KNPP ဥက္ကဌက ကရင်နီလူမျိုးတို့ကို “အမျိုးသားစိတ်ဓါတ်ခိုင်မာရန်” တိုက်တွန်း

KNPP ဥက္ကဌက ကရင်နီလူမျိုးတို့ကို “အမျိုးသားစိတ်ဓါတ်ခိုင်မာရန်” တိုက်တွန်း

တော်လှန်ရေးကာလ မပြီးဆုံးသေးတာကြောင့် အမျိုးသားစိတ်ဓါတ် ခိုင်ခိုင်မာမာ ရှိကြဖို့လိုကြောင်း ဇွန်လ ၂၁ ရက်နေ့ကကျရောက်သည့် ၁၄၃ နှစ်မြောက် ကရင်နီအမျိုးသားနေ့ အခမ်းအနားတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဥက္ကဌ အေဘယ်တွိ မှ ပြောဆိုလိုက်သည်။

ထိုင်း- မြန်မာနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် ၁ တွင် ကျင်းပပြုလုပ်သော အခမ်းအနားတွင် ဥက္ကဌ အေဘယ်တွိ က အထူးသဖြင့် ကနေ့ အချိန် အခါက ကျနော်တို့မှာဆိုလို့ရှိရင် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲလည်း အလုပ်မဖြစ်သေးပါဘူး၊ ကျနော်တို့ဟာ တော်လှန်ရေး ကာလ၊ နိုင်ငံရေး တိုက်ပွဲဝင်ပဲဖြစ်တယ်ဆိုတော့ ကျနော်တို့ ရည်မှန်းချက် ပန်းတိုင် ရောက်ရှိနိုင်ရေးဆိုတာ ကျနော့်အနေနဲ့ အထူးအထွေပြောချင်တာက အမျိုးသား စိတ်ဓါတ် ခိုင်ခိုင်မာမာ ရှိကြပါလို့ ကျနော် ဒီကိစ္စကို ပြောချင်ပါတယ်။” ဟု ပြောခဲ့သည်။

တိုင်းပြည်တစ်ပြည်တွင် အမျိုးသားတစ်ရပ် ရှိဖို့လိုအပ်ပြီး အမျိုးသားဓိတ်ဓါတ်သည်လည်း အင်မတန် အရေး ကြီးကြောင်း နှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေနှင့် နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများကြောင့် ကရင်နီလူမျိုးစုများသည် ပြည်နယ်အတွင်း လွတ်လပ်စွာ နေထိုင်နိုင်ခြင်း မရှိပဲ နယ်စပ်ဒေသ နှင့် တတိယနိုင်ငံများတွင် အခြေချ နေထိုင်နေရသည့်အပေါ် စိတ်မကောင်းဖြစ်မိကြောင်း KNPP ဥက္ကဌ အေဘယ်တွိ မှ သူ၏မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုခဲ့သည်။

တဆက်တည်းမှာပင် ကရင်နီလူမျိုးတို့သည် ယခင်အသိအမှတ်ပြုပေးခဲ့သည့်အတိုင်း သီးခြားလွတ်လွတ်ရေး ရရှိလိုကြောင်းနှင့် အရေးကြီးသည့် သမိုင်းဝင် နေ့တစ်နေ့ ဖြစ်ပြီး အမျိုးသားနေ့တစ်ရပ်အဖြစ် အခိုင်အမာ မှတ်ယူကြဖို့လိုကြောင်း ဆက်လက် ပြောဆိုသည်။

သီးခြား လွတ်လပ်ရေးကို သမိုင်းဝင် အခိုင်အမာ ဖြစ်စေရေးအတွက် ဖြစ်စေတာက လွန်ခဲ့တဲ့ ၁၈၇၅ ခု ဇွန်လ ၂၁ ရက်နေ့ ဒီကနေ့လို့ ဆိုတော့ အဲ့ဒီနေ့မှာက ဗြိတိသျှ ဘုရင်ခံချူပ် ဖော်လ်စီဒါကလပ်ရယ်၊ ဟိုတုန်းက ဗမာ ဘုရင် မင်းတုန်းမင်း ရဲ့ နိုင်ငံခြားရေးဌာနက ကင်းဝန်မင်းကြီး တို့က ဒီကနေ့ဟာ ကရင်နီ၊  အနောက် ကရင်နီ ပြောရမှာ အရှေ့ ကရင်နီတော့ မပြောဘူး။ Western (အနောက်ပိုင်း) ကရင်နီပဲ၊ သီးခြားလွတ်လပ် တယ်ဆိုတာ သူတို့ နှစ်ဖွဲ့ အသိအမှတ်ပြုရက်နေ့ဖြစ်တယ်။ ဆိုတော့ ဒီနေ့ဟာ အင်မတန် အရေးကြီးတယ် ကျနော်တို့ ကရင်နီရဲ့ သီးခြားလွတ်လပ်ရေးကို အခိုင်အမာ သူတို့နှစ်ဦးနှစ်ဖက် လက်မှတ်ထိုးတဲ့ အတွက် ကြောင့် ဒါဟာ ကျနော်တို့ရဲ့ သမိုင်းဝင်ကျနော်တို့ သီးခြားလွတ်လပ် ဖြစ်သလို ကျနော်တို့ရဲ့ အမျိုးသားနေ့ တစ်ရပ် ဖြစ်တယ်ဆိုတာ ကျနော်တို့ အခိုင်အမာ မှတ်ယူဖို့အရေးကြီးပါတယ်။

ကရင်နီ မျိုးနွယ်စုများ အနေဖြင့် စည်းလုံးညီညွတ်မှုကို အခက်အခဲတွေကြားမှ ရဲရဲရင်ဆိုင်ကြဖို့ လိုအပ်ကြောင်းနှင့် တော်လှန်ရေးအမြန်ဆုံး အဆုံးသတ်နိုင်ရေးအတွက် အမျိုးသားရေးစိတ်ဓါတ်ကို ခိုင်ခိုင်မာမာ ဖြစ်ဖို့လိုအပ်ပြီး ရည်မှန်းချက်ပန်းတိုင်ရောက်အောင် အမျိုးသားတစ်ရပ်လုံးတွင် တာဝန်ရှိကြောင်း ဥက္ကဌ အေဘယ်တွိ မှ ပြောဆိုခဲ့သည်။

ကျနော်တို့က ကနေ့ဟာ တော်လှန်ရေးတော့ မပြီးဆုံးသေးဘူး တော်လှန်ရေး မြန်မြန်ပြီးဆုံးနိုင်ရေးအတွက် အမျိုးသားစိတ်ဓါတ်ကို ခိုင်ခိုင်မာမာ ဖြစ်ပြီးတော့ အားလုံး မိမိရဲ့သမိုင်းပေးတာဝန်ကို ကျနော်တို့ တိုင်းပြည်မရမချင်း ပြန်မရောက်မချင်း ကျနော်တို့ ဆက်လက်ပြီးတော့ စည်းစည်းလုံးလုံး တိုက်ပွဲဝင်ကြပါလို့။

ယမန်နေ့ကကျရောက်သည့် ၁၄၃ နှစ်မြောက် ကရင်နီအမျိုးသားနေ့ အခမ်းအနားကို ထိုင်း-မြန်မာ နယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် ၁ အားကစားကွင်းတွင် ကျင်းပခဲ့ရာတွင် ပရိတ်သတ် ၃၀၀၀ ကျော် တက်ရောက်ခဲ့ကြပြီး အလားတူ ကရင်နီဒုက္ခသည်စခန်း အမှတ် ၂ တွင်လည်း ကျင်းပခဲ့ကြောင်း သိရှိရသည်။

February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...
February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...