ငြိမ်းချမ်းရေးတည်ဆောက်နုုိင်ရန် ရှမ်းနှင့်ပလောင်လူငယ်များ ပူးတွဲကော်မတီဖွဲ့စည်း

ငြိမ်းချမ်းရေးတည်ဆောက်နုုိင်ရန် ရှမ်းနှင့်ပလောင်လူငယ်များ ပူးတွဲကော်မတီဖွဲ့စည်း
by -
သတင်းနှင့် မီဒီယာ ကွန်ယက်
ရှမ်းလူငယ်နှင့်တအာင်းလူငယ်များ စုုပေါင်းပြီး “ပဋိပက္ခလျှော့ကျရေးနှင့် ငြိမ်းချမ်းရေးတည် ဆောက်မှု”ဆိုုသည့် ခေါင်းစဉ်ဖြင့် အလုုပ်ရုံုဆွေးနွေးပွဲတစ်ခုုကိုု ရှမ်းပြည်နယ် မြောက်ပိုုင်း လာရှိုးမြို့ ရှိ Golden Hill Hotel တွင် သြဂုုတ်လ ၂၂ မှ ၂၄ ရက် အထိ ကျင်းပခဲ့သည်။

လူငယ်ကဏ္ဍအနေဖြင့် လက်နက်ကိုုင်နှစ်ဖွဲ့အကြားမှ အစပြုကာ စတင်ဖြစ်ပေါ်လာသော လူမျိုးနှစ်မျိုးကြားမှ သံသယများ၊ အထင်အမြင် လွဲမှားမှုများကိုု အတူတကွ ပူးပေါင်းအဖြေရှာ ဖြေ ရှင်းဖိုု့ရန်အတွက် ပြုလုုပ်ရခြင်း ဖြစ်သည်ဟုု မြန်မာနိုုင်ငံလုံုးဆိုုင်ရာ ရှမ်းလူငယ်ကွန်ယက် (TYN)၏ အတိုုင်ပင်ခံ စိုုင်းဆိုုင်မိန်းက သတင်းနှင့်မီဒီယာကွန်ယက်သိုု့ ပြောသည်။

“ဖြစ်မြောက်ရေးကော်မတီအနေနဲ့ကတော့ ခံစားချက်နဲလုုပ်တာမဟုုတ်ဘူးလေ ဒါပေမဲ့ ဒီလိုု ဖြစ်ဖိုု့ အတွက်တော့ အခက်အခဲအများကြီးတော့ရှိခဲ့တာပေါ့ ဆိုုလိုုချင်တာက ကျနော်တိုု့ ဒါတွေက မလုုပ်လိုု့မရတဲ့ အနေအထားမှာ ဖြစ်နေပြီလေ ဘာကြောင့်လဲဆိုုတော့ တကယ့် မြေပြင်မှာ ရှမ်း လူမျိုးနဲ့ တအာင်းလူမျိုးက ဘာပြဿာနာမှ သိပ်ကြီးကြီးမားမား မရှိပေမဲ့လည်း ဒီ လူမှုကွန်ယက် တွေမှာ ပိုုပြီးတော့မှ ပြောလာကြတယ် အဲဒီကနေတဆင့်ပေါ့နော ဆိုုးကျိုး တွေကတော့ ခုုနက ပြောသလိုု ဒီ community တွေထဲမှာ အထိကိုုတောင် effect ဖြစ်လာတယ် ထိခိုုက်လာ တယ်ဆိုုတော့ အဲဒါကိုု ကျနော်တိုု့က ဒါကိုု အမြန်ဆုံုးဖြေရှင်းဖိုု့ လိုုတယ်ဆိုုပြီးတော့မှ ဒီပွဲကိုု ကျင်း ပရတာဖြစ်တာပေါ့နော။”  ဟုုစိုုင်းဆိုုင်မိန်းက ပြောသည်။

အလုုပ်ရုံုဆွေးနွေးပွဲကိုု မြန်မာနိုုင်ငံလုံုးဆိုုင်ရာရှမ်းလူငယ်ကွန်ယက် (TYN)၊ ရှမ်းလူငယ်အဖွဲ့ (TYO)၊ ရန်ကုုန်ရှမ်းလူငယ်များအဖွဲ့ (SYY)၊ တအာင်းကျောင်းသားနှင့်လူငယ်အဖွဲ့ (TSYU)၊ တအာင်းအမျိုးသမီးများအဖွဲ့ (TWO) အဖွဲ့တို့မှ ဦးဆောင်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မြို့ နယ်ပေါင်း ၁၁ မြို့နယ်မှ လူငယ်နဲ့စာပေ ယဉ်ကျေးမှုအဖွဲ့တွေ အပါအဝင် တတ်သိပညာရှင်များ လည်း တက်ရောက်ခဲ့သည်ဟုုသိရသည်။

အလုုပ်ရုံုဆွေးနွေးပွဲရလဒ်နဲ့ပတ်သက်ပြီး “အဓိကက ကျနော်တိုု့ ရှမ်းနဲ့ တအာင်လူငယ်တွေက ကျနော်တိုု့ လူငယ် ကဏ္ဍအနေနဲ့ပေါ့နော အခုုလက်ရှိ ဖြစ်ပွားနေတဲ့ လူ့အခွင့်အ ရေးချိုးဖောက်မှု တွေ ဒီလူမျိုးတစ်မျိုးနဲ့တမျိုး မုုန်းတီးမှုတွေ ကိုု အတူတကွ လက်တွဲပြီးတော့မှ ဖြေရှင်းသွားနိုုင် တယ်ဆိုုတဲ့ ရလဒ်လေးတော့ရလိုုက်တာပေါ့ နော်”  ဟုု စိုုင်းဆိုုင်မိန်းမှ ဆက်ပြောသည်။

