“ကျနော်တိုု့ဒေသအတွင်းမှာတော့ သူတိုု့စစ်ရေးလှုပ်ရှားမှုကတော့ အရင်ကထက်ပိုုပြီး လှုပ်ရှားလာတယ်။ ဘယ်လိုုလှုပ်ရှားတာလည်းဆိုုတော့ ခါတိုုင်းကတော့ ဒီသူတိုု့ထိုုးစစ်တွေက တောထဲကိုု ကျနော်တိုု့လှုပ်ရှားတဲ့နေရာတွေမှာ ၀င်ရောက်ပြီးမှသွားလာမှုတွေ သိပ်မရှိဘူးပေါ့နော််၊ အခုုနောက်ပိုုင်းမှာ တော်တော်လေးလှုပ်ရှားမှုတွေဖြစ်လာတယ်။ ကျနော်တိုု့နေတဲ့ နယ်အတွင်းထဲမှာ ဟိုုဖက်ဒီဖက်သွားလာမှုတွေရှိတယ်။”ဟုု တအာင်းအမျိုးသားလွတ်လပ်ရေးတပ်မတော် PSLF/TNLA မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုုလ်မှူးမိုုင်းအိုုက်ကျော်မှပြောသည်။
စက်တင်ဘာလလဆန်းပိုုင်းတွင် မြန်မာ့တပ်မတော်မှ လူအင်အားအပြင် လက်နက်ခဲယမ်းနှင့် ရိက္ခာများ ပြန်လည်ဖြည့်တင်းမှုများ ရှိသည်ဟုု သိရသည်။
မြန်မာ့တပ်မတော်မှ တအာင်းအမျိုးသားလွတ်လပ်ရေးတပ်မတော် PSLF/TNLA နယ်မြေဒေသအသီးသီးသိုု့ ယခင်ကထက်ပိုုမိုုလှုပ်ရှားမှုများရှိလာကြောင်း စစ်ရေးလှုပ်ရှားမှုနှင့် ပတ်သက်ပြီး ဗိုုလ်မှူးမိုုင်းအိုုက်ကျော် အောက်ပါအတိုင်း မှတ်ချက်ပြုပြောဆိုသည်။
“အခုုဟာကတော့ ကျနော်တိုု့ရှိတဲ့နေရာ ကျောက်မဲ၊နမ့်စန်၊သီပေါ၊နမ္မတူ၊မန်တုံု၊မိုုးမိတ်၊မိုုးကုုတ်၊ ဒီအထက်ပိုုင်းဆိုု ကွတ်ခိုုင်၊နမ့်ခမ်း၊မူဆယ်ကိုု သူတိုု့က ကျနော်တိုု့လှုပ်ရှားမဲ့နေရာကိုု အဲမှာ သူတိုု့က ထိုုးစစ်တွေဘာတွေတောက်လျှောက်လာတယ်။လှုပ်ရှားမှုတွေရှိတယ်။ဒီစစ်ရေးလှုပ်ရှားမှုက အရင်ကထက် လှုပ်ရှားမှုပိုုပြီးပြုလုုပ်လာတယ်။ အရင်ကတော့ သူတိုု့စစ်ရေးလှုပ်ရှားမှုရှိတော့ရှိတယ် လှုပ်ရှားမှုသိပ်မရှိဘူး။”ဟုု ဗိုုလ်မှူးမိုုင်းအိုုက်ကျော်ကဆိုုသည်။
ပြီးခဲ့သည့် စက်တင်ဘာလ၁၄ရက်နေ့တွင် နှစ်ဖက်တိုုက်ပွဲဖြစ်ပွားမှုများရှိခဲ့ပြီး ယခုုရက်ပိုုင်းအတွင်း တိုုက်ပွဲအခြေအနေငြိမ် သက်နေသည်ဟုသိရသည်။
တစ်ဖက်တွင် ငြိမ်းချမ်းရေးလုင်ငန်းများလုုပ်ဆောင်နေသော်လည်း ယခုုလိုု တိုုက်ပွဲများဆက်လက်ဖြစ်ပေါ်နေလျှင် ငြိမ်းချမ်းရေးလုုပ်ဆောင်မှုအတွက် အဆင်မပြေနိုုင်ကြောင်း၊၎င်းအပြင် အဖွဲ့တစ်ခုုနှင့် တစ်ခုုအကြား မလိုုလားအပ်သော ပဋိပက္ခများ၊ အဆင်မပြေမှုများဖြစ်လာနိုုင်ကြောင်း၊ အစိုုးရတပ်မတော်ဖက်မှ စစ်ဆင်ရေးမရှိရင်ပိုုပြီး အဆေင်ပြေသွားမှာဖြစ်ပြီး တိုုက်ပွဲတွေလည်း အလိုလိုလျော့နည်းသွားမှာဖြစ်ကြောင်း၊ တိုုက်ပွဲအားလုံုး၏ အရင်းအမြစ်သည် မိမိတိုု့ဖက်မှမဟုုတ်ဘဲ အစိုုးရတပ်မှ မိမိတိုု့ဒေသသိုု့ဝင်ရောက်လာခြင်းကြောင့်သာ တိုုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်ဟုု ဗိုုလ်မှူးမိုုင်းအိုုက်ကျော်က ဆက်ပြောသည်။
တအာင်းအမျိုးသားလွတ်လပ်ရေးတပ်မတော် PSLF/TNLA နယ်မြေအတွင်း လတ်တလောတိုက်ပွဲအခြေအနေများ တည်ငြိမ်နေသော်လည်း စက်တင်ဘာလဆန်းတွင် မြန်မာ့အစိုးရတပ်မတော်၊ RCSS/SSA ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) တို့နှင့်လည်းတိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။







