မြစ်ဆုံအစား သံလွင်မြစ်အစားထိုးမခံရအောင် ကြိုတင်ပြင်ဆင်သင့်ဟု မွန်လွှတ်တော် ဒုဥက္ကဋ္ဌ ဆို

မြစ်ဆုံအစား သံလွင်မြစ်အစားထိုးမခံရအောင် ကြိုတင်ပြင်ဆင်သင့်ဟု မွန်လွှတ်တော် ဒုဥက္ကဋ္ဌ ဆို
by -
မွန်သတင်းအေဂျင်စီ
အတိမ်းစောင်းမခံနိုင်သောမျှခြေ’ အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲတွင်
အတိမ်းစောင်းမခံနိုင်သောမျှခြေ’ အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲတွင်
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ သဘောတူလက်မှတ်ရေးထိုးထားသည့်ဧရာဝတီ မြစ်ဆုံစီမံကိန်းအစား တိုင်းရင်းသားအများစု မှီတင်းနေထိုင်ကြသည့် သံလွင်မြစ် အစားထိုးမခံရအောင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်သင့်ကြောင်း စက် တင်ဘာ ၉ ရက်နေ့က ပြုလုပ်သည့် ‘အတိမ်းစောင်းမခံနိုင်သောမျှခြေ’ အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲတွင် မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ ဒေါတ်တာအောင်နိုင်ဦးက ပြောကြားခဲ့သည်။

အစီရင်ခံစာကို တိုးတက်သော မွန်လူငယ်များအဖွဲ့အစည်းမှ ပြုစုခဲ့ပြီး သတင်းစာရှင်းလင်းပွဲကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရာမညဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦး၊ မွန်ပြည်သစ်ပါတီမှ တာဝန်ရှိသူ နိုင်ခေါင်ထောဇစ်၊ မော်လမြိုင်မြို့ရှိ အရပ်ဖက်အဖွဲ့စည်းများမှ (၁၀၀) ဝန်းကျင်ခန့် တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

“စစ်ကိုင်တိုင်း၊ ဧရာဝတီတိုင်းနဲ့ မန္တလေးတိုင်းမှာ ရာနဲ့ချီတဲ့လူမှုအသင်းဖွဲ့တွေက မြစ်ဆုံကို လုံးဝ လက်ခံမှာမဟုတ်ဘူး။ မြစ်ဆုံကို မတည်ဆောက်ရင်လဲ တရုတ်ကို လျှော်ကြေးပေးရမယ့်ငွေပမာဏကလည်း မနည်းဘူး။ ဆိုတော့ ကျနော်တို့သံလွင်မြစ်ကို အလျှော်စားလုပ်မှာလား စိတ်ကူးက ဒီဘက် ယိမ်းလာမလားဆိုတဲ့အခါ ကျနော်တို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ ရှိသင့်တယ်လို့ ယူဆပါတယ်” ဟု ဒေါက်တာအောင်နိုင်ဦးက ဆို သည်။

ဧရာဝတီမြစ်နဲ့ သံလွင်မြစ်သည် မြန်မာနိုင်ငံ၏ အဓိအသက်သွေးကြောမြစ်များဖြစ်ကြောင်းနှင့် တိုင်းရင်းသားဒေသများတွင် အကောင်ထည်ဖော်မည့် စီမံကိန်းကို ဒေသခံတိုင်ရင်းသားတွေက လက်မခံမည်ဆိုပါက နောက် ဆက်တွဲ ပဋိပက္ခများ ဖြစ်ပွား လာနိုင်ကြောင်း ဒေါက်တာအောင်နိုင်ဦး က သုံးသပ်ပြောဆိုသည်။

