လီဒိုလမ်း တိုက်ပွဲ ဒေသခံများ စိုးရိမ်မှု မြင့်တက်

လီဒိုလမ်း တိုက်ပွဲ ဒေသခံများ စိုးရိမ်မှု မြင့်တက်

ကချင်ပြည်နယ် အနောက်ဘက် လီဒိုလမ်းမပေါ် ကျေးရွာများတွင် အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲ ဆက်လက်ဖြစ်ပွား နေမှုကြောင့် စိုးရိမ်မှုဖြင့် နေရသည်ဟု ဒေသခံများ ပြောဆိုလာပါသည်။

ရှထိုးဇွပ် (Shahtu Zup) ကျေးရွာတွင် ဇန်နဝါရီ ၂၂ ရက်နေ့ ညနေ ၆ နာရီခန့် ရွာအနီး ၂ ဖက်တပ် တိုက်ပွဲ ဖြစ်လာသဖြင့် ရွာသားများသည် ကတ်သလစ်ဘုရားကျောင်းနှင့် နှစ်ခြင်း ဘုရားကျောင်းဝင်းများတွင် ထွက်ပြေး ခိုလှုံနေခဲ့ရသည်။

ပစ်ခတ်မှုမှာ ယမန်နေ့ ညနေမှ ယနေ့ (ဇန်နဝါရီ ၂၃) မနက် အထိ ဖြစ်ပွားခဲ့ပြီး ရွာအပြင် အခြေစိုက်ထားသည့် တပ်မတော် ခလရ ၂၉၇ မှလည်း လက်နက်ကြီး ပစ်ကူခဲ့သည်ဟု ဒေသခံ တစ်ဦး ပြောလာပါသည်။ ထို့အပြင် ရွာအခြေစိုက် ရှမ်းနီ ပြည်သူ့စစ်များလည်း ရွာအတွင်း ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း ပြောပြသည်။

သို့သော်လည်း အရပ်သားနှင့် နေအိမ်များ ထိခိုက် ပျက်စီးခြင်း မရှိဟု ပြောပြသည်။

ထို့အပြင် လီဒိုလမ်းမပေါ် တိန်းကောက် (Ting Kawk) ကျေးရွာ နှင့် နမ့်ဘရတ် (Nam Hpyek) တွင်လည်း ယနေ့မနက် ပစ်ခတ်မှု ဖြစ်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲကြောင့် လုပ်ကိုင်စားသောက်မှု မှာလည်း ခက်ခဲသွားသည်ဟု Ting Kawk ရွာသား တစ်ဦး ယခုလို ပြောလာသည်။

“အရမ်းကြောက်စရာကောင်းပါတယ်။ ကျွန်တော်တို့က ရွာသားဖြစ်တဲ့အတွက် တောထွက်ပြီး လုပ်ကိုင်ရှာစားရပါတယ်။ အခု အခြေအနေနဲ့ဆို ရှာလို့မရဘူး။ အိမ်မှာဘဲနေ နေရတယ်။ တချို့ တစ်နေ့လုပ် တစ်နေ့စားတွေ လည်းရှိတယ်။ သူတို့အတွက် ကတော့ အရမ်းကို ခက်ခဲသွားတယ်”

ကချင်ပြည်နယ် အနောက်ဘက် ပယင်းမှော်၊ ရွှေမှော် များတည်ရှိရာ ဟူးကောင်းချိုင့်ဝှမ်း တနိုင်းဒေသ တွင် တပ်မတော် နှင့် KIA တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။

မြစ်ကြီးနား-တနိုင်း ကားလမ်းပေါ် ဆိုင်ကယ် စီးနှင်မှုကိုလည်း တပ်မတော်က တားမြစ်ထားဆဲ ဖြစ်သည်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...