ကယား(ကရင်နီ)ပြည်နယ်လူငယ်မူဝါဒ(မူကြမ်း)ထွက်ပေါ်

ကယား(ကရင်နီ)ပြည်နယ်လူငယ်မူဝါဒ(မူကြမ်း)ထွက်ပေါ်
by -
သံလွင်တိုင်းမ်
ကရင်နီပြည် လူငယ်မူဝါဒ ရေးဆွဲရေး ဖိုရမ်ကို ၃ရက်ကြာကျင်းပသွားခဲ့ပြီး လူငယ်မူဝါဒ(မူကြမ်း)တစ်ခုထွက်ပေါ်လာကာ  ပြည်ထောင်စုအဆင့် ဦးဆောင်ကော်မတီမှ ဆက်လက်ဆွေးနွေးသွားကြမည်ဖြစ်သည်ဟု ဖိုရမ်၏ ပြောရေးဆိုခွင့်ရှိသူ ဖိလစ်စိုးအောင်က ပြောကြားသည်။

“ပြည်နယ်အဆင့် လူငယ်မူဝါဒရှိမှပဲ ပြည်ထောင်စုအဆင့်မှာ သွားပြီးတော့ ဆွေးနွေးဖို့ အဆင်ပြေမယ်လေး။ ဒါကြောင့်မို့ ပြည်နယ် လူငယ်မူဝါဒအဆင့်ကို အရင်ဆွဲတာဖြစ်ပါတယ်။”ဟု ဖိလစ်စိုးအောင်က ပြောသည်။

ကယား(ကရင်နီ)ပြည်နယ်အတွင်းနေထိုင်ကြသည့် လူမျိုးစုအသီးသီးမှ ၎င်းတို့၏ ပတ်ဝန်းကျင် လူမှုအသိုင်းအဝန်းတွင် ကြံုတွေ့နေရသော အခက်အခဲ ပြဿနာများကို တင်ပြဆွေးနွေးခဲ့ကြပြီး ဝိုင်းဝန်းအဖြေရှာ ကြိုးပမ်းရမည်ဖြစ်ကြောင်း ကော်ယော်လူမျိုး ကိုယ်စားပြုတက်ရောက်လာသူ မအဲလစ်ဇဘတ်က ပြောသည်။

“လက်တွေ့အကောင်အထည်ဖေါ်ဖို့အခါကျတော့ အစိုးရတစ်ယောက်တည်းအနေနဲ့လည်း လုပ်ဆောင်လို့ မရပါဘူး။ ပြည်သူလူထု ဒီလူငယ်တွေနဲ့ အစိုးရတွေနဲ့ ပူးပေါင်းဆောင်ရွက်မှပဲ ဒီထိရောက်တဲ့ ကူညီပံ့ပိုးမှုတွေ ရရှိနိုင်မှာ ဖြစ်တယ်ပေါ့နော်”ဟု မအဲလစ်ဇဘတ်က ကန္တာရဝတီတိုင်း(မ်)သို့ ပြောကြားသည်။

ဖိုရမ်တွင် လူငယ်နှင့် စပ်ဆိုင်သော ပညာရေး၊ ကျန်းမာရေး၊ အားကစား၊ လူ့အခွင့်အရေး၊ တိုင်းရင်းသား ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ ထိန်းသိမ်းရေး၊ မူးယစ်ဆေးဝါး သုံးစွဲမှုလျှော့ချရေးနှင့် ပြန်လည်ပြုစု ပျိုးထောင်ရေး၊ ငြိမ်းချမ်းရေး၊ သိပ္ပံနှင့်နည်းပညာ၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် စွန့်ဦးတီထွင်နိုင်မှု အခွင့်အလမ်း၊ လူငယ်အသင်းအဖွဲ့များ လွတ်လပ်စွာ တရားဝင်ဖွဲ့စည်းရှင်သန်ရေး၊ နိုင်ငံရေး၊ အနုပညာ၊ လုံခြုံရေး၊ မီဒီယာနှင့် သဘာဝပတ်ဝန်းကျင် အစရှိသည့် ကဏ္ဍရပ်များပါဝင်သော မူဝါဒ (မူကြမ်း)အား ရေးဆွဲခဲ့ကြသည်။

မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူငယ်ရေးရာ မူဝါဒတစ်ရပ် ပေါ်ပေါက်လာရန်အတွက် အစိုးရ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ တိုင်းရင်းသားလူငယ်များ၏ ပံ့ပိုးကူညီမုှုဖြင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မြို့တော်ခန်းမတွင် စက်တင်ဘာလ ၉ ရက်မှ ၁၁ ရက် နေ့အထိ ၃ ရက်တာ ဖိုရမ်ကျင်းပခဲ့ရာ ပြည်နယ်အတွင်းရှိ လူငယ်ထု၏ ကိုယ်စားတက်ရောက်လာသူ လူငယ် ဦးရေ (၁၆၀)မှ ကရင်နီပြည် လူငယ်မူဝါဒ(မူကြမ်း)တစ်ရပ်အား ချမှတ်ရေးဆွဲခဲ့ကြကြောင်း သိရသည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...