ဟူးကောင်း ယုဇနကုမ္ပဏီ ဘိန်းခြံများကို ဒေသခံများဖျက်ဆီး

ဟူးကောင်း ယုဇနကုမ္ပဏီ ဘိန်းခြံများကို ဒေသခံများဖျက်ဆီး

ကချင်ပြည်နယ် ဟူးကောင်း ချိုင့်ဝှမ်း ယုဇနကုမ္ပဏီ ခြံဝင်းအတွင်း ဘိန်းခြံ (၈) ဧကခန့် ကို ဒေသခံ Pat Jasan (ပတ်ဂျဆန်) ခေါ် လူထုမူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့မှ ဖျက်ဆီးခဲ့သည်။

မတ်လ (၅) ရက်နေ့တွင် လီဒိုလမ်း ကောင်ရာတပ်မတော်စခန်းကို အကြောင်းကြားပြီး ဒေသခံပြည်သူ ၁၈ ယောက်ပါဝင်သော လူအင်အားဖြင့် ယုဇနကုမ္ပဏီ သိမ်းဆည်းထားသောမြေ ပီလောပီနံ စိုက်ခင်းကြား စိုက်ပျိုးထားသော ဘိန်းခင်းများကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည် ဟု သွားရောက်ဖျက်ဆီးသူများ ပြောပါသည်။

ဘိန်းခင်း ဖျက်ဆီးသူများ၏ လုံခြုံရေးကြောင့် ၁ ရက်သာ လုပ်နိုင်ပြီး ရပ်နားထားရသည်ဟု ပြောပါသည်။

အဆိုပါ ယုဇနကုမ္ပဏီဝင်း အတွင်း ဘိန်းခင်းဧက များစွာ ရှိနေသေးကြောင်းလည်း သိရပါသည်။

မြန်မာစစ်တပ် ကျောထောက်နောက်ခံ ရန်ကန် အခြေစိုက် ဦးဌေးမြင့် ပိုင် ယုဇန ကုမ္ပဏီ သည် ၂၀၀၆ ခုနှစ် ဟူးကောင်းချိုင့်ဝှမ်း သို့ဝင်လာပြီး ဒေသခံများ၏ လယ်ယာမြေများ အပါအဝင် မြေ ဧကပေါင်း (၄) သိန်း ကျော်ထိ သိမ်းပိုက်ထားကြောင်း Kachin Development Networking Group, KDNG က ဆိုပါသည်။

မိမိ သိမ်းပိုက်ထားသည့် ခြံဝင်းအတွင်း ယခုလို ဘိန်းခင်းများ ရှိလာခြင်း၌ ယုဇန ကုမ္ပဏီ ဘယ်လို ပါဝင် ပတ်သက်မှု ရှိ မရှိကို မသိရသေးပါ။

January 17, 2026
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့...
January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...