WFP ၏ ရိက္ခာထက်ဝက်လျော့သည့် အစီစဉ်ကြောင့် ရှမ်းမြောက်ဒုက္ခသည်များအခက်တွေ့

WFP ၏ ရိက္ခာထက်ဝက်လျော့သည့် အစီစဉ်ကြောင့် ရှမ်းမြောက်ဒုက္ခသည်များအခက်တွေ့
by -
သတင်းနှင့် မီဒီယာ ကွန်ယက်
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နှင့်နမ့်ခမ်းမြို့နယ်များရှိစစ်ဘေးဒုက္ခသည်စခန်းများကိုကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP အဖွဲ့မှနဂိုပေးနေသည့် အထောက်အပံ့များအားထက်ဝက်လျော့ချ လိုက်သည့်အတွက် ရိက္ခာအခက်ခဲအမျိုးမျိုးနဲ့ ကြံုတွေ့နေရသည်ဟုဒုက္ခသည်များကပြောသည်။

နမ့်ခမ်းမြို့နယ် ပန်လုံဒုက္ခသည်စခန်းမှ ဦးမဒိန်ချန်လုတ်က“ကျနော်တို့ အိမ်ထောင်စုတခုမှာ ၁၈ နှစ်နဲ့ ၅၀ ကြားကလူတွေအတွက်ကတော့ မပေးဘူးလို့ ပြောတယ်။ ဒါပေမယ့် အခုကျနော်တို့ မိသားစုမှာဆိုရင် အသက် ၁၈ နှစ်နဲ့ ၅၀ ကြားကလူနှစ်ယောက်ရှိတယ်၊ နှစ်ယောက်ရှိတော့ တယောက်ကိုကပေးတယ်၊ တယောက်ကိုကတဝက်ပေးတာပေါ့၊ နဂိုကဆန် ၅ ပြည်နဲ့ ၄ လုံးပေးရင် အခုက ၂ ပြည်ကျော် အဲ့လိုမျိုးပေးတာပေါ့။ ငွေကပုံမှန်ကတော့ တယောက် ကို ၆၀၀၀ အခုကျတော့ တယောက်ကိုလျော့တယ်ဆိုတော့ တဝက်နှုန်းနဲ့ အဲ့လိုမျိုးပဲပေးတာပေါ့။” ဟုပြောသည်။

၂၀၁၆ ခုနှစ် ဇူလိုင်လအထိဒုုက္ခသည်များအား ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ လူတဦးအားတစ်လလျှင်ဆန် ၅ ပြည် နိုု့ဆီဗူး ၄ဗူး အပြင် ဆီ၊ ဆား၊ ပဲ၊ အာဟာရ တိုု့အတွက် ကျပ်ငွေ၆၀၀၀ ကျပ် ထောက်ပံ့ပေးရာမှ သြဂုတ်လမှစတင်ကာထက်ဝက်လျော့ချ လိုက်တာဖြစ်ကြောင်းသိရသည်။

မူဆယ်မြို့ရှိအိမ်ထောင်စုု စုုစုုပေါင်း(၅၁)စုုရှိပြီး လူဦးရေ ၂၀၃ ဦး နေထိုင်နေသည့်မူဆယ် KBC IDPs camp မှ ဒုက္ခသည်များကိုလည်း ရိက္ခာများထက်ဝက်ကျော်လျော့ချလိုက်သလိုအချို့မှာဒီကနေ့အချိန်ထိ သြဂုတ်လရိက္ခာအတွက် မရသေးဘူးလို့ စခန်းတာဝန်ခံဦးဖော်ရိုးနော်ဒင့်က ပြောသည်။

သြဂုတ်လအတွက် ရိက္ခာအချို့အားစက်တင်ဘာလဆန်းမှ ထုတ်ပေးပြီးယနေ့အချိန် သြဂုတ်လအတွက် ဆန် ထုတ်မပေးသေးဘူးလို့ ပန်လုံဒုက္ခသည်စခန်းတာဝန်ခံဦးဇော်ဂွန်းက “WFP က ဆန် ပဲဆီဆားအာဟာရပေါ့နော် အားလုံးကိုလျော့သွားတာ၊ လျော့မယ်ဆိုတာတော့ ကြိုတင်ပြောထားပြီးသား၊ သြဂုတ်လအတွက်ကနေစပြီးလျော့လိုက်တာ။ဒါပေမယ့် သြဂုတ်လစာကလည်း မရသေးဘူး။ ဘယ်လိုဖြေရှင်းနေလဲဆိုတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြံဖန်ပြီးတော့ ရှာစားနေတာပေါ့။ တချို့ကတော့ ထောက်ပံ့နေတာကိုပဲချွေတာပြီးစားနေကြတယ်၊ တချို့က တော့ ပတ်ဝန်းကျင်မှာကောက်စိုက် ကြံခုတ် သွားလုပ်နိုင်တဲ့လူလည်းရှိတယ် မလုပ်နိုင်တဲ့လူကတော့ ထောက်ပံ့တဲ့ ဟာကိုပဲမျှော်နေတဲ့လူလည်းရှိတာပေါ့။” ဟုပြောသည်။

ပန်လုံု စစ်ရှောင်ဒုုက္ခသည်စခန်းတွင် အိမ်ထောင်စုု ၁၂၅ စုုရှိပြီး လူဦးရေ ၅၇၈ ဦး စခန်းတွင်းထက်ဝက်ခန့်ရှိသည့် အသက် ၁၈ နှစ်မှ အသက် ၅၀ အတွင်းရှိသူအားလုံးရိက္ခာထက်ဝက်လျော့ခံလိုက်ရခြင်းဖြစ်သည်။

မူဆယ်မြို့နှင့် နမ့်ခမ်းမြို့ရှိဒုက္ခသည်စခန်းများမှ ဒုက္ခသည်များ၏ စား ၀တ်နေရေးကိုု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၊မေတ္တာဖောင်ဒေးရှင်းနှင့် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC) တိုု့မှအဓိက ကူညီထောက်ပံ့ပေးနေခြင်း ဖြစ်သည်။

ရှမ်းပြည်နယ် မြောက်ပိုင်းမူဆယ်မြို့နှင့် နမ့်ခမ်းမြို့ရှိစစ်ဘေးဒုုက္ခသည် အများစုုသည် ကချင်တိုုင်းရင်းသားများဖြစ်ကြပြီး ကတော့ကောင်၊ ယန်ဝူး၊ မော်ဆွေ၊ ဒိန်ဂါ၊ ကျမ်းကား၊ စသည့် ရွာ ၅ ရွာမှစစ်ဘေးရှောင်များဖြစ် ကြသည်။

မြန်မာအစိုးရတပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တိုု့ကြားဖြစ်ပွားခဲ့သောတိုုက်ပွဲများကြောင့် ၂၀၁၄ဧပြီလ နှစ်ဆန်းပိုင်းမှ စတင်၍ယနေ့အချိန်ထိနေရပ်ရင်းမပြန်ရသေးဘဲဒုက္ခသည်စခန်းများတွင် ခိုလှုံနေကြရခြင်းဖြစ်သည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...