ထိုုးစစ်ဆင်မှုများ အမြန်ဆုံုးရပ်တန့်ရန် UNFC တောင်းဆိုု ၊ နိုုင်ငံရေးမူဘောင် သုံုးသပ်ဆွေးနွေးပွဲများ မတက်ရောက်နိုုင်သေးဟုု ပြော

ထိုုးစစ်ဆင်မှုများ အမြန်ဆုံုးရပ်တန့်ရန် UNFC တောင်းဆိုု ၊ နိုုင်ငံရေးမူဘောင် သုံုးသပ်ဆွေးနွေးပွဲများ မတက်ရောက်နိုုင်သေးဟုု ပြော
by -
သတင်းနှင့် မီဒီယာ ကွန်ယက်
မြန်မာ့တပ်မတော်အနေနှင့် ထိုုးစစ်ဆင်နေမှုတွေ အမြန်ဆုံုး ရပ်တန့်ပေးဖိုု့ NCA အပစ်ရပ်လက် မှတ် သဘောတူစာချူပ် မရေးထိုုးကြရသေးသော  တိုုင်းရင်းသား လက်နက်ကိုုင် အဖွဲ့ ရ ဖွဲ့နှင့် ဖွဲ့ စည်းထားသော ညီညွတ်သော တုုိင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ ဗဟိုုအလုုပ်အမှု ဆောင်ကော်မတီ အရေးပေါ် တိုုးချဲ့ အစည်းအဝေးက ထုုတ်ပြန်တောင်းဆိုုလိုုက်သည်။

တဆက်တည်းမှာပင်  နိုုင်ငံရေး မူဘောင်သုံုးသပ်ဆွေးနွေးပွဲများမတက်ရောက်နိုုင်သေးဘဲ  အစိုုးရနှင့် NCA သဘောတူစာချူပ် ချူပ်ဆိုုနိုုင်ရန် UNFC မှ NCA နောက် ဆက်တွဲ အဆိုုပြုထားသည့် အချက် ၈ ချက်ကိုု ပထမဦးဆုံုး အစိုုးရနှင့် ဆွေးနွေးသွားမည်ဟုု ညီညွတ် သော တိုုင်းရင်းသာား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တွဲဘက်အထွေထွေအတွင်း ရေးမှူး (၁) ဦးထွန်းဇော် မှ ပြောသည်။

“ရှေ့လုုပ်ငန်းစဉ်အနေနဲ့ဆိုုရင် အခုုဆိုုရင် ကျနော်တုုိ့ မူဘောင် သုံုးသပ် အစည်းအဝေးတွေကိုု အစိုုးရက လုုပ်မယ်ဆိုုပြီးတော့မှ ဖိတ်ကြားမှုတွေ လုုပ်နေပြီပေါ့နော်၊ လာမည့် ၁၅၊ ၁၆၊ ၁၇ မှာ လုုပ်မယ်ဆိုုပြီးတော့ ကျနော်တိုု့ကိုု ဖိတ်တယ် ကျနော်တိုု့ဖက်က ကျတော့ တုုန့်ပြန်တာက အခုုဒီ အချိန်ကာလကတော့ ကျနော်တိုု့နဲ့လည်း သိပ့်မကိုုက်ဘူးပေါ့လေ နော် ၂၁ ရာစုု ပင်လုံုညီလာခံ ပြီးတာနဲ့ ကျနော်တိုု့ အဖွဲ့အစည်းအသီးသီးက သက်ဆိုုင်ရာ ဌာနချူပ်တွေကိုု သွားပြီးတော့ အစီရင်ခံ တင်ပြဖိုု့တွေရှိတယ် တပြိုင်တည်းမှာပဲ ကျနော်တိုု့ အဆိုုပြုထားတဲ့ NCA ဆိုုင်ရာ အဆိုုပြုချက် ၈ ချက်ကလည်းရှိတယ် အဲ့ဒါကိုု ဆက်လက်ဆွေးနွေးသွားမယ်ဆိုုပြီးတော့ အစိုုးရဖက်ကလည်း သဘောတူထားတာ ရှိတယ် ဆိုုတော့ အဲ့ဒါကိုုပဲ ကျနော်တိုု့က အရင်ဦးစွာ ဆွေးနွေးချင်တယ်ပေါ့လေနော်၊”၎င်း ကဆိုသည်။

NCA နောက်ဆက်တွဲ အဆိုုပြုချက်နှင့် ပတ်သက်၍ NRPC မှ တာဝန်ရှိသူများကိုု စက်တင်ဘာ လကုုန်ပိုုင်းမှာ ထပ်မံတွေ့ဆုံုဆွေးနွေးရန် UNFC အဖွဲ့မှ တင်ပြထားပြီး လောလောဆယ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ယာယီသတ်မှတ်ထားသည်ဟုု သိရသည်။

ထိုုင်းနိုုင်ငံ ချင်းမုုိင်မြို့တွင် စက်တင်ဘာ ၁၀ ရက်နေ့မှစ၍ နှစ်ရက်ကြာ ကျင်းပခဲ့သည့် ထိုု အရေးပေါ် အစည်းအဝေးတွင် လက်ရှိနိုုင်ငံရေးအခြေအနေတွေအပါအဝင် ၂၁ ရာစုု ပင်လုံုညီလာခံမှ ရရှိလာသည့် အကျိုးရလာဒ်များကိုု ပြန်လည်သုံုးသပ်ဆွေးနွေးခဲ့ပြီးနောက် ရှေ့လုုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြသည်ဟုု ဆိုုသည်။

