲ။ ကျနော်တို့ ကချင်ပြည်နယ်သာမက တစ်နိုင်ငံလုံးက လက် နက်ကိုင် တိုင်းရင်းသားအားလုံး ကို စစ်မှန်တဲ့ ဖက်ဒရယ်နဲ့ အုပ်ချုပ်စေချင်တယ် တပ်မ တော်နဲ့ အစိုးရလည်း ကောင်း ကောင်းလည်း စည်းစည်းလုံးလုံးနဲ့ ကျနော်တို့ ပြည်သူတွေ ကို မေတ္တာနဲ့ထားပြီးမှ ငြိမ်းချမ်း တဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ရအောင် လုပ်ပေး ပါလို့ ကျနော် တို့ ပြောချင်တယ် တပ်မတော်နဲ့ အစိုးရကို။” ဟုု မြစ်ဆုံု၊ မလိယန်ကျေးရွာမှ ဦးမုုန်ရာက ပြောသည်။

NLD အစိုုးရသစ်အနေဖြင့် လက်ရှိ ကချင်ပြည်နယ်အတွင်းက တိုုက်ပွဲများ၊ စစ်ရေးပဋိပက္ခ အခြေအနေများကိုု သိရှိပြီး နိုုင်ငံရေးနည်းလမ်းနှင့် အမြန်ဆုံုးဖြေရှင်းပေးစေလိုုကြောင်း လမ်းလျှောက်ဆန္ဒထုုတ်ဖော်ရာမှာပါဝင်ခဲ့သည့် ဦးမုုန်ရာက ဆက် ပြောသည်။

“စစ်ရေးကို မလိုချင်ဘူး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နိုင်ငံရေးနည်းလမ်းနဲ့ လုပ်စေချင်တယ်။ နောက်ပြီးတော့မှ ကျနော်တို့ အမေစု ကလည်း ကျနော်တို့ တိုင်းရင်းသားအတွက် ဘာမှ မပြောဘူး အဲဒါကြောင့်မို့လို့ တိုင်းရင်း သားအကြောင်း အမေစုနဲ့ NLD သမ္မတကြီးကအစ သိစေချင်တယ် တပ်မတော်လည်း ကျနော်တို့ကို ညှာတာစေချင်တယ် အဲဒါကြောင့် ငြိမ်း ချမ်းတရားမျှတတဲ့ ငြိမ်းချမ်းတဲ့ စစ်မှန် တဲ့ ဖဒရယ်ကို ကျနော်တို့လိုချင်လို့ ဒီမှာ ပါခြင်းဖြစ် တယ်”

ကချင်ဒေသအတွင်း တပ်မတော်မှ ထိုုးစစ်ချက်ချင်းရပ်၊ နုုိင်ငံရေးပြဿနာကိုု နိုုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရေး၊ နိုုင်ငံရေးပြဿနာများ မပြေလည်သ၍ အကြီးစားစီမံကိန်းများ ရပ်ဆိုုင်းရေး၊ ဖက်ဒရယ်စနစ်နှင့် ကိုုယ်ပိုုင်ပြဌာန်းခွင့်ရရှိရေး၊ တပ်မတော်မှ တိုုင်းရင်းသူ အမျိုးသမီးများအား ရည်ရွယ်ချက်ရှိရှိဖြင့် အဓမ္မပြုကျင့်မှုအလိုုမရှိ နှင့် စစ်ဘေးရှောင်များ ဂုုဏ်သိက္ခာရှိစွာ နေရပ်ပြန်နုုိင်ရေး စတဲ့ ကြွေးကြော်သံများဖြင့် မြစ်ကြီးနားမြို့ ရှိ လူစည်ကားရာ နေရာများသိုု့ လှည့်လည်ကာ ဆန္ဒထုုတ်ဖော်ခဲ့ ကြသည်။

အောက်တိုုဘာ (၃) ရက်နေ့ကလည်း မြစ်ကြီးနားမြို့ ၊ တနိုုင်းမြို့ နှင့်ရန်ကုုန်မြို့တိုု့တွင် ကချင်ပြည်နယ်အပါအဝင် တိုုင်းရင်းသားဒေသများရှိ တပ်မတော်မှ ထိုုးစစ်များ ချက်ချင်းရပ်တန့်ပေးရေး လူထုုဆန္ဒထုုတ်ဖော်ခဲ့ကြသည်။

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...