NCA လက်မှတ်ထိုးရန် သုံးပွင့်ဆိုင်မူကို UNFC ဆက်လက်ဆုပ်ကိုင်မည်

NCA လက်မှတ်ထိုးရန် သုံးပွင့်ဆိုင်မူကို UNFC ဆက်လက်ဆုပ်ကိုင်မည်
by -
မွန်သတင်းအေဂျင်စီ
၂၁ ရာစုပင်လုံ(ပထမအစည်းအဝေး) နောက်ဆုံးနေ့ ရှေ့တန်းခုံမြင်ကွင်း(နိုင်ငံတော်အတိုင်ပင်ခံရုံး)
၂၁ ရာစုပင်လုံ(ပထမအစည်းအဝေး) နောက်ဆုံးနေ့ ရှေ့တန်းခုံမြင်ကွင်း(နိုင်ငံတော်အတိုင်ပင်ခံရုံး)
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခို်က်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးရန် သုံးပွင့်ဆိုင်ပါဝင်ရေးမူကို ဆက်လက်ဆုပ်ကိုင်ထားမည်ဟု ညီညွတ်သော တိုုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာက ပြောသည်။

စက်တင်ဘာ ၃ ရက်တွင် ကျင်းပသော နေပြည်တော် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ(ပထမ) အစည်းအဝေး နောက်ဆုံးနေ့အပြီး သတင်းထောက်များအား ပြောကြားခြင်း ဖြစ်သည်။

သုံုးပွင့်ဆိုုင်ဟုုဆိုုရာတွင် အစိုုးရ၊ လွှတ်တော်နှင့် တပ်မတော်ပေါင်း တစုု၊ တုုိင်းရင်းသား လက်နက်ကိုုင် အဖွဲ့အစည်းများက တစုုနှင့် နိုုင်ငံရေးပါတီများက တစုုဖြစ်သည်။

“သူတို့အစုအဖွဲ့နဲ့ သက်ဆိုင်တဲ့ ပညာရှင်၊ အမျိုးသမီးအဖွဲ့၊ စာပေ၊ ယဉ်ကျေးမှု၊ စီးပွားရေး စတဲ့စတဲ့နယ်ပယ်အရပ်ရပ် ကိုယ်စားပြုသူတွေ ပါဝင်လာမယ်၊ ကျနော်တို့လက်နက်ကိုင်အဖွဲ့သက်သက်ပဲ မဟုတ်ပါဘူး၊ နယ်ပယ်အသီးသီးက ကျနော်တို့တိုင်းရင်းသားလက်နက်ကိုင်နဲ့ နီးစပ်တဲ့ပုဂ္ဂိုလ်တွေပါဝင်ဖို့လိုအပ်ပါတယ်” ဟု နိုင်ဟံသာက ပြောသည်။

NCA သဘောတူစာချုပ် အပိုဒ် ၂၂ ၏ “နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲအဆင့်ဆင့် အားလုံးပါဝင်ရေးမူကို အခြေခံဆောင်ရွက်ရမည်”ဟူသည့် အချက်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသား ကိုယ်စားလှယ်အပြင် အရပ်ဘက်လူ့အဖွဲ့အစည်း၊ စီးပွားရေးအသင်းအဖွဲ့၊ ပညာရှင်အစုအဖွဲ့နှင့် အခြားပါဝင်သင့်ပါဝင်ထိုက်သူများအား သင့်တော်သည့် အချိုးအစားအလိုက်ပါဝင်ရန် ထည့်သွင်းဖော်ပြထားသည်။

တိုင်းရင်းသားလက်နက်ကိုင် ၁၆ ဖွဲ့ပါဝင်သော တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ UPWC အကြား ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် NCA စာချုပ်မူကြမ်းချုပ်ဆို လက်မှတ်ရေးထိုးခဲ့သည်။

အဆိုုပါ မူကြမ်းကိုု တိုုင်းရင်းသားခေါင်းဆောင်များ ပြန်လည်သုံုးသပ်ပြီး အချက်အလက် အချို့ကိုု ပြန်လည်ပြင်ဆင်ရန်တင်ပြသောအခါအစိုုးရက လက်မခံခဲ့ကြောင်း နိုုင်ဟံသာက ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့က ယမန်နှစ် အောက်တိုဘာ ၁၅ ရက်နေ့၌ NCA စာချုပ်အတည်ပြုချုပ်ဆိုခဲ့သော်လည်း လက်ရှိ UNFC အဖွဲ့ဝင်များက လက်မှတ်ရေးထိုးခြင်းမပြုပေ။  

