မြစ်ဆုံုရေကာတာ စီမံကိန်း နုုိင်ငံတော် အချုပ်အခြာထိခိုုက်နုုိင်ဟုုဆို

မြစ်ဆုံုရေကာတာ စီမံကိန်း နုုိင်ငံတော် အချုပ်အခြာထိခိုုက်နုုိင်ဟုုဆို
by -
သတင်းနှင့် မီဒီယာ ကွန်ရက်
ဧရာဝတီ မြစ်ဆုံု ရေကာတာစီမံကိန်းကိုု တည်ဆောက်မည်ဆိုုလျှင် နိုုင်ငံတော်အချုပ်အခြာကိုု ထိခိုုက်လာနိုုင်သည်ဟုု ကချင်ပြည်နယ်ရှိ ဧရာဝတီသွေးချင်းကွန်ယက် က သတိပေးပြောဆိုလိုက်သည်။

စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဧရာဝတီမြစ်ဆုံမြစ်ညာမြစ်ဝှမ်း၊ ရေအားလျှပ်စစ်စီမံကိန်းများ လေ့ လာစီစစ်သုံးသပ်ရေး ကော်မရှင်နှင့် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများ၊ အရပ်ဘက် အဖွဲ့ အစည်းများနှင့်နိင်ငံရေးပါတီများ မြစ်ကြီးနားမြို့ရှိ မြို့တော်ခန်းမတွင် တွေ့ဆုံုရာတွင် အထက်ပါအတိုင်း တင်ပြ ပြောဆိုုခဲ့ သည်။

“ရေကာတာသာဖြစ်ရင် တရုုတ်စစ်တပ်လာစောင့်ရမှာ စောင့်ကြည့်တော့မှာ တရုုတ်တွေ သိန်းနှင့် ချီ ၀င်လာမှာ ကျနော်တိုု့ အချုပ်အခြာတည်မြဲရေးလိုု့ပြောတယ်။ အချုပ်အခြာ အပိုုင်းအစ အဲမှာထိ ခိုုက်လာမယ် ကျနော်တိုု့အသိ အဲဒါကိုုမြင်တာ အဲတော့ တစ်စိတ်တစ်ဒေသကိုု တရုုတ်ကိုု ထိုုးအပ် လိုုက်သလိုုပဲ ကျနော်က အဲလိုုမြင်တယ်။ ကြည့်လေ ကျနော်တိုု့မြစ်ကြီးဟာ ပါသွားပြီလေ ဆိုု တော့ ဘယ်လောက် စိတ်နာစရာကောင်းလဲ။” ဟုု လူထုုတွေ့ဆုံုပွဲသိုု့ တက်ရောက်လာသည့် ဧရာ ဝတီ သွေးချင်းကွန်ယက်အဖွဲ့ မှ ဒေသခံ ကိုုယ်စားလှယ်တစ်ဦး မှ ပြောသည်။

နိုုင်ငံတော်ကိုုဦးစီးဦးဆောင်သူများ၊ နိုုင်ငံတော်၏ အချုပ်အခြာကိုု တည်မြဲချင်သည်ဟုု ဆိုုသူ များအနေဖြင့် ၄င်းအချက်ကိုုလည်း ထည့်သွင်းတွေးတောစဉ်းစားသင့်သည်ဟုု မြင်မိကြောင်း အဆိုုပါ ကိုုယ်စားလှယ် မှ  ဆက်ပြောသည်။

ဧရာဝတီမြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေးကော်မရှင် အနေဖြင့် မြစ်ဆုံုရေအားလျှပ်စစ်စီမံကိန်းများကြောင့် ဧရာဝတီမြစ်နှင့်ဆက်စပ်နေသော သဘာဝ ပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင်နှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုစသည့် ဘက်ပေါင်းစုံမှ ဖြစ်ပေါ်နိုင်သည့် အကျိုးသက်ရောက်မှုများကို လေ့လာသုံးသပ်ပြီး အစီရင်ခံစာတင် သွားမှာဖြစ်သည်ဟုု ကော်မရှင် အတွင်းရေးမှူး ဒေါက်တာဝင်းသိမ်းမှ ပြောသည်။

