ဟူးကောင်း ယုဇနကုမ္ပဏီ ဘိန်းခြံများကို ဒေသခံများဖျက်ဆီး

ဟူးကောင်း ယုဇနကုမ္ပဏီ ဘိန်းခြံများကို ဒေသခံများဖျက်ဆီး

ကချင်ပြည်နယ် ဟူးကောင်း ချိုင့်ဝှမ်း ယုဇနကုမ္ပဏီ ခြံဝင်းအတွင်း ဘိန်းခြံ (၈) ဧကခန့် ကို ဒေသခံ Pat Jasan (ပတ်ဂျဆန်) ခေါ် လူထုမူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့မှ ဖျက်ဆီးခဲ့သည်။

မတ်လ (၅) ရက်နေ့တွင် လီဒိုလမ်း ကောင်ရာတပ်မတော်စခန်းကို အကြောင်းကြားပြီး ဒေသခံပြည်သူ ၁၈ ယောက်ပါဝင်သော လူအင်အားဖြင့် ယုဇနကုမ္ပဏီ သိမ်းဆည်းထားသောမြေ ပီလောပီနံ စိုက်ခင်းကြား စိုက်ပျိုးထားသော ဘိန်းခင်းများကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည် ဟု သွားရောက်ဖျက်ဆီးသူများ ပြောပါသည်။

ဘိန်းခင်း ဖျက်ဆီးသူများ၏ လုံခြုံရေးကြောင့် ၁ ရက်သာ လုပ်နိုင်ပြီး ရပ်နားထားရသည်ဟု ပြောပါသည်။

အဆိုပါ ယုဇနကုမ္ပဏီဝင်း အတွင်း ဘိန်းခင်းဧက များစွာ ရှိနေသေးကြောင်းလည်း သိရပါသည်။

မြန်မာစစ်တပ် ကျောထောက်နောက်ခံ ရန်ကန် အခြေစိုက် ဦးဌေးမြင့် ပိုင် ယုဇန ကုမ္ပဏီ သည် ၂၀၀၆ ခုနှစ် ဟူးကောင်းချိုင့်ဝှမ်း သို့ဝင်လာပြီး ဒေသခံများ၏ လယ်ယာမြေများ အပါအဝင် မြေ ဧကပေါင်း (၄) သိန်း ကျော်ထိ သိမ်းပိုက်ထားကြောင်း Kachin Development Networking Group, KDNG က ဆိုပါသည်။

မိမိ သိမ်းပိုက်ထားသည့် ခြံဝင်းအတွင်း ယခုလို ဘိန်းခင်းများ ရှိလာခြင်း၌ ယုဇန ကုမ္ပဏီ ဘယ်လို ပါဝင် ပတ်သက်မှု ရှိ မရှိကို မသိရသေးပါ။

July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...