မွန်ဝန်ကြီးချုပ်၏ လွှတ်တော်ခွင့်ပန်ကြားခြင်းကိစ္စ လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်

မွန်ဝန်ကြီးချုပ်၏ လွှတ်တော်ခွင့်ပန်ကြားခြင်းကိစ္စ လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်
by -
မွန်သတင်းအေဂျင်စီ
NLD အစိုးရသစ် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး(MNA)
NLD အစိုးရသစ် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး(MNA)
 အောက်တိုဘာ ၅ ရက်တွင်ကျင်းပသည့် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့ကို  မွန်ပြည်နယ်ဝန်ကြီးချုပ်က ကမ္ဘာ့ဆရာများနေ့သို့ တက်ရောက်ရန်အတွက်ဆိုကာ ခွင့်တိုင်ကြားခဲ့ပြီး အဆိုပါ အခမ်းအနားသို့ ဝန်ကြီးချုပ် တက်ရောက်ခဲ့ခြင်း မရှိသည့်အတွက် လွှတ်တော်ကိုယ်စားလှယ် ၂ ဦးမှ ကန့်ကွက်ခဲ့သည်။

မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့တွင် မွန်ပြည်နယ်ဝန်ကြီးချုပ်က ‘ကမ္ဘာ့ဆရာ များနေ့’ သို့ သွားရောက်ရန် ခွင့်ပန်ကြားထားသည့်အပေါ် အကြောင်းအရာကွဲလွဲနေသည့်ကိစ္စအား ယနေ့ ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် မှတ်တမ်းတင်ထားကြောင်း သိရသည်။

မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိ က “သူဒီလို ခွင့်တိုင်ကြားခြင်း ကွဲလွဲတဲ့အပေါ်မှ သူ့ရဲဂုဏ်သိက္ခာ လဲ ကျဆင်းစေတယ်။ ပြီးတော့ ဥပဒေပြုရေးအာဏာကိုလည်း သူမလေးစားရာရောက်တယ်။ သူ့အနေနဲ့ ဒါကို ပြင်သင့်တယ်။ အကြောင်းပြချက်ကို မှန်မှန်ကန်ကန် ခိုင်ခိုင်လုံလုံအကြောင်းပြသင့်တယ်” ဟု ဆိုသည်။

လွှတ်တော်တက်ရောက်ရန် ပျက်ကွက်ပါက ဥပဒေအကြောင်းအရ အရေးယူခွင့်မရှိသော်လည်း ပြည်သူမှ ရွေးကောက်တင်မြှောက်ပြီး လွှတ်တော်ကိုယ်စားလှယ်မှတဆင့် ဝန်ကြီးချုပ်ဖြစ်လာသည့်အတွက် မိမိ၏ မဲဆန္ဒ နယ်အတွက် လွှတ်တော်တက်ရောက်ရန်တာဝန်နှင့် မဏ္ဍိုင် ၃ ရပ်ကို အပြန်အလှန်လေးစား ရန်လိုအပ်ကြောင်း မွန်လွှတ်တော်ဥက္ကဋ္ဌက ဆက်ပြောသည်။

ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ဦးထွန်းမင်းအောင်က “မွန်ပြည်နယ် အုပ်ချုပ်ရေးပိုင်မှာဆိုရင် တာဝန်အရှိ ဆုံးပုဂ္ဂိုလ်ဖြစ်တယ်။ ပြီးတော့ မွန်ပြည်နယ်မှာပဲရှိနေတယ်ဆိုတာကို ပြည်သူတွေက ဖုန်းလဲဆက်လာတယ်။ လွှတ်တော် တက်ရမယ့်တာဝန် သူ့မှာအပြည့်ရှိတယ်။ ခွင့်ပန်ကြားထားနဲ့အကြောင်းအရာနဲ့ မြေပြင်အနေထား ကလည်း လွဲနေတယ်ဆိုတော့ ပြည်သူတွေရဲ့ကိုယ်စား ကန့်ကွက်ရတာပါ” ဟု ဆိုသည်။

မွန်ပြည်သူ ၂ သန်းကျော်တို့ရဲ့ ရေးရာကိစ္စများကို သည်ပြည်နယ်လွှတ်တော်တွင် ဆွေးနွေးနေသည့်အတွက် တချို့ ကိစ္စရပ်များတွင်် ဝန်ကြီးချုပ်ဖြေကြားရန်အတွက်တာဝန်ရှိနေသောကြောင့် ယခုလို လွှတ်တော်စည်းဝေး မတက်ရောက် သည့်အတွက် စိတ်ပျက်မိကြောင်း ဦးထွန်းမင်းအောင် က ဆက်ပြောသည်။

ဝန်ကြီးချုပ်ဦးမင်းမင်းဦးသည် လွှတ်တော် ဒုတိယနေ့တွင် သံဖြူဇရပ်-ရေး လမ်းပိုင်အားစီစစ်ရန်အတွက် ခွင့်ပန်ကြားထားရှိပြီး အောက်တိုဘာ ၆/၇ ရက်နေ့တွင်လည်း ရန်ကုန်မြို့၌ ကျင်းပသည့် ‘နယ်စပ်ကုန် သွယ်မှု ဖြစ် ပေါ်လာရေး’ ဆွေးနွေးပွဲသို့ တက်ရောက်ရန်ရှိသဖြင့် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး ကျန်ရှိသည့်ရက်များတွင်လည်း ခွင့်တိုင်ကြားထားသည်ဟု မွန်ပြည်နယ်လွှတ်တော် လွှတ်တော်စီစစ်ရေး ကော်မတီမှ သိရသည်။

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးကို အောက်တိုဘာလ ၃ ရက်နေ့မှ စ တင်ပြု လုပ်ရာ အောက်တိုဘာလ ရ ရက်နေ့ထိပြုလုပ်ရန်ရှိသည်ဟု မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ သိရသည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...