UNFC တွင် မွန်ပြည်သစ်ပါတီ (MNSP)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ရှမ်းပြည်တိုုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA)၊ ရခိုုင်အမျိုးသားကောင်စီ (ANC)၊ ကရင်နီအမျိုးသားတိုုးတက်ရေးပါတီ (KNPP)၊ လားဟူဒီမိုုကရက်တစ်အစည်းအရုံုး (LDU)နှင့် “၀”အမျိုးသားအခွဲ့ချုပ် (WNO) တိုု့ပါ၀င်သည်။

နေပြည်တော်တွင် ယခုုကျင်းပခဲ့သည့် ပြည်ထောင်စုုငြိမ်းချမ်းရေးညီလာခံတွင် နိုုင်ငံတော်အတိုုင်ပင်ခံ ဒေါ်အောင်ဆန်းစုုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုုလ်ချုပ်မှူးကြီးမင်းအောင်လှိိုင်တိုု့က NCA လက်မှတ်ရေးထိုုးရေးကိစ္စကိုု ညီလာခံအဖွင့်မိန့်ခွန်းများတွင် အလေးပေးပြီး ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုုကြည်က တစ်နိုုင်ငံလုံုးပစ်ခတ်တိုုက်ခိုုက်မှုရပ်စဲရေးဆိုုင်ရာ သဘောစာချုပ် NCAသည် ငြိမ်းချမ်းရေးအတွက်သာမက  ဒီမိုုကရေစီဖယ်ဒရယ်ပြည် ထောင်စုု တည်ဆောက်ရေးအတွက် ပထမဆုံုးခြေလှမ်းဖြစ်ကြောင်းပြောသည်။

“NCA နဲ့ပတ်သက်လိုု့ လက်မှတ်ထိုုးခဲ့တဲ့အဖွဲ့တွေရှိသလိုု အကြောင်းကြောင်းကြောင့် မထိုုးရသေးတဲ့အဖွဲ့တွေလည်းရှိနေပါတယ်။ နိုုင်ငံရေးဆွေးနွေးပွဲတွေ ဆက်ပြီးပြုလုုပ်တဲ့ အခါ NCA ကိုုအခြေခံပြီး ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ကျွန်မတိုု့အစိုုးရသစ် လက်ထက်မှာ NCA လက်မှတ်ထိုုးဖိုု့ကျန်နေတဲ့အဖွဲ့တွေ ပါ၀င်လာအောင် အထူးအလေးထားပြီး ဆောင်ရွက်လျှက်ရှိပါတယ်” ဟုုလည်း ဒေါ်အောင်ဆန်းစုုကြည်က ထည့်သွင်းပြောကြားခဲ့သည်။

NCA လက်မှတ်ရေးထိုးထားသော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO နာယက ခွန်ဥက္ကာက “NCA လက်မှတ်ရေးထိုးမှလည်း အခုညီလာခံအပြီး ရှေ့ဆက်သွားမယ့် အမျိုးသားအဆင့်နုုိင်ငံရေးဆွေးနွေးပွဲတွေမှာပါဝင်နိုင်မယ်။  မထိုးရင် မပါဝင်နုုိင်ဘူး” ဟု ဆိုသည်။

၄ ရက်ကြာကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ(ပထမ) အစည်းအဝေးတွင် တိုင်းရင်းသားများက ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ရန် ထောက်ပြပြောဆိုကြသော်လည်း တပ်မတော်၏အမြင်သဘောထားတင်ပြရာတွင် ပြင်ဆင်လိုပါက လက်ရှိဖွဲ့စည်းပုံပါ ဥပဒေပြဌာန်းချက်နှင့်အညီဖြစ်ရမည်ဟု ဆိုသည်။

အဆိုပါညီလာခံတွင် အစုအဖွဲ့ ရ၂ ဖွဲ့၏ သဘောထားအမြင်များကိုု သက်ဆိုုင်သူများက တင်ပြခဲ့ပြီး၊ ကမ္ဘာကုလသမဂ္ဂအတွင်းရေးမှူးချူပ်အပါအဝင် တက်ရောက်ပြောကြားသူများ၏ မိန့်ခွန်းအားလုံးကို မှတ်တမ်းအဖြစ်ထားရှိမည်ဖြစ်သည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...