အလည်အပတ် ဗီဇာနှင့် စီးပွားရေးဗီဇာ နှစ်မျိုးကိုုနယ်စပ်များမှ တဆင့် E-VISA စနစ်ဖြင့် ထုုတ်ပေးတော့မည် ဖြစ်ကြောင်းတာချီလိတ် မြို့နယ် လူဝင်မှု ကြီးကြပ်ရေးဦးစီးအရာရှိဦးရဲထွန်းမြင့်က NMG ကိုုပြောပြသည်။
"E-VISA နဲ့ ပတ်သက်ပြီးအခုုမှ စတာခင်ဗျ၊ နဂိုုကတော့ ဟိုု တရားဝင် VISA ကြီးပေါ့ ဒါပါမှပဲလျှောက်ထားပြီး VISA ခွင့်ပြုချက်ကျတဲ့ဟာပဲ။ ကျနော်တိုု့ အပြည်ပြည်ဆုုိင်ရာလေဆိပ်တွေကတော့ ပေးတာကြာပြီဗျ ကျနော်တိုု့ အခုုကုုန်းလမ်းအခုုမှ စတာပေါ့၊"သူကဆိုသည်။
နိုင်ငံခြားခရီးသည်များပိုုမိုုလွယ်ကူစွာ ၀င်ထွက်သွားလာနိုုင်စေရန် ယခုုအစီအစဉ်သစ်ကိုုစတင်လိုုက်ခြင်း ဖြစ်သည်ဟုုသူကပြောသည်။
ထိုုင်းမြန်နယ်စပ်မြို့များဖြစ်သည့် ထိုုင်းနိုုင်ငံမယ်ဆိုုင်မြို့မှ မြန်မာနုုိင်ငံတာချီလိတ်မြို့၊ ထိုုင်းနုုိင်ငံမဲဆောက်မြို့မှ မြန်မာနိုုင်ငံ မြဝတီမြို့ နှင့်ထိုုင်းနိုုင်ငံရနောင်းမြိုု့မှ မြန်မာနိုုင်ငံကော့သောင်းမြို့ များသိုု့ E-VISA ဖြင့် ၀င်ရောက်ခွင့် ပြုပေးလိုုက်ခြင်း ဖြစ်သည်။
"နဂိုုဆိုုရင် ထိုုင်းကလာမယ်ဆိုုလိုု့ရှိရင် ဟိုုအပြည်ပြည်ဆိုုင်ရာလေဆိပ်မှ ၀င်ရမယ် ဘာညာဆိုုတော့ နည်းနည်းသူတိုု့ အခက်အခဲရှိတာပေါ့။ အခုုဒီဖက် နယ်စပ် ကုုန်းလမ်းဘာညာဆိုုရင်တော့ ပိုုအဆင်ပြေကြတာပေါ့ သူတိုု့အတွက်။"
သိုု့သော်လည်းမယ်ဆိုင်-တာချီလိတ် နယ်စပ်မှ ၀င်ရောက်သူ တစ်ဦး နှစ်ဦးသာရှိသေးသည်။ ဦးရဲထွန်းမြင့်က"တချို့ကလည်းမသိကြသေးတာလားဘာလားမသိဘူးပေါ့။" ဟုပြောသည်။
နိုုင်ငံပေါင်း ၁၀၀ က ခရီးသွားဧည့်သည်များကိုု E-VISA ဖြင့် အလည်အပတ် ၀င်ရောက်ခွင့် ပြုသွားမည်ဖြစ်သည်။ စီးပွားရေး E-VISA လျှောက်ယူခွင့်ကိုုလည်း ၅၁ နိုုင်ငံကစီးပွားရေးလုုပ်ငန်းရှင်တွေကိုခွင့်ပြုသွားမည် ဖြစ်သည်။
မြန်မာနိုုင်ငံကိုုလာရောက်လည်ပတ်သောနုုိင်ငံခြားသားဦးရေမှာပြီးခဲ့သည့်နှစ်အတွင်း ၁ ဒသမ၆၉ သန်းရှိခဲ့ပြီး ရ၀ ရာခိုုင်နှုန်းသည်ထိုုင်း၊ တရုုတ်၊ ဂျပန် နှင့်စင်ကာပူနုုိင်ငံများကလာရောက် လည်ပတ်သူများဖြစ်ကြသည်။







