KNU-NMSP ရေဖြူမြို့နယ်အတွင်း ပစ်ခတ်မှုအရေး ခရိုင်အဆင့် တွေ့ဆုံဆွေးနွေး

KNU-NMSP ရေဖြူမြို့နယ်အတွင်း ပစ်ခတ်မှုအရေး ခရိုင်အဆင့် တွေ့ဆုံဆွေးနွေး
by -
မွန်သတင်းအေဂျင်စီ
KNU-NMSP နှစ်ဖက်တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးနေစဉ် (Jharn)
KNU-NMSP နှစ်ဖက်တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးနေစဉ် (Jharn)
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ သဲချောင်းဖျားကျေးရွာအနီးတွင် နှစ်ဖက်တပ်ဖွဲ့ဝင်များ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွါးခဲ့သော အရေးကိစ္စအတွက် မွန်ပြ့ည်သစ်ပါတီနှင့် ကေအဲန်ယူတို့၏ ခရိုင်အဆင့် နှစ်ဖက်တာဝန်ရှိသူများ စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းအချိန်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို ရေဖြူမြို့နယ် ရာဖူးကျေးရွာအုပ်ချုပ်ရေးမှုးရုံး၌ ပြုလုပ်ခဲ့ရာ မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင် နိုင်အောင်မငေး ဦးဆောင်သော ထာဝယ်ခရိုင်မှတာဝန်ရှိသူများ၊ ကေအဲန်ယူဗဟိုကော်မတီ ပဒိုမန်းငြိမ်းမောင် ဦးဆောင်သော ဘိတ်ထားဝယ်ခရိုင်မှ တာဝန်ရှိသူများတို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ကေအဲန်ယူ ဘိတ်ထားဝယ်ခရိုင် ဆက်ဆံရေးရုံးတာဝန်ခံ ပဒိုဝင်းခိုင်က “ဗဟိုအဆင့်အချင်းချင်း မတွေ့တဲ့အချိန် မှာ ကျွန်တော်တို့ဒီအောက်ခြေပိုင်းမှာတော့ ကော်မတီတစ်ခု ဖွဲ့ထားပြီးတော့ ရှေ့ဆက်ပြဿနာမတက်နိုင် အောင် သူ့တပ် ကိုယ့်တပ်နဲ့ ပတ်သက်တာတွေကိုလည်း ကွန်တော်တို့ ပြန်ပြီးတော့ ထိန်းထိန်းသိမ်းသိမ်း ကြပ် မတ်ကွပ်ကဲနိုင်ဖို့အတွက် ဒီလိုပြဿနာ ထပ်ပြီးတော့ မဖြစ်လာဖို့အတွက်က ကျွန်တော်တို့ အဲလိုကော်မတီဖွဲ့ပြီး တော့ ထိန်းသိမ်းဆောင်ရွက်သွားမယ်လို့ သဘောတူထားတယ်ဗျ” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါကော်မတီကို မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်မှ တာဝန်ရှိသူ (၃) ဦးနှင့် ကေအဲန်ယူ၏ ဘိတ်ထားဝယ် ခရိုင်မှ တာဝန်ရှိသူ (၃) ဦးတို့ဖြင့် ဖွဲ့စည်းထားကြောင်း ၄င်းက ဆက်ပြောသည်။

ထို့အပြင် တွေ့ဆုံဆွေးနွေးပွဲမှ သဘောတူညီချက်အရ နှစ်ဖက်တပ်ဖွဲ့ဝင်များအနေဖြင့် လက်နက်ကိုင်ပဋိပက္ခများ ထပ်မံမဖြစ်ပွါးရေး၊ နယ်မြေဒေသအတွင်း သွားလာရေးတွင် အချင်းချင်းအပြန်အလှန်ဆက်သွယ် သတင်းများ ပေးပို့နိုင်ရေး စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။

“မထင်မှတ်တဲ့ပြဿနာတွေ ဖြစ်ပေါ်တတ်တဲ့အပေါ်မှာ ဒီကော်မတီက ပိုပြီးတော့ အပြန်အလှန်နားလည်မှုယူပီး သီးခြားဆက်သွယ်ပြီးမှပဲ ကင်းကင်းရှင်းရှင်း သွားလာနိုင်မယ်၊ အရင်လိုပုံစံမျိုးမဖြစ်ဘဲနဲ့ ဒီလိုပုံစံမျိုးနှင့်ဆိုရင် ပိုပြီးတော့ အဆင်ပြေမယ်” ဟု တွေ့ဆုံဆွေးနွေးပွဲတွင် ပါဝင်သူ ပဒိုဝင်းခိုင်က ဆက်ပြောသည်။

စက်တင်ဘာလ ၈ ရက်နေ့က အဆိုပါသဲချောင်းကျေးရွာအနီးတွင် မိနစ် ၄၀ ခန့် KNUနှင့် NMSP အောက်ခြေ တပ်ဖွဲ့ကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ကြခြင်း မဟုတ်ကြောင်းနှင့် ထိခိုက်ဒဏ်ရာရမှု မရှိကြောင်းကို နှစ်ဖက်တာဝန်ရှိသူများက ပြောကြားပြီး ဖြစ်သည်။

ရေဖြူမြို့နယ်၊ အလယ်စခန်းကျေးရွာအုပ်စု အရှေ့ဘက်ခြမ်းသည် ၁၉၉၅ ခုနှစ် နဝတစစ်အစိုးရနှင့်သဘောတူညီချက်အရ မွန်ပြည်သစ်ပါတီ (ထားဝယ်ခရိုင်) တပ်တည်နေရာဖြစ်ပြီး KNU (ဘိတ်ထားဝယ်ခရိုင်) ၏ လှုပ်ရှားနယ်မြေနှင့်လည်း ရောနှော ထိစပ်လျက်ရှိသည့် ဒေသတစ်ခု ဖြစ်နေသည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...