လားရှိုးတက္ကသိုလ် တည်ထောင်ခြင်း နှစ် ၄၀ ပြည့်အထိမ်းအမှတ် အခမ်းအနားကျင်းပ

လားရှိုးတက္ကသိုလ် တည်ထောင်ခြင်း နှစ် ၄၀ ပြည့်အထိမ်းအမှတ် အခမ်းအနားကျင်းပ
by -
ဟွမ်ဟိန်း
လားရှိုးမြို့ရှိ လားရှိုးတက္ကသိုလ် နှစ် ၄၀ ပြည့်အခမ်းအနားပထမရက်
လားရှိုးမြို့ရှိ လားရှိုးတက္ကသိုလ် နှစ် ၄၀ ပြည့်အခမ်းအနားပထမရက်

ရှမ်း (သျှမ်း) ပြည်မြောက်ပိုင်း လားရှိုးမြို့ရှိ လားရှိုးတက္ကသိုလ် နှစ် ၄၀ ပြည့်အခမ်းအနားတရပ်ကို ယနေ့မနက်ပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့မနက်ပိုင်းက အခမ်းအနားစတင်ကျင်းပခြင်းဖြစ်ရာ စာရေးဆရာ ဦးဘုန်း (ဓါတု) နှင့် ဆရာလင်းသိုက်ညွန့်တို့မှ စာပေဟောပြောမှုရှိခဲ့ကြောင်းသိရသည်။

“ဒီနေ့တော့ စာပေဟောပြောပွဲရှိတယ်။ မုန့်စျေးတန်းတွေရှိမယ်။ စာအုပ်စာပေ စျေးရောင်းပွဲရှိတယ်။ ညကျရင် ဂီတပွဲရှိမယ်။ ဒီနေ့တော့ သူငယ်ချင်းဟောင်း မိတ်ဆွေဟောင်းတွေနဲ့တွေ့ကြဆုံကြစကားပြောကြတာပေါ့။ ”- ဟု လားရှိုးသား ကျောင်းသားဟောင်း စိုင်းလွယ်က ပြောသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့ စနေနေ့တွင် ဆရာဆရာမ ၁၀၀ ကျော်အား ဆရာကန်တော့ပွဲပြု လုပ်မည်ဖြစ် ကြောင်းလည်း ၄င်းကပြောသည်။

လားရှိုးတက္ကသိုလ်ကို ၁၉၇၉ ခုနှစ် က စတင်ဖွင့် လှစ်ခဲ့သည်။ စတင်ဖွင့်လှစ်စဉ်က လားရှိုး ဒေသကောလိပ်ဟု သာအမည်တွင်ပြီး ထိုနောက်ပိုင်းမှ လားရှိုးကောလိပ်၊ လားရှိုးဒီဂရီကောလိပ်မှယခုလက်ရှိ လားရှိုးတက္ကသိုလ် အဆင့်အထိ တိုးမြှင့်လာခဲ့ပါသည်။

April 1, 2026
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်း စက်သုံးဆီ ရှားပါးလာမှုကြောင့် ပရဟိတ...
March 31, 2026
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့်...
March 30, 2026
ကာချုပ်တာဝန်ကနေ အနားယူလိုက်တဲ့ ဗိုလ််ချုပ်မှူးကြီးမင်းအောင်လှိုင် ၊ KIO ဒုဥက္ကဋ္ဌဟောင်း...
March 30, 2026
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် ၁၅ နှစ်ကြာ တာဝန်ယူခဲ့သည့် ဗိုလ်ချုပ်မှူးကြီး...