“မိမိတိုု့ကော်မရှင်ဟာ ဒီစီမံကိန်းများ ဆောင်ရွက်ခြင်းကြောင့် လူမှုပတ်ဝန်းကျင်နှင့် ဂေဟစနစ် အပါအဝင် သဘာဝပတ်ဝန်းကျင်အပေါ် ကောင်းကျိုးဆိုုးကျိုး သက်ရောက်မှုများ စီမံကိန်းများ ဆောင်ရွက်ခြင်းကြောင့် ဧရာဝတီမြစ် ရေရှည်တည်တံ့နိုုင်မှုအပေါ် အကျိုးသက်ရောက်နိုုင်မှု အခြေ အနေ ဧရာဝတီမြစ်ရဲ့  ရေသံယံဇာတများ ပျက်ဆီးဆုံုးရှုံးနိုုင်မှု အခြေအနေများ စီမံကိန်းများ ဆက် လက် ဆောင်ရွက်ရန် သင့်မသင့်နှင့် နိုုင်ငံခြား ရင်းနှီးမြုပ်နှံမှုအပေါ် အကျိုးသက်ရောက်နိုုင်မှု အခြေအနေ မြန်မာနိုုင်ငံ၏ ပြည်ပ ရင်းနှီးမြုပ်နှံမှုကြောင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းရေး ညှိနှိုင်း ဆောင်ရွက် နိုုင်မည့် နည်းလမ်းများ ဒေသခံပြည်သူများနှင့် လူမှုအဖွဲ့အစည်းများ၏ ခံစားချက်များ နှင့် သဘောထားအမြင်များ စသည်တိုု့ကိုု ထည့်သွင်းစဉ်းစားမည့် လေ့လာစီစစ် သုုံးသပ်မည့် ပထ မ အစီရင်ခံ စာကိုု နိုုင်ငံတော် သမ္မတထံသိုု့ ၂၀၁၆ ခုုနှစ် နိုုဝင်ဘာလ ၁၁ ရက်နေ့မှ အစီရင်ခံ တင်ပြသွားရမည် ဖြစ်ပါသည်။” ဟုု ဒေါက်တာ ၀င်းသိမ်း မှပြောသည်။

ကော်မရှင်အနေဖြင့် ပထမအစီရင်ခံစာ မတင်သွင်းမီ လိုုအပ်လာပါက  နိုင်ငံတော်သမ္မတထံ ကြားဖြတ် အစီရင်ခံစာ တင်ပြနိုင်ရန်လည်း စီစဉ်ဆောင်ရွက်သွားမည်ဟုု ကော်မရှင်က ဆိုုသည်။

ထိုု့အပြင် မေခနှင့်မလိခမြစ်ရှိ ရေကာတာ ၆ ခုု နှင့် မြစ်ဆုံုပေါ်မှာ တည်ဆောက်မည့် ရေကာတာ ၁ ခုု စုုစုုပေါင်း ရေကာတာ ရ ခုု ကိုု လုံုးဝကန့်ကွက်ကြောင်း တွေ့ဆုံုပွဲသိုု့ တက်ရောက်လာသူများ မှ ပြောသည်။

ကချင်ပြည်သူများ၏ အခက်အခဲများကိုု အမှန်တကယ် ဖြေရှင်းပေးနိုုင်မည်ဟုု ယုံုကြည်ကြောင်း တွေ့ဆုံုပွဲသိုု့ တက်ရောက်လာသည့် တိုုင်းရင်းသားစည်းလုံုးညီညွှတ်ရေးပါတီမှ ဗဟိုုကော်မတီဝင် ဦးချစ်လှိုင် မှ ယခုုလိုုပြောသည်။

“အထူးသဖြင့် ကချင်ပြည်နယ် လူထုုကြီးဟာ နေ့တိုုင်းရင်ထဲမှာ ပူနေရပါတယ် ရင်ထဲကအပူကိုု ဘယ်သူမှ လာပြီးငြိမ်းပါ့မလဲလိုု့ ကျနော်တိုု့ မျှော်နေတာကြာပါပြီ အခုုကော်မရှင်အဖွဲ့ဝင်များ ကျနော်တိုု့ ကချင်ပြည်နယ် လူထုုကြီး တစ်ရပ်လုံုးရဲ့ ရင်ထဲက အပူကိုု တကယ်အေးချမ်းအောင် လုုပ်ပေးနိုုင်မယ်ဆိုုတာ ကျနော်တိုု့ ယုံုကြည်လိုုက်ပါတယ်။” ဟုု ဦးချစ်လှိုင်မှ ပြောသည်။

ယင်းတွေ့ဆုံုပွဲတွင် နိုုင်ငံရေးပါတီများ၊ တိုုင်းရင်းသားများ နှင့် အရပ်ဖက်အဖွဲ့အစည်းမှ ကိုုယ်စားလှယ် ၁၄ ဦး မှ မြစ်ဆုံုစီမံကိန်းကိုု ကန့်ကွက်ကြောင်း တင်ပြခဲ့ကြသည်။

ဧရာဝတီမြစ်ဆုံမြစ်ညာမြစ်ဝှမ်း၊ ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေး ကော်မရှင် အဖွဲ့သည် စက်တင်ဘာလ ၁၅ ရက်မှ ၁၈ ရက်နေ့အထိ လေးရက်ကြာ ခရီးစဉ်အတွင်း ဧရာဝတီ မြစ်ဆုံုဒေသနှင့် စီမံကိန်းဧရိယာ၊ စီမံကိန်းကြောင့် ပြောင်းရွေ့ခံထားရသော အောင်မြင်သာ စံပြကျေးရွာနှင့် မလိယန်ကျေးရွာများသိုု့ သွားရောက် လေ့လာခဲ့ကြသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမတွင် ပြုလုုပ်သော ကော်မရှင်အဖွဲ့နှင့် လူထုုတွေ့ဆုံု ပွဲကိုု မနက် ၉ နာရီမှ ၁၂ နာရီအထိ ပြုလုုပ်ခဲ့ပြီး လူဦးရေ ၆၀၀ ကျော်တက်ရောက်ခဲ့သည်။

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...