ရှမ်းလူမျိုးများနှင့် တအာင်းပလောင်လူမျိုးများသည် ယခင်က ညီအစ်ကိုုမောင်နှမရင်းခြာကဲ့သိုု့ အတူ တကွ ချစ်ချစ်ခင်ခင်ဖြင့် တစ်ဦးကိုုတစ်ဦး ရိုုင်ပင်းကူညီ၍ နေထိုုင်လာခဲ့ကြသည်ဟုု သိရှိရပြီး  ၂၀၁၅ ခုုနှစ် နိုုဝင်ဘာလ အတွင်း စတင်ဖြစ်ပွားသည့် RCSS/SSA နှင့်  PSLF/TNLA တိုု့ကြား တိုုက်ပွဲများကြောင့် လူမျိုး ၂ မျိုးအကြား တင်းမာမှုနှင့်ပဋိပက္ခ အနည်းငယ်ရှိလာသည်ဟုု တအာင်း ကောင်းသားနှင့် လူငယ်အဖွဲ့ (TSYU)မှ အထွေထွေ အတွင်းရေးမှုး (၂) မိုုင်းမျိုးအောင်က ပြော သည်။

အလုုပ်ရုံုဆွေးနွေးပွဲမှ ရှေ့လုုပ်ငန်းစဉ် ( ၆ )ချက်ကိုု ချမှတ်နိုုင်ခဲ့ပြီး အတူတကွ ဆက်လက်အ ကောင်အထည်ဖော် လုုပ်ဆောင်သွားရန် သဘောတူခဲ့ကြသည်ဟုု မိုုင်းမျိုးအောင်မှ ဆိုုသည်။

“အဓိကက ကျနော်တိုု့က ရှေ့လုုပ်ငန်းစဉ် ၆ ချက် အချုပ်အနေနဲ့ ပြောရမယ်ဆိုုရင်တော့ ကျနော် တိုု့ အခုုလက်ရှိမှာတော့ ကျနော်တိုု့ ဗဟိုုကော်မတီ မြို့နယ်အဆင့်ကော်မတီ ဖွဲ့စည်းပြီး ဆက်လက် ဖွဲ့ စည်းဖိုု့ ဖြစ်တယ် ဟိုုးအရင်တုုန်းကဆိုုရင် တိုုက်ပွဲမဖြစ်ခင်တုုန်းကဆိုုရင် ရှမ်းနဲ့တအာင်းက ဘာ ပွဲ ပဲလုုပ်လုုပ် အပြန်အလှန် ဖိတ်ကြားမှုတွေရှိတယ်ပေါ့ ဒါပေမဲ့ တိုုက်ပွဲဖြစ်ပြီးနောက်ပိုုင်းမှာက မဖိတ် တော့ဘူး အဲဒါကိုု အခုုဟာက ပြန်လည်ဖိတ်ကြားဖိုု့ရယ်၊ ပြီးရင်လည်း တကယ်လိုု့ တိုုင်းရင်း သားရိုုး ရာနဲ့ ပတ်သက်တဲ့ပွဲ ပူးတွဲပြီးမှ ကျင်းပဖိုု့အတွက်ရယ် အဲဒါရယ်၊ ပြီးရင်လည်း ကျနော်တိုု့ ဒီ ငြိမ်း ချမ်းရေး ယုံုကြည်မှုတည်ဆောက်မှုနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ အားလုံုးကိုု ပူးတွဲလုုပ်ဆောင်ဖိုု့တော့ ကျနော်တိုု့က သဘောတူချက်ဖြစ်တယ်။” ဟုု မိုုင်းမျိုးအောင်မှ ပြောဆိုုသည်။

ဆွေးနွေးပွဲမှ ရှေ့လုုပ်ငန်းစဉ် ၆ ချက်ကိုု အကောင်အထည်ဖော်ရန်အတွက် ပူးတွဲကော်မတီဖြစ် သည့် ဦးဆောင်ကော်မတီ ၆ ဦး၊ ဗဟိုုကော်မတီဝင် ၂၂ ဦး၊ မြို့နယ်ကော်မတီ ၂၂ ဦးကိုု ဖွဲ့စည်း နိုုင်ခဲ့သည်။

မိမိတိုု့ အနေဖြင့် ဒေသအတွက် အဓိကဆုံုးဖြတ်ချက်ချရမည်သူများ မဟုုတ်သလိုု ယခုု ဆွေးနွေးပွဲ ပြုလုုပ်လိုုက်ခြင်းအပေါ်တွင်လည်း နှစ်ဖက်သော လက်နက်ကိုုင်တပ်ဖွဲ့များကိုု ထိန်းချုပ်မှု တစ်စုံုတရာ ပြုလုုပ်၍ မရကြောင်း၊ မိမိတိုု့ လူငယ်ကဏ္ဍအနေဖြင့် မည်သည့်လုုပ်ငန်းတွေကိုု မည်ကဲ့သိုု့ ပူးပေါင်း လုုပ်ဆောင်ကြမည်ဆိုုသည့် ဆွေးနွေးပွဲသာဖြစ်သည်ဟုု စိုုင်းဆိုုင်မိန်းက ဆိုုသည်။

ယခုု ကျင်းပပြုလုုပ်သော အလုုပ်ရုံုဆွေးနွေးပွဲသိုု့ ရှမ်းပြည်နယ် