အစိုးရဦးဆောင်မှုအောက်သို့ တပ်မတော် ရောက်ရှိမှသာ ယုံကြည်နိုင်မည်ဟု UNFC ဒုတိယ- ဥက္ကဋ္ဌ ပြော

အစိုးရဦးဆောင်မှုအောက်သို့ တပ်မတော် ရောက်ရှိမှသာ ယုံကြည်နိုင်မည်ဟု UNFC ဒုတိယ- ဥက္ကဋ္ဌ ပြော
by -
ကန္တရဝတီတိုင်း(မ်)
ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မည်ဆိုပါက အစိုးရတပ်မတော်သည် ဒီမိုကရေစီနည်းလမ်းကျကျ အရပ်သားအစိုးရ၏ ဦးဆောင်မှုအောက်သို့ အသွင်ကူးပြောင်းမှသာ ပိုမိုယုံကြည်နိုင်မည်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) ဒုတိယ-ဥက္ကဋ္ဌနိုင်ဟံသာက ပြောသည်။

“တပ်မတော်ကလည်း ဒီမိုကရေစီနည်းကျကျ အစိုးရလက်အောက်မှာနေရမယ်။ အရပ်သားဦးဆောင်မှုအောက်မှာ လက်ခံနေရမယ်ဆိုတဲ့ အနေအထားမျိုးရှိရမယ်။ အဲ့ဒါကိုရော တပ်မတော်ကအကောင်အထည် ဖော်နေပြီလားပေါ့။ တပ်မတော်က၂၀၀၈ကိုပဲ ကိုင်ထားပြီးတော့ လွှတ်တော်မှာလည်း၂၅ ရာခိုုင်နှုန်း၊ အစိုးရ မှာလည်း သုံးနေရာ၊ ကာလုံမှာလည်း လွှမ်းမိုးထားတယ်။ ဒီလိုအနေအထားမျိုးမှာ အန်ကယ်တို့ ဘယ် လို ယုံကြည်ရ မလဲ။ ယုံကြည်မှုဆိုတာကတော့လက်တွေ့အပေါ်မှာမှယုံကြည်လို့ရမှာလေ” ဟု ၄င်းက ပြောသည်။

တပ်မတော်သားအစုအဖွဲ့ကိုယ်စားဗိုလ်မှူးကြီး နေလင်းထွန်းက တပ်မတော်၏သဘောထားရပ်တည်ချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဖက်ဒရယ်စနစ်နှင့်မညီဟု သုံးသပ်မည့်အစား အဖွဲ့အစည်းများ၏ နိုင်ငံရေးလိုလားချက်များအားလုံးကို ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်အခြေခံပြီးသာပြင်ဆင်သင့်ကြောင်းကို ၂၁ ရာစု ပင်လုံညီလာခံနောက်ဆုံးနေ့တွင် စာတမ်းဖတ်ကြားတင်သွင်းလိုက်သည့်အတွက် တပ်မတော်အနေဖြင့် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုသာ အခြေခံမှသာ လက်ခံမည်ဆိုသည့် သဘောထားကို တွေ့ရသည်။

ထို့အပြင် UNFC၏ အထွေထွေအတွင်းရေးမှူး ခူးဦးရယ်က “ကျွန်တော်က ၂၀၀၈ကိုလည်းမဝင်ပါချင်ဘူး။ ကျွန်တော်တို့သွားချင်တဲ့ ဖက်ဒရယ်ကိုပဲ ပြောကြတာကောင်းမယ်ထင်တယ်။ သူ့ကိုမကောင်းဘူး ကိုယ့်ဟာမကောင်းဘူးပြောရင်တော့ ဆုံးမှာမဟုတ်ဘူး။ အားလုံးလက်ခံနိုင်တဲ့ ဖက်ဒရယ်အခြေခံတစ်ခုကိုပဲ ရေးဆွဲကြရင်ကောင်းမယ် ”ဟုဆိုပါသည်။

UNFCအနေဖြင့် ဖက်ဒရယ်ပြည်ထောင်စုဆိုသည်မှာ ဒီမိုကရေစီရေး၊အမျိူးသားတန်းတူအရေးနှင့် ကိုယ်ပိုင်ပြ ဌာန်းခွင့်များကို အာမခံနိုင်သော ဖက်ဒရယ်ပြည်ထောင်စုဖြစ်ရမည်ဖြစ်သည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ရာစုပင်လုံ) အစည်းအဝေး ဒုတိယနေ့တွင် ဖက်ဒရယ် ပြည်ထောင်စုတပ်မတော်ဖွဲ့စည်း ရေးနှင့် ပတ်သက်ပြီး စာတမ်းတင်သွင်းသည့် အဖွဲ့ ၃ဖွဲ့ ရှိကြောင်း ညီလာခံကျင်းပရေးကော်မတီဝင် ဦးခင်ဇော်ဦးက သတင်း စာရှင်းလင်းပွဲတွင် ပြောသည်။
ဖက်ဒရယ်စနစ်တွင် နိုုင်ငံ၏ကွဲပြားခြားနားသော ပထဝီဒေသ သိုု့မဟုုတ် လူမျိုးဘာသာများအပေါ် အခြေခံပြီး ကျင့်သုံးပုံအမျိုးမျိုးရှိကြောင်း Dr.VEnket Iyer နှင့် Dr. Jim Gallagher တို့၏ ဖက်ဒရယ်စနစ်၏ အခြေခံများ စာတမ်းတွင် ရှင်းလင်းဖော်ပြထားသည်။

ပြည်ထောင်စု(ဖက်ဒရယ်)စနစ်ကျင့်သုံးသည့် နိုင်ငံတော်ဆိုင်ရာတွင် ကွဲပြားခြားနားစွာတည်ရှိနေသော ပထဝီအ နေအထား၊ ယဉ်ကျေးမှုဓလေ့ထုံုးစံ၊ ဘာသာစကား၊ စာပေ၊ သမိုင်းကြောင်းစသည့် အမျိုးသားရေး စရိုက်လက္ခဏာ များအရ ကွဲပြားခြားနားစွာ တည်ရှိနေသော တိုင်းရင်းသားလူမျိုးများ၏ နယ်မြေဒေသများကို ပစ္စုပ္ပန်အခြေအနေများ ပေါ်တွင် မူတည်၍ ပြည်ထောင်စုဝင်ပြည်နယ်များအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။

၄င်းတို့ အားလုံး၏ တူညီသော အကျိုးစီးပွားအတွက် စုစည်း၍ စနစ်တကျဖွဲ့စည်းထားသည့် နိုင်ငံတော်၏ဖွဲ့စည်းမှုပုံစံတစ်ရပ်ပင်ဖြစ်ကြောင်း လေ့လာ တွေ့ရှိရကြောင်းကို ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)တွင် ပါရှိသည့် ဖက်ဒရယ် စနစ်၏ ၀ိသေသလက္ခဏာများ စာအုပ်တွင် ဖော်ပြထားသည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...