MUNGBAW ကျေးရွာ အနီး မြန်မာစစ်တပ် နှင့် KIA တိုက်ပွဲ ဖြစ်

MUNGBAW ကျေးရွာ အနီး မြန်မာစစ်တပ် နှင့် KIA တိုက်ပွဲ ဖြစ်

နို၀င်ဘာ ၁ ရက်နေ့ နံနက်အစောစောပိုင်းမှာ မြန်မာစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၆) ကြား ရှမ်းပြည်နယ်မြောက်ပိုင်း Mungbaw ကျေးရွာအနီး တစ်နာရီခန့် တိုက်ပွဲငယ် ဖြစ်ပွားခဲ့သည်။

KIA တပ်များ ခေတ္တစခန်းချနေသည့် Nam Hkyet၊ Howa ရွာဟောင်း Wudang Bum (လက်ဝါးကပ်တိုင် တောင်ကုန်း)ကို အစိုးရတပ်မ (၁၁) အောက်တပ်ဖွဲ့များစတင် ပစ်ခတ်တိုက်ခိုက်ရာမှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားသည် ဟု KIA တပ်မဟာ (၆) အရာရှိတဦး ကချင်သတင်းဌာန KNG ကို အတည်ပြု ပြောသည်။

ထို တောင်ကုန်းမှ KIA တပ်ဆုတ်ခွာ ပေးလိုက်ရ ပြီးနောက် အစိုးရတပ်များ ပြန်လည် စခန်းချ နေကြောင်း သူကဆက်ဆိုသည်။

အစိုးရ တပ်ဘက် ထိခိုက် ဒဏ်ရာရသူများကို နီးစပ်ရာ Mungbaw ကျေးရွာသို့ သယ်ယူသွားစဉ် စစ်သားများက လမ်းတလျှောက် သေနတ်ရမ်းတမ်း ပစ်ခတ်မှုများ ပြုလုပ်သည်ဟု ဒေသခံများ ပြောပါတယ်။

June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...
June 26, 2026
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ရေကြီးရေလျှံမှုဖြစ်ပြီးနောက် ရေထဲမှာ ဆေးထိုးအပ်တွေ...