မိုင်းနား ကတ်သလစ် စစ်ရှောင်စခန်းကို ဒုက္ခသည် အသစ် ထပ်တိုးလာ

မိုင်းနား ကတ်သလစ် စစ်ရှောင်စခန်းကို ဒုက္ခသည် အသစ် ထပ်တိုးလာ

အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲကြောင့် ဝိုင်းမော်မြို့နယ် မိုင်းနားစစ်ရှောင်စခန်း တွင် အင်ဂျန်ယန် မြို့နယ် နှင့် အခြားနေရာဒေသများမှ စစ်ရှောင်ပြည်သူများ ထပ်မံတိုးလာကြောင်းသိရသည်။

ဧပြီ ၂၇ ရက်နေ့ မိုင်းနား ကတ်သလစ်စစ်ရှောင် စခန်းကို စစ်ရှောင်များထပ်တိုးလာပြီး ကြိုတင်ပြင်ဆင်မူမရှိထားသည့် နေရာအဆောက်အဦး၊ အစားအသောက်၊ ငွေကြေး အပြင် ရေ၊ အိမ်သာ စသည်တို့တွင် အခက်ခဲရှိနေသည်ဟု စခန်း တာဝန်ခံ ဦးဂွန်ဆိုင်း ထံ မှ သိ ရသည်။

“မထင်မှတ်ဘဲ စစ်ရှောင်တွေထပ်တိုးလာတယ်၊ အခုချိန်ထိထောက်ပံ့မူတွေမရှိသေးဘူ၊ ဘယ်အဖွဲ ့အစည်းဘက်ကမှ ရောက်မလာသေးဘူး။ အဓိကတော့ သူတို့ရဲ့ စားဝတ််နေရေးအခက်အခဲ၊ ကျောင်းတက်တ ကလေးတွေရဲ့ ကျောင်းသုံး ကိရိယာတွေ၊ နေအိမ်၊ ရေ၊ အိမ်သာ စတာတွေ လိုအပ်နေတယ်” ဟု သူက ပြောပါသည်။ 

ဧပြီ လကုန်ပိုင်း မိုင်းနား ကတ်သလစ်စစ်ရှောင်စခန်းကို ထွက်ပြေးလာသော ဒုက္ခသည် ပြည်သူ အိမ်ထောင်စု ၃၆ စု ဖြစ်ပြီး လူဦးရေ အားဖြင့် ၁၈၈ ဦးဖြစ်သည်ဟုသိရ သည်။

မိုင်းနား ကတ်သလစ် စစ်ရှောင်စခန်းတွင်သာမက KBC စစ်ရှောင်စခန်းတွင်လည်း စစ်ပြေးပြည်သူ အသစ်များ ထပ်တိုးလာသည်ဟု သိရပါသည်။ 

အသက်လု ထွက်ပြေးလာခဲ့ရသည့်အတွက် ၄င်းတို့၏ ပိုင်ဆိုင်မှုအားလုံး စွန့်ပစ်ထားခဲ့ရပြီး အဝတ်တစ်ထည် ကိုယ်တစ်ခုတည်းဖြင့် ထွက်ပြေးလာခဲ့ရသည် ဟု စစ်ရှောင် ဦး နာပါ က ရင်ဖွင့် ပြောဆိုပါသည်။

“စစ်ကြောင်းတွေ ထိုးလာတယ်၊ သေနတ်သံတွေ အနားမှာဘဲ ကြားနေရတယ်၊ ဒါကြောင့် ကိုယ့်အသက်ကို လွတ်အောင် ထွက်ပြေးခဲ့ရတယ်။ အခုဆိုရင်ဘာမှ မရှိတော့ဘူး။ အသက်လည်းကြီးပြီ ဟု” ပြောပါသည်။

တိုက်ပွဲ ဖြစ်ပွားရာတွင် ပါဝင်နေသော တပ်ဖွဲ့များအနေဖြင့် ပြည်သူလူထုကို ဒုက္ခပေးခြင်း၊ ပိတ်ပြင်တားမြစ်ခြင်း စသည့် လုပ်ရပ်များကို ရပ်တန့်စေလိုကြောင်း စစ်ပြေး ပြည်သူ တစ်ဦးက လည်း ပြောဆိုပါသည်။ 

၂၀၁၁ ကချင်ဒေသ တစ်ကျော့ပြန် တိုက်ပွဲကြောင့် ထွက်ပေါ်လာသော စစ်ပြေးဒုက္ခသည်များအနက် လက်ရှိ မိုင်းနား စစ်ပြေးဒုက္ခသည်စခန်း ၂ ခုတွင် ဒုက္ခသည် ထောင်ချီ ခိုလှုံနေကြခြင်း ဖြစ်ပါသည်။

July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...