ဆောင်းအကြို လင်းခေးမြို့သဘာဝရေပူစမ်းအား ကျားခေါင်းအမတ်နှင့်လူထု ပြုပြင်မွမ်းမံ

ဆောင်းအကြို လင်းခေးမြို့သဘာဝရေပူစမ်းအား ကျားခေါင်းအမတ်နှင့်လူထု ပြုပြင်မွမ်းမံ

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင်လင်းခေးမြို့ရှိ သက်တမ်းရင့်ရေပူစမ်းရေကန်နှင့် ရေချိုးသည့်နေရာအား ပြည်နယ်လွှတ်တော်အမတ်နှင့် ဒေသခံပြည်သူလူထုတို့စုပေါင်းကာ ပြုပြင်မွမ်းမံခဲ့ကြောင်းသိရသည်။

ဆောင်းရာသီအဝင်တွင် ရပ်နီးရပ်ဝေးမှ ဧည့်သည်များ လင်းခေးမြို့ရှိ သဘာဝရေပူစမ်းသို့လာရောက်ရေချိုးကြသည့်အားလျော်စွာ လင်းခေးမြို့နှင့်အပြိုင်တည်ရှိလာသော နမ့်အွန်ရွာရှိ သဘာဝရေပူစမ်းရေချိုးဆိပ်အား ပြန်လည်မွမ်းမံကာ သန့်ရှင်းရေးပြုလုပ်ခြင်းကို အောက်တိုဘာလလယ်ပိုင်းကပြုလုပ်ပြီးစီးသွားကြောင်းသိရသည်။

လင်းခေးမြို့နယ် ကျားခေါင်းပါတီ SNLD ပြည်နယ်လွှတ်တော်အမတ် စိုင်းအောင်မျိုးကျော်က "လွှတ်တော်ရံပုံငွေထဲကနေ လုပ်တယ်။ ကျပ်သိန်း ၅၀ လောက်ကုန်ကျပါတယ်။ ရေချိုးတဲ့နေရာက အရင်တုန်းကအဆင်မပြေဘူး။ ပြုစုတဲ့သူမရှိလို့ သန့်ရှင်းမှုမရှိဘူး။ ခုတော့ ကန်ကနေရေချိုးတဲ့နေရာအထိ မြောင်းလေးကိုပြုပြင်မွမ်းမံတယ်။ ရေချိုးဆိပ်ကို အရင်က ၂ ခန်းရှိတာကိုအခု ၄ ခန်းရှိအောင်မွမ်းမံတယ်။ အမျိုးသား ၈ ယောက် အမျိုးသမီး ၈ ယောက်တပြိုင်တည်းရေချိုးနိုင်ပြီ။ ရေနှုတ်မြောင်းကိုလည်း ရေစီကောင်းအောင် ပြင်ပေးထားပါတယ်။ ဒီဆောင်းအတွက်တော့ လင်းခေးနမ့်အွန်ရေချိုးဆိပ်က ရပ်နီးရပ်ဝေးဧည့်သည်တွေကိုကြိုဆိုနေပါတယ် " ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

နမ့်အွန်ရေချိုးဆိပ်အား တလခန့်အချိန်ယူပြုပြင်မွမ်းမံကြောင်းလည်း လွှတ်တော်အမတ်ကပြောဆိုပါသည်။ အဆိုပါ သဘာဝ ရေပူစမ်းတွင်ရေချိုးခြင်းအားဖြင့် ကိုယ်လက်ကိုက်ခဲမှု ပျောက်ကင်းခြင်း၊ ကိုယ်တွင်းအပူဓါတ်ထိန်းသိမ်းပေးခြင်း စသည့်ကျန်းမာရေးနှင့်ညီညွတ်သဖြင့် ဆောင်းရာသီတွင် ရေပူစမ်းချိုးကြခြင်းဖြစ်သည်ဟု လင်းခေးဒေသခံများကပြောဆိုနေကြသည်။

နမ့်အွန် ရေပူစမ်းသည် လင်းခေးမြို့နယ် ဒါးဆိပ်အုပ်စု နမ့်အွန်ရွာတွင်တည်ရှိပါသည်။

May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...