ငြိမ်းချမ်းရေးလုုပ်ငန်းစဉ်ပူးတွဲအကောင်အထည်ဖော်နိုုင်ရေး DPN နှင့် CT ခေါင်းဆောင်များ စည်းဝေး

ငြိမ်းချမ်းရေးလုုပ်ငန်းစဉ်ပူးတွဲအကောင်အထည်ဖော်နိုုင်ရေး DPN နှင့် CT ခေါင်းဆောင်များ စည်းဝေး
by -
သတင်းနှင့် မီဒီယာ ကွန်ယက်
နိုင်ငံရေးဆိုုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုုယ်စားလှယ်အဖွဲ့ DPN နှင့် ဆွေးနွေးညှိနှိုင်းရေး အလုုပ်အဖွဲ့ CT အဖွဲ့မှ တိုုင်းရင်းသား ခေါင်းဆောင်များ ငြိမ်းချမ်းရေးလုုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည်ဖော်နိုုင်ရေး ထိုုင်းနိုုင်ငံ ချင်းမုုိင်မြို့တွင် ယနေ့ စက်တင်ဘာ ၁၂ ရက်နေ့တွင် အစည်းအဝေး ကျင်းပနေကြောင်း သတင်းရရှိသည်။

NCA အပစ်ရပ် တိုုင်းရင်းသား လက်နက်ကိုုင်အဖွဲ့ဝင်ကိုုယ်စားလှယ်များနှင့် NCA အပစ်မရပ်ရသေးသည့် တိုုင်းရင်းသား လက်နက်ကိုုင် အဖွဲ့ဝင် ကိုုယ်စားလှယ် များ တွေ့ဆုံုဆွေးနွေးမှုနှင့် ပတ်သက်ပြီး ပဒိုုစောကွယ်ထူးဝင်း မှ သတင်းထောက်များကိုု အောက်ပါအတိုင်း ပြောဆိုုသည်။

“ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ ဘယ်လိုုအကောင်အထည်ဖော်ကြမလဲ တိုုင်းရင်းသားဖက်က၊ တစ်ခုုထဲကိစ္စတော့ မဟုုတ်ပါဘူး၊ နိုုင်ငံရေးမူဘောင်ကိစ္စတွေ၊ ငြိမ်းချမ်းရေးလုုပ်ငန်းစဉ်မှာ ဘယ်လိုုဆက်သွားမလဲ၊ တစ် တချက်ကတော့ အခုု ကျနော်တိုု့ ဆွေးနွေးမှာက လွန်ခဲ့တဲ့ အစည်းအဝေးပွဲတုုန်းက ကျနော်တိုု့ ဆုံုးဖြတ်ခဲ့တာ ဘယ်လိုု အကောင်အထည် ဖော်ခဲ့သလဲ၊ နောက်တခုုကတော့ ပြည်ထောင်စုု ငြိမ်းချမ်းရေး ညီလာခံ အပြီးမှာ ညီလာခံကိုု သုံုးသပ်ဖိုု့ပေါ့နော်၊ ညီလာခံပြီးလိုု့ရှိရင် ကျနော်တိုု့ လုုပ်ငန်းစဉ်တွေ ဘယ်လိုု ဆက်သွားမလဲဆိုုတဲ့ကိစ္စ အဓိက ဒါပါပဲ။” ၎င်း ကဆိုသည်။

အစည်းအဝေးတွင် နိုုင်ငံရေးဆွေးနွေးပွဲမူဘောင် ပြန်လည်သုံုးသပ်နိုုင်ရေး ကိစ္စအပါအဝင် ကချင်ပြည်နယ် မိုုင်ဂျာယန်အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးရန် ဆုံုးဖြတ်ခဲ့သော ပင်လုံလက်စွဲစာတမ်း၊ ဖက်ဒရယ်ပြည်ထောင်စုနှင့် ဖွဲ့စည်းပုံအခြေခံတွင် ပါဝင်ရမည့် အခြေခံမူများ၊ အမျိုးသားကာကွယ်ရေးနှင့် အမျိုးသားလုံုခြံုရေး မူဝါဒဆိုင်ရာ အခြေခံမူ များ နှင့် ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်ဆိုင်ရာ မူဝါဒများကို ဆွေးနွေးသွားရန်ရှိသည်ဟုု သိရသည်။

နှစ်ရက်ကြာ ကျင်းပမည့် ထိုုအစည်းအဝေးကိုု နိုုင်ငံရေးဆိုုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုုယ်စားလှယ်အဖွဲ့ DPN အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ခူးဦးရယ် ဦးဆောင်၍ အဖွဲ့ဝင် ၁၀ ဦး တက်ရောက်ပြီး ဆွေးနွေးညှိနှိုင်းရေးအလုုပ်အဖွဲ့ CT အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ပဒိုုစောကွယ်ထူးဝင်း ခေါင်းဆောင်သည့် အဖွဲ့ဝင် ၉  ဦး တက်ရောက်ဆွေးနွေးနေ ကြသည်။

တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးကို ကချင်ပြည်နယ်၊ မိုင်ဂျာယန်တွင် ဇူလိုင်လ ၂၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ ၅ ရက်ကြာ ကျင်းပခဲ့ပြီး အစည်းအဝေး ဆုံုးဖြတ်ချက်များကိုု ဆက်လက်အကောင်အထည်ဖော်ရန် ၄င်းအလုုပ်အဖွဲနှစ်ဖွဲ့ကိုု ဆက်လက်တာဝန်ပေးအပ်ထားပြီး ယခုု တွေ့ဆုံုဆွေးနွေးမှုသည် ဒုုတိယအကြိမ် ဖြစ်သည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...