အလယ်တန်းပြကျောင်းဆရာမတစ်ဦး တောင်ကြီးမြကန်သာပန်းခြံအတွင်း ရေနစ်သေဆုံး

အလယ်တန်းပြကျောင်းဆရာမတစ်ဦး တောင်ကြီးမြကန်သာပန်းခြံအတွင်း ရေနစ်သေဆုံး

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ၊ ညောင်ရွှေဟော်ကုန်းရပ်ကွက် ၊ မြကန်သာရေကန်အတွင်း အသက် ၅၀ အရွယ်ရှိ အလယ် တန်းပြ ကျောင်းဆရာမတစ်ဦး ရေနစ်သေဆုံးကြောင်း ရှမ်းပြည်နယ်ရဲ တပ်ဖွဲ့မှူးရုံး မှသိရသည် ။

တောင်ကြီးမြို့ ၊ အ.လ.က ၁၄ မှ အလယ်တန်းပြကျောင်းဆရာမ ဒေါ်နီနီအေး (ခ) မငယ် ဆိုသူသည် ဂျန္နဝါရီလ ၂၂ ရက်နေ့ ညနေ ငါးနာရီဝန်းကျင်ခန့်တွင် နေအိမ်မှပျောက်ဆုံးသွားပြီး ၄င်း မိသားစုဝင်များက ည ၁၁ နာရီတွင် နယ်မြေရဲစခန်းသို့လူပျောက်တိုင်ကြားခဲ့သည်။

ဇန်နဝါရီလ ၂၃ နေ့မနက် ပိုင်းတွင် မြကန်သာရေကန်အတွင်းရေနစ်သေ ဆုံးနေသည်ကိုတွေ့ရကြောင်း ရှမ်း(သျှမ်း)ပြည်နယ်ရဲ တပ်ဖွဲ့မှူးရုံး ကပြောသည် ။

အဆိုပါရေနှစ်သေဆုံးမှုနှင့်ပတ်သက်၍ သာမာန်သေဆုံးခြင်း ဟုတ်/ မဟုတ် ရဲတပ်ဖွဲ့မှ ဆက်လက်စုံစမ်းမည်ဖြစ်ပြီး လက်ရှိတွင် သေမှုသေခင်း ဖြင့်အမှုဖွင့် အရေးယူထားကြောင်းသိရှိရပါသည် ။

April 1, 2026
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်း စက်သုံးဆီ ရှားပါးလာမှုကြောင့် ပရဟိတ...
March 31, 2026
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့်...
March 30, 2026
ကာချုပ်တာဝန်ကနေ အနားယူလိုက်တဲ့ ဗိုလ််ချုပ်မှူးကြီးမင်းအောင်လှိုင် ၊ KIO ဒုဥက္ကဋ္ဌဟောင်း...
March 30, 2026
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် ၁၅ နှစ်ကြာ တာဝန်ယူခဲ့သည့် ဗိုလ်ချုပ်မှူးကြီး...