ကချင်ပေါင်းစည်း ပါတီသစ်ကို KSPP ဟု နာမည် ပေး

ကချင်ပေါင်းစည်း ပါတီသစ်ကို KSPP ဟု နာမည် ပေး

ကချင်ပါတီပေါင်းစည်းရေးတွင် မူလ (၄) ပါတီ ပါဝင်သော်လည်း (၃) ပါတီ ဖြင့်သာ Kachin State People’s Party (KSPP) အဖြစ် မေ (၁၄) နေ့တွင် သဘောတူ လက်မှတ်ထိုး အတည်ပြုခဲ့သည်။

ကချင်ဒီမိုကရက်တစ်ပါတီ (KDP)၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP) နှင့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (UDPKS) မနောတိုင်ပါတီ ခေါင်းဆောင်များ မြစ်ကြီးနား မနောကွင်းတွင် တွေ့ဆုံ ဆွေးနွေးပြီး ပါတီအသစ်နာမည် နှင့် တံဆိပ်ကို အတည်ပြုခဲ့ကြောင်း KSDP ပါတီ ဥက္ကဌ ဒေါက်တာ တူးဂျာက ပြောပါသည်။

“လူထုက မွေးဖွားလာတဲ့ ပါတီဖြစ်တဲ့အတွက် ကချင်လူထု ပါတီ နာမည်ကို ကန့်ကွက်တူ မရှိ အားလုံး သဘောတူ ပြီး “Kachin State People’s Party” ကို ရွေးခြင်း ဖြစ်တယ်။”

ပါတီတံဆိပ် နှင့် အလံ ကို ‘အနီအစိမ်းပေါ်တွင် မိုးပြာရောင် သုံးနာရီ တြိဂံ’ ဖြင့် သဘောတူထားသည်ဟု သိရသည်။

ကချင်အမျိုးသားကွန်ကရက်ပါတီ (KNC) ပါတီသည် ပါတီပေါင်းစည်းရေးတွင် KNC နာမည် နှင့် အလံကိုသာ ဆက်လက်သုံးစွဲသွားရန် လက်စွဲထားသည့်အတွက် ပေါင်းစည်းရေးတွင် မပါဝင်နိုင်ခြင်း ဖြစ်သည်ဟု သိရပါသည်။

သို့သော်လည်း KNC ပါတီ အဖွဲ့ဝင်များ အနေဖြင့် KSPP ပါတီ တွင် လူထုအကျိုးပြုရန် ပါဝင်သွားမည်ဟု သိရပါသည်။

ကချင်ပါတီပေါင်းစည်းရေး ပထမအဆင့်အဖြစ် ယခုနှစ် ဇန်နဝါရီ (၁၃)ရက်နေ့တွင် KDP၊ KSDP နှင့် KNC ပါတီ တို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး ဧပြီ (၁၀) ရက် တွင် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (UDPKS) ထပ်မံ ပါဝင်လာခဲ့သည်။

ကနဦး ပေါင်းစည်းခဲ့သည့် (၃)ပါတီ က ကချင်ပါတီသစ် အမည်ကို Kachin National Congress Party (KNCP) အဖြစ် ယာယီ သဘောတူထားကြောင်း ဖေဖော်ဝါရီ (၂၀)ရက်နေ့ မနောကွင်းတွင် သတင်းစာ ရှင်းလင်းခဲ့သည်။

ကချင်တစ်မျိုးသားလုံးကို ကိုယ်စားပြုမည့် ပါတီ ဖြစ်လာရေးအတွက် လူထုညီလာခံဖြင့်သာ ပါတီသစ်၏ ‘နာမည် နှင့် အလံ’ တို့ကို ရွေးချယ်ရန် သဘောတူညီချက်အရ ၄င်းကိစ္စကို ဖော်ဆောင်ရန် (၁၇)ဦး ကော်မတီကို ဧပြီ (၁၀) ရက်နေ့ မနောကွင်းတွင် ပြုလုပ်သော ကချင် ပါတီနှင့် လူထုညီလာခံက ဖွဲ့စည်းခဲ့ပါသည်။

သို့သော်လည်း ထို (၁၇) ဦး ကော်မတီက ပါတီများကိုသာ နာမည် နှင့် အလံ ရွေးချယ်ရန် ပြန်လည် အပ်လာသည့်အတွက် (၃)ပါတီဖြင့် သဘောတူခဲ့ခြင်း ဖြစ်သည်ဟု သိရပါသည်။

July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...