အစီရင်ခံစာအတွက် သုတေသနဦးဆောင်ပြုစုသူ မိအားချိုင်း က “အငြင်းပွားဖွယ်ရှိတဲ့ ဟတ်ကြီးရေကာတာ ဟာ ယခုအခါမြန်မာအစိုးရနဲ့ ထိုင်းရင်းနှီးမြှပ်နှံသူများက ပြန်လည်တည်ဆောက်ဖို့ စီစဉ်နေတယ်။ ဒါကြောင့် ကျမတို့ မြစ်အောက်ပိုင်းနေလူထုများနဲ့ အခြားသံလွင်မြစ်တလျှောက် နေထိုင်ကြတဲ့ ဒေသခံလူထုများရဲ့ အသက်မွေးဝမ်းကြောင်းနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်ဖျက်ဆီးမယ့် သံလွင်ရေကာတာကြီးများရဲ့ ဆိုးကျိုးတွေကို ဒေသခံ လူထုတွေက စိုးရိမ်ပူပန်မှုတွေရှိနေကြတယ်” ဟု ဆိုသည်

သံလွင်မြစ်ရေကာတာများသည် ဒေသခံများအတွက် မည်သည့်အကျိုးအမြတ်မှမရှိသကဲ့သို့ မြစ်အောက်ပိုင်းနှင့် မြစ်ဝ ကျွန်းပေါ်၏ သဘာဝပတ်ဝန်းကျင်၊ ဂေဟစနစ်များအား ပျက်သုဉ်းးစေမည့် စီမံကိန်းသာ ဖြစ်သောကြောင့် လူထု ရွေးကောက်တင်မြှောက်ထားသည့် လက်ရှိအစိုးရသစ်အနေနဲ့ လူထုအသံကို လစ်လျှူပြီး အတိတ်က အမှားများကို ပြန်မလုပ်သင့်ဟု မိအားချိုင်း က ဆက်ပြောသည်။

လျှပ်စစ်လိုအပ်ချက်အရ ပြည်ထောင်စုအစိုးရမှ မြန်မာ့လျှပ်စစ်ဓါတ်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝင် အတွင်းရေးမှုး ဦးထိန်လွင် က ပြီးခဲ့သည် သြဂုတ် ၁၂ ရက်၊ ၂၀၁၆ မှာ သံလွင်မြစ်ပေါ် ရေအားလျှပ်စစ်စီမံကိန်း ‘ရေကာတာစီမံကိန်းများ’ တည်ဆောက်မည်ကို ထုတ်ပြန်ကြေငြာခဲ့သည်။

သံလွင်မြစ်ရေကာတာကို ၆ ခု တည်ဆောက်ရန်ရာထားရှိပြီး ထွက်ရှိ့လာမည့် လျှပ်စစ်စွမ်းအင်ကို တရုတ်နိုင်ငံ ၄၅ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံ ၄၅ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံမှ ၁၀ရာခိုင်နှုန်း ဖြင့် ခွဲဝေသွားမည်ဟု အစီရင်ခံစာအရ သိရသည်။

သံလွင်မြစ်သည် မြန်မာနိုင်ငံရှိ ပြည်နယ် ၄ ခုကိုဖြတ်ကျော်စီးဆင်းလျှက်ရှိပြီ ၎င်းမြစ်ကိုမှီခိုလျှက် စိုက်ပျိုး ရေးလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ ရေကြောင်းဆက်သွယ်ရေးလုပ်ငန်းနှင့် အခြားအသက်မွေးဝမ်းကြောင်းဖြင့် ဒေသ ခံတိုင်းရင်းသားများ နေထိုင်လုပ်ကိုင်စားသောက် လျှက်ရှိသည်။

သံလွင်မြစ်အတွင်း တည်ဆောက်မည့် ရေအားလျှပ်စစ်ထုတ်လုပ်မည့်စီမံကိန်းများတွင် ရှမ်းပြည်နယ် ကွမ်လုံရေကာတာ -၁၄၀၀ မီဂါ၀ပ်၊ နောင်ဖါရေကာတာ-၁၂၀၀ မီဂါ၀ပ်၊ မိုင်းတုံရေကာတာ-၇၁၁၀ မီဂါ၀ပ်၊ မန်းတောင်ရေကာတာ-၂၂၅   မီဂါဝပ်၊ ကယားပြည်နယ် ရွာသစ်ရေကာတာ-၄၀၀၀ မီဂါဝပ်နှင့် ကရင်ပြည်နယ် ဟတ်ကြီးရေကာတာ- ၁၃၆၀ မီဂါဝပ်တို့ ပါဝင်လျက်ရှိသည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...