တပ်မတော် အသေရေဖျက်မှုဖြင့် ကချင်လူငယ် သပိတ်ခေါင်းဆောင် (၃)ဦး ကို တရားစွဲ

တပ်မတော် အသေရေဖျက်မှုဖြင့် ကချင်လူငယ် သပိတ်ခေါင်းဆောင် (၃)ဦး ကို တရားစွဲ

ပိတ်မိစစ်ရှောင်များ လွတ်မြောက်ရေး ကချင်လူငယ်ထု သပိတ်စခန်းကို ဦးဆောင်ခဲ့သူ(၃)ဦး အား တပ်မတော်မှ အသရေဖျက်မှု ပုဒ်မဖြင့် တရားစွဲဆိုထားကြောင်း သိရပါသည်။

တရားစွဲဆိုခံရသူ (၃)ဦးမှာ ရှေ့နေ ကို Lum Zawng၊ ဦး Zau Jat နှင့် ဒေါ် Nang Pu တို့ဖြစ်ပြီး မေလ (၁၆) ရက်နေ့ မြစ်ကြီးနားမြို့နယ် တရားရုံးတွင် ကိုယ်တိုင် သွားရောက် တရား ရင်ဆိုင်သွားရမည်ဖြစ်သည်။

“စစ်ပွဲကြား အပြစ်မဲ့ပြည်သူများ၏ အသက်ကယ်ပေးရန်နှင့် လူသားချင်း စာနာထောက်ထားမှုပေးရန် နိုင်ငံသား၏ မူလ အခြေခံအခွင့်အရေးဖြစ်သည့် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခြင်းကြောင့် မည်သူ့ကို အသရေဖျက်ပါသနည်း” ဟု တရားစွဲခံရသူ တစ်ဦး ကို Lum Zawng က ယမန်နေ့ သူ၏ လူမှု စာမျက်နှာတွင် ထုတ်ဖော် ပြောဆိုထားပါသည်။

တပ်မတော် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲကြား ပိတ်မိနေသော စစ်ရှောင်များ လွတ်မြောက်ရေး တောင်းဆိုသည့် ကချင်လူငယ်ထု သပိတ်စခန်းကို ဧပြီ (၃၀) ရက်နေ့မှ မေလ (၈)ရက်နေ့ အထိ ပြုလုပ်ပါသည်။

ထို့ကြောင့် ကာမိုင်း၊ Lai Nawng Hku စစ်ပြေးဒုက္ခသည်များကို တပ်မတော် သဘောတူညီမှုဖြင့် အစိုးရမှ ကယ်ထုတ်ပေးခဲ့ပြီဖြစ်ပါသည်။

ခွင့်ပြုချက်မရဘဲ လမ်းမပေါ် ဆန္ဒထုတ်ဖော်ရာတွင် လက်တွေ့ ဦးဆောင်သူ ကို Lum Zawng နှင့် မ Sut Seng Htoi တို့ နှစ်ဦးကို ငြိမ်းစုစီ ဥပဒေဖြင့် တရားရုံးက မေလ (၉) ရက်နေ့မှာ ငွေဒဏ် ၃ သောင်းစီဖြင့် စီရင်ချက် ချခဲ့ပြီး ဖြစ်ပါသည်။

July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...