အလယ်တန်းပြကျောင်းဆရာမတစ်ဦး တောင်ကြီးမြကန်သာပန်းခြံအတွင်း ရေနစ်သေဆုံး

အလယ်တန်းပြကျောင်းဆရာမတစ်ဦး တောင်ကြီးမြကန်သာပန်းခြံအတွင်း ရေနစ်သေဆုံး

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ၊ ညောင်ရွှေဟော်ကုန်းရပ်ကွက် ၊ မြကန်သာရေကန်အတွင်း အသက် ၅၀ အရွယ်ရှိ အလယ် တန်းပြ ကျောင်းဆရာမတစ်ဦး ရေနစ်သေဆုံးကြောင်း ရှမ်းပြည်နယ်ရဲ တပ်ဖွဲ့မှူးရုံး မှသိရသည် ။

တောင်ကြီးမြို့ ၊ အ.လ.က ၁၄ မှ အလယ်တန်းပြကျောင်းဆရာမ ဒေါ်နီနီအေး (ခ) မငယ် ဆိုသူသည် ဂျန္နဝါရီလ ၂၂ ရက်နေ့ ညနေ ငါးနာရီဝန်းကျင်ခန့်တွင် နေအိမ်မှပျောက်ဆုံးသွားပြီး ၄င်း မိသားစုဝင်များက ည ၁၁ နာရီတွင် နယ်မြေရဲစခန်းသို့လူပျောက်တိုင်ကြားခဲ့သည်။

ဇန်နဝါရီလ ၂၃ နေ့မနက် ပိုင်းတွင် မြကန်သာရေကန်အတွင်းရေနစ်သေ ဆုံးနေသည်ကိုတွေ့ရကြောင်း ရှမ်း(သျှမ်း)ပြည်နယ်ရဲ တပ်ဖွဲ့မှူးရုံး ကပြောသည် ။

အဆိုပါရေနှစ်သေဆုံးမှုနှင့်ပတ်သက်၍ သာမာန်သေဆုံးခြင်း ဟုတ်/ မဟုတ် ရဲတပ်ဖွဲ့မှ ဆက်လက်စုံစမ်းမည်ဖြစ်ပြီး လက်ရှိတွင် သေမှုသေခင်း ဖြင့်အမှုဖွင့် အရေးယူထားကြောင်းသိရှိရပါသည် ။

Most read this week

December 15, 2025
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ...
December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...
December 9, 2025
သျှမ်းပြည် ဖယ်ခုံမြို့နယ်ရှိ စစ်ကော်မရှင်တပ်ဖွဲ့ တပ်စွဲထားသည့်နေရာကို ကရင်နီတော်လှန်ရေး...
December 8, 2025
သျှမ်းပြည် မိုးမိတ်မြို့နယ်ရှိ မြစ်ဆုံကျေးရွာအနီးသို့ စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ...