မော်လမြိုင်ကမ်းနားလမ်းစီမံကိန်းသဘောတူညီချက်အတိုင်း ပြည်နယ်အစိုးရသို့ ငွေပေးသွင်းရန် လွှတ်တော်ဆုံးဖြတ်

မော်လမြိုင်ကမ်းနားလမ်းစီမံကိန်းသဘောတူညီချက်အတိုင်း ပြည်နယ်အစိုးရသို့ ငွေပေးသွင်းရန် လွှတ်တော်ဆုံးဖြတ်
by -
မွန်သတင်းအေဂျင်စီ
မော်လမြိုင်ကမ်းနားလမ်းစီမံကိန်းအဆင့် (၆) ကိစ္စအတွက် မွန်ပြည်နယ်အစိုးရနှင့် လုပ်ငန်းဆောင်ရွက်သူ စုန် ရေကုမ္ပဏီတို့ အကြား ယခင်ပြည်နယ်အစိုးရနှင့် သဘောတူညီခဲ့သော ကျပ်သိန်းပေါင်း နှစ်သောင်းငါးထောင် (၂၅၀၀၀) ပေးသွင်းရန် မွန်ပြည်နယ် လွှတ်တော်က ဆုံးဖြတ်ကြောင်း သိရသည်။

လုပ်ငန်းဆောင်ရွက်သူ စုန်ရေကုမ္ပဏီမှ ပြည်နယ်အစိုးရသို့ ငွေကျပ်သိန်းပေါင်းတစ်သောင်းငါးထောင် (၁၅၀၀၀) သာ ပေးသွင်းရန် တင်ပြလာသည့်အပေါ် မွန်ပြည်နယ်လွှတ်တော်က စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းဝေး (ပထမနေ့) အောက်တိုဘာလ (၃) ရက်နေ့တွင် ယခင်က သဘောတူညီချက်အတိုင်းသာ အပြည့်အဝပေးသွင်းရန်  မွန်ပြည် နယ်လွှတ်တော်မှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“ဒီ ကမ်းနားလမ်းစီမံကိန်းအစီရင်ခံစာကို ကျွန်တော်တို့က တင်တယ်။ အရင်ဆုံး ဒီအစီရင်ခံစာကို ကျွန်တော် တို့အဖွဲ့က လက်ခံတယ်။ ဒီအစီရင်ခံစာအတိုင်း လွှတ်တော်က လက်ခံရင်၊ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် ဖြစ်သွား ပြီ။ ဒါကို အစိုးရက မဖြစ်မနေ အကောင်အထည်ဖော်ရမယ်” ဟု မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

ကမ်းနားလမ်းအဆင့် (၆) စီမံကိန်း၏ ပြန်လည်လေ့လာစိစစ်အဖွဲ့ အစီရင်ခံစာတွင် လုပ်ငန်းသဘောတူစာချုပ်ပါ အချက်များတွင် ငွေကြေးနှင့် ပါတ်သက်ပြီး ညှိနှိင်းဆောင်ရွက် ခွင့်ပြုထားခြင်း လုံးဝမရှိပါသဖြင့် မူလသဘောတူ ညီချက်အတိုင်း ကျပ်သိန်းပေါင်း (၂၅၀၀၀) အတိုင်းသာ အပြည့်အဝပေးသွင်းရန် ဆုံးဖြတ်ပါသည်ဟု ဖော်ထား သည်။

ထို့အပြင် ကမ်းနားလမ်းအဆင့် (၆) နေရာရှိ ရေလွမ်းမိုးမှု ဖြစ်ပေါ်နေသော လမ်းပိုင်းများကိုလည်း မြစ်ရေကျော် နင်းဝင်ရောက်ခြင်း မရှိစေရေး ပင်လယ်ရေ မျက်နှာပြင် တိုင်းတာချက်များအတိုင်း လိုက်လျောညီထွေစွာ ထပ်မံ ပြုပြင်ဆောင်ရွက်ပေးရန်လည်း လွှတ်တော်ဆုံးဖြတ်ချက်တွင် ပါဝင်ခဲ့သည်။

သို့သော် စုန်ရေကုမ္ပဏီမှ စည်ပည်သာယာရေးဌာနသို့ ပေးသွင်းရန် မြေ (၁ ဒသမ ၅) ဧကမှ (၀ ဒသမ ရ၅) ဧကသာ ပေါ်သွင်းခြင်း အပေါ် လွှတ်တော်က သဘောတူပေးခဲ့သည်။

မော်လမြိုင် ကမ်းနားလမ်း အဆင့် (၆) စီမံကိန်းကို စုန်ရေကုမ္ပဏီမှ ကျပ်သိန်းပေါင်းခုနှစ်သောင်း (၇၀၀၀၀) ကျော် ကုန်ကျခံ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခင်အစိုးရ သက်တမ်းမကုန်ဆုံးမီအချိန်တွင် မွန်ပြည်နယ်ဝန်ကြီးချုပ်(ဟောင်း) ဦးအုန်းမြင့် ဖွင့်လှစ်ပေး၍ လုပ်ငန်းအပ်နှံခဲ့ကြောင်း သိရသည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...