MUNGBAW ကျေးရွာ အနီး မြန်မာစစ်တပ် နှင့် KIA တိုက်ပွဲ ဖြစ်

MUNGBAW ကျေးရွာ အနီး မြန်မာစစ်တပ် နှင့် KIA တိုက်ပွဲ ဖြစ်

နို၀င်ဘာ ၁ ရက်နေ့ နံနက်အစောစောပိုင်းမှာ မြန်မာစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၆) ကြား ရှမ်းပြည်နယ်မြောက်ပိုင်း Mungbaw ကျေးရွာအနီး တစ်နာရီခန့် တိုက်ပွဲငယ် ဖြစ်ပွားခဲ့သည်။

KIA တပ်များ ခေတ္တစခန်းချနေသည့် Nam Hkyet၊ Howa ရွာဟောင်း Wudang Bum (လက်ဝါးကပ်တိုင် တောင်ကုန်း)ကို အစိုးရတပ်မ (၁၁) အောက်တပ်ဖွဲ့များစတင် ပစ်ခတ်တိုက်ခိုက်ရာမှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားသည် ဟု KIA တပ်မဟာ (၆) အရာရှိတဦး ကချင်သတင်းဌာန KNG ကို အတည်ပြု ပြောသည်။

ထို တောင်ကုန်းမှ KIA တပ်ဆုတ်ခွာ ပေးလိုက်ရ ပြီးနောက် အစိုးရတပ်များ ပြန်လည် စခန်းချ နေကြောင်း သူကဆက်ဆိုသည်။

အစိုးရ တပ်ဘက် ထိခိုက် ဒဏ်ရာရသူများကို နီးစပ်ရာ Mungbaw ကျေးရွာသို့ သယ်ယူသွားစဉ် စစ်သားများက လမ်းတလျှောက် သေနတ်ရမ်းတမ်း ပစ်ခတ်မှုများ ပြုလုပ်သည်ဟု ဒေသခံများ ပြောပါတယ်။

January 17, 2026
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့...
January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...