ကရင်နီပြည်နယ်အမျိုးသမီးများ၏အသံ ညီလာခံကျင်းပ

ကရင်နီပြည်နယ်အမျိုးသမီးများ၏အသံ ညီလာခံကျင်းပ
by -
ကန္တရဝတီတိုင်း(မ်)
အမျိုးသမီးအခွင့်အရေးကိုု ထိခိုုက်နစ်နာစေသည့် ဓလေ့ထုံုးစံများအား ခေတ်နှင့်အညီပြုပြင်ရန်၊ အမျိုးသမီးများအား မှီခိုုဟုု သတ်မှတ်ခြင်းကို ပယ်ဖျက်ပေးရန် အစရှိသော အချက်များပါဝင်သည့် ထုတ်ပြန်ကြေညာစာတမ်းဖြင့် ကရင်နီပြည်နယ် အမျိုးသမီးများ၏ ညီလာခံအား စက်တင်ဘာလ ၁၉ ရက်မှ ၂၁ ရက်နေ့အထိ ၃ ရက်တာကျင်းပခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်၌ အမျိုးသမီးများ ပူးပေါင်းပါဝင်ခွင့်အား မြှင့်တင်ပေးရန်လိုအပ်ပြီး အမျိုးသမီးအများစု မိမိတို့၏ ဘဝလုံခြံုမှှုများနှင့် ပတ်သက်၍ အသံများထွက်လာရန် လမ်းကြောင်းများ ဖွင့်ပေးခြင်းများ လုပ်ဆောင်ရန် အများကြီးလိုအပ်လျှက်ရှိကြောင်း ကရင်နီအမျိုးသမီးအစည်းအရုံး KNOW အထွေထွေအတွင်းရေးမှူး ဒေါ်မီးမီးက ပြောသည်။

“ရိုးရာဓလေ့အရ ခွဲခြားဖိနှိပ်ထားတာ ရှိနေတယ်။ အမျိုးသမီးဆိုရင် ဘယ်လိုပဲ နေထိုင်သင့်တယ် အမျိုးသားဆိုရင် ဘယ်လိုနေသင့်လဲ အဲ့လိုခွဲခြားထားတဲ့ ပုံစံခွက်ထဲကို သွတ်သွင်းထားတဲ့ဟာတွေက အခု အမတို့ ပြည်နယ်မှာက အများကြီးရှိနေသေးတဲ့အတွက် သူတို့အနေနဲ့ သိရှိမှု နှိမ့်နေသေးတယ်။ “ဟု ဒေါ်မီးမီးက ပြောသည်။
 ရပ်ရွာများ၏အရေးအရာများတွင် အမျိိုးသမီးများပါဝင်မှုနှင့် အရေးကြီးကိစ္စရပ်များအပေါ် ဆုံးဖြတ်ချက်ချခွင့်များ ရရှိရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အမျိုးသားများမှ ပူးပေါင်းပါဝင်ရန် လိုနေကြောင်း ၎င်းကပြောသည်။

ကယန်းအမျိုးသမီးအစည်းအရုံး (KyWO)မှ ပြုလုပ်သည့် ကရင်နီအမျိုးသမီးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် အစီရင်ခံစာ၌လည်း ၅၄ ရာခိုင်နှုန်းခန့်သော အမျိုးသမီးများသည် ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ပါဝင်ရန် ဆန္ဒပြင်းပြကြပြီး ၆၃ ရာခိုင်နှုန်းကျော်က ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ပါက အကျိုးရှိမည်ဟု မျှော်လင့်ထားသော်လည်း ၈၀ဒသမ၅ ရာခိုင်နှုန်းသော အမျိိုးသမီးများမှ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ရန် တိုက်ရိုက်အဟန့်အတား(အခက်အခဲများ) ကြံုတွေ့နေရကြောင်း ဖြေဆိုထားသည်။

“ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အမျိုးသမီးတွေ ပါဝင်ပတ်သက်လာဖို့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဘယ်လောက်အထိ အထောက်အကူပြုပေးနိုင်သလဲ။ အမျိုးသမီးတွေပါဝင်ဖို့ ဘယ်လောက်အရေးကြီးသလဲဆိုတာနဲ့ ပတ်သက်ပြီး များများအသိအမြင်ဖွင့်ပေးဖို့နဲ့ စည်းရုံးလှုံ့ဆော်ပေးဖို့ လိုအပ်တယ်။” ကယန်းအမျိုးသမီးအစည်းအရုံး တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) မူအန်းဂျလာက ပြောကြားသည်။