UNFC အဖွဲ့အနေဖြင့် တစ်နုုိင်ငံလုံုး အပစ်အခတ်ရပ်စဲရေးအပါအဝင် ပြည်တွင်းငြိမ်းချမ်းရေးနှင့်  စစ်မှန်သည့် ဖက်ဒရယ်ဒီမိုုကရေစီ ပြည်ထောင်စုု တည်ဆောက်ရေးများကိုု ဆက်လက် ကြိုးပမ်းသွားကြရန်နှင့် သဘောထားဆုံုးဖြတ်ချက် ၅ ချက် ချမှတ်ခဲ့ကြသည်ဟုု သိရသည်။

“ဒီ ၂၁ ရာစုု ပင်လုံုညီလာခံ ပထမ အစည်းအဝေးဟာ ကျနော်တိုု့ ပွင့်လင်းမြင်သာမှု ရှိပြီးတော့မှ လူထုုကိုု ကျနော်တိုု့ သက်သေထူပြီးတော့ ကျနော်တိုု့ရဲ့ သဘောထားတွေကိုု တင်ပြနိုုင်ခဲ့တယ် သမုုိင်းဝင် အစည်းအဝေးကြီးတစ်ခုုဖြစ်တယ်လိုု့ ကျနော်တိုု့ မှတ်ယူတယ် အဲ့ဒီအပေါ်မှာ ကျနော် တိုု့ နုုိင်ငံတော သမ္မတ ဦးထင်ကျော် ဦးဆောင်တဲ့ အစိုုးရနဲ့ ကျနော်တိုု့ နိုုင်ငံတော အတိုုင်ပင်ခံ ဒေါ်အောင်ဆန်းစုုကြည် တိုု့ကိုုလည်းပဲ ကျနော်တိုု့ ဂုုဏ်ပြု မှတ်တမ်းတင်ခဲ့ပါတယ် ဒီ အစည်းအ ဝေးမှာ၊ ပြီးလိုု့ရှိရင် ကျနော်တိုု့ ရှေ့ဆက်ပြီးတော့မှ ကျနော်တိုု့ လုုပ်ဆောင်တဲ့ အခါမှာ ဒီ အဓိ က အဖုုအထစ်ဖြစ်နေတဲ့ မြေပြင်ရဲ့ ထိုုးစစ်ဆင်မှုတွေပေါ့နော် မြန်မာ့တပ်မတော်ရဲ့ ထိုုးစစ်ဆင်မှု တွေကိုု ကျနော်တိုု့က ရပ်တန့်ဖိုု့လိုုတယ်ဆိုုတဲ့ သဘောထား အမြင်ချတယ်။ အဲ့ဒီ မြေပြင်ထုုိး စစ်တွေ ရှိနေလိုု့ရှိရင် ကျနော်တိုု့ ဒီ နုုိင်ငံရေး ပြသနာကိုု နုုိင်ငံရေးနည်းနဲ့ ဖြေရှင်းတဲ့ ယဉ်ကျေး မှုက ကျနော်တိုု့ မထွန်းကားဘူးပေါ့ အဲ့ဒါကြောင့် ဒီ နိုုင်ငံရေး ယဉ်ကျေးမှု သိပ့်ကြီး ကျနော်တိုု ထွန်းကားလာဖိုု့အတွက်ဆိုုလိုု့ရှိရင် လက်တွေ့ကျကျ ကျနော်တိုု့ ကျင့်သုံုးဖိုု့လိုုတယ်လိုု့ အဲ့လိုု မျိုး ကျနော်တိုု့က တိုုက်တွန်းထားတယ်။ “ဟု ဦးထွန်းဇော် ကပြောကြားသည်။

UNFC ဗဟိုုအလုုပ်အမှုဆောင်ကော်မတီ အရေးပေါ် တိုုးချဲ့အစည်းအဝေးမှ မြန်မာနိုုင်ငံအား အမေရိကန်အစိုုးရ၏ စီးပွားရေး ဒဏ်ခတ်ပိတ်ဆိုု့မှုကိုု ဆက်လက်ထားရှိရန်အတွက် အမေရိကန် အစိုုးရ၏ သမ္မတ ထံကိုု UNFC ဥက္ကဋ္ဌ မှ စာရေးသားပေးပိုု့သွားရန် သဘောတူဆုံုးဖြတ်ခဲ့ကြ သည်ဟုု သိရသည်။

ထုုိ့အတူ ညီညွတ်သော တိုုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ခေါင်းဆောင်များ အနေဖြင့် တောင်အာဖရိကနိုုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်သွားရောက်လေ့လာရေးနှင့် ဆွစ်ဇလန် နိုုင်ငံသိုု့ ဖက်ဒရယ်ရေးရာကိစ္စ သွားရောက်လေ့လာရေးခရီး စဉ်များအတွက် ရွေးချယ်သတ်မှတ်မှုများ လုုပ်ခဲ့ကြသည်ဟုု သိရသည်။

ညီညွတ်သော တိုုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့တွင် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့KIO၊ ရှမ်းပြည် တိုးတက်ရေးပါတီSSPP၊ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီKNPP ၊ မွန်ပြည်သစ်ပါတီNMSP၊ ရခိုင်ပြည် အမျိုးသားကောင်စီ ANC ၊ လားဟူဒီမိုကရက်တစ် ပါတီ LDP၊ ၀ အမျိုးသားအဖွဲ့ချူပ် WNO အဖွဲ့များ ပါ၀င်ပြီး ၂၀၁၀ ခုုနှစ် နိုုဝင်ဘာလ တွင် စတင်ဖွဲ့စည်းခဲ့သည်။

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...