မွန်ပြည်သစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်နှင့် ပြည်နယ်အစိုးရတွေ့ဆုံမှု နှစ်ဦးနှစ်ဖက် ထုတ်ဖော်ပြောဆိုခြင်း မရှိ

မွန်ပြည်သစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်နှင့် ပြည်နယ်အစိုးရတွေ့ဆုံမှု နှစ်ဦးနှစ်ဖက် ထုတ်ဖော်ပြောဆိုခြင်း မရှိ
by -
ရွှေရိုး

မွန်ပြည်သစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်နှင့် ပြည်နယ်အစိုးရတို့ အလွတ်သဘောတွေ့ဆုံမှုအပြီး မီဒီယာများမေးမြန်းရာတွင် ဆွေးနွေးသည့်အချက်အလက်များကို နှစ်ဦးနှစ်ဖက် ထုတ်ဖော်ပြောဆိုခြင်း မရှိကြောင်း သိရသည်။

“အခု ကျနော်တို့ ညှိနှိုင်းတာ ပြောလို့မရပါဘူး။ နှစ်ဦးနှစ်ဖက် တိုးတိုးတိတ်တိတ်ပဲ ပြောဆိုဆွေးနွေးလို့ရမယ်။ လျှို့ဝှက်ထားတယ်” ဟု မွန်ပြည်သစ်ပါတီ ဒုတိယ ဥက္ကဋ္ဌ နိုင်ဟံသာက ပြောကြားသည်။

အဆိုပါ တွေ့ဆုံမှုအပြီး မီဒီယာများမှ ဝန်ကြီးချုပ်ကို မေးမြန်းရန် ကြိုးစားရာတွင် ဝန်ကြီးချုပ်မှ လက်တားပြပြီး ပြန်လည်ဖြေကြားပေးခြင်း မရှိပါ။

“ဒီပွဲက ကျွန်တော်တို့ ယုံကြည်မှုတည်ဆောက်နေတယ်။ ဆွေးနွေးတဲ့အချက်က ထုတ်ဖော်ပြောဆိုလို့မရသေးဘူး”ဟု မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်ရွှေသိန်းက ပြောသည်။

မွန်ပြည်သစ်ပါတီ NMSP ဒုတိယ ဥက္ကဋ္ဌ နိုင်ဟံသာ ဦးဆောင်သော ဗဟိုကော်မတီဝင်များဖြစ်သည့် နိုင်ရွှေသိန်း၊ နိုင်ဗညာလယ်၊ တွဲဖက်အတွင်းရေးမှူးနိုင်ဇွဲယျနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ဦးဆောင်ပြီး ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးရွှေမြင့်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်းတို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲကို နိုဝင်ဘာ ၂၈ ရက်က ရေးမြို့နယ်၊ ပုပ္ဖဝတီကျေးရွာ ပုပ္ဖဝတီသာသနာပြုနယ်မြေ ကိုရင်လေးကျောင်းတွင် အလွတ်သဘောအဖြစ် တွေ့ဆုံခဲ့ကြသည်။

Most read this week