အမျိုးသမီးအခွင့်အရေးများကိုု ခေါင်းဆောင်များ (ဘာသာရေး၊ လူမျိုးရေး၊ အုုပ်ချုပ်ရေးမှူး) နှင့် အမျိုးသားများကိုု ပညာပေးရန်၊ အမျိုးသမီးများကိုု အသိပညာဖွင့်ပေးရန်၊ အခွင့်အရေးဖော်ဆောင်ပေးရန်အစရှိသည့် အမျိုးသမီးနှင့် လူမှုရေးအခန်းကဏ္ဍတွင် ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

ကယောတိုင်းရင်းသားများနေထိုင်သည့် ဟိုရာဒေသတွင် ပညာသင်ယူရန် အခက်အခဲများ ကြံုတွေ့နေရပြီး ကျောင်းတက်ရန်အခက်အခဲများရှိသကဲ့သို့ဆရာမ၏ စကားများကို နားလည်ရန်ခက်ခဲကြောင်း အကျိုးဆက်မှာ စာမတတ်သူများပြားနေကြာင်း ကယောမျိုးနွယ်အမျိုးသမီးကိုယ်စားလှယ် မရှားမှုပြောကြားသည်။

ကရင်နီပြည်နယ် အမျိုးသမီးများ၏ အသံ ညီလာခံအတွင်း ကရင်နီအမျိုးသမီးအစည်းအရုံုး မှ ၂၀၁၆ ခုုနှစ် သြဂုုတ်လနှင့် စက်တင်ဘာလအတွင်း (၇) မြို ့နယ်ရှိ ရွာ (၄၈) ရွာမှ အမျိုးသား (၆၃၄) ဦး အမျိုးသမီး (၁၀၉၆) ဦး စုုစုုပေါင်း (၁၇၃၀) ဦးနှင့် လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ အမျိုးသမီးများနိုုင်ငံရေး တွင်ပါ၀င်မှုအခြေအနေ၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု အခြေအနေများ၊ ရိုုးရာဓလေ့ထုံုးစံနှင့် ကျား - မ ရေးရာတန်းတူညီမျှမှုကိစ္စရပ်များ အကြောင်း ဆွေးနွေးချက်များကိုု ပြန်လည်တင်ပြဆွေးနွေးခဲ့ကြသည်။

ညီလာခံအပြီး ဆွေးနွေးချက်များအရ နိုုင်ငံရေး၊ လူမှုရေး၊ စီပွားရေ၊ လုံခြံုရေးနှင့် မြေယာနှင့်သဘာဝပတ်ဝန်းကျင် ဆိုုင်ရာမူဝါဒကိစ္စရပ်များစသည့် အချက် (၅)နှင့် ယင်းခေါင်းစဉ်အောက်ရှိ အချက်များအား ဆွေးနွေးထုတ်ပြန်ခဲ့ကြပြီး ညီလာခံ၏ ထုတ်ပြန်ကြေညာစာတမ်းမှ အမျိုးသမီးဆိုင်ရာမူဝါဒတစ်ခုအဖြစ်ရေးဆွဲပြီး ပြည်နယ်အတွင်း သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ မူဝါဒနှင့်ပတ်သက်၍ စည်းရုံးလှုံ့ဆော် သွားမည်ဖြစ်ကြောင်း သိရသည်။

January 8, 2026
စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့တွင်းမှာ ညမထွက်ရအမိန့်ကို ည ၉ နာရီကနေ...
January 8, 2026
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအခြေအနေတွေကြောင့် ကရင်နီပြည်တွင်းက အမျိုးသမီးတွေဟာ...
January 7, 2026
ရွေးကောက်ပွဲအပိုင်း (၁)ကျင်းပသွားခဲ့တဲ့ လွိုင်ကော်နဲ့ ဘောလခဲမြို့မှာ ပြည်နယ်အခြေစိုက်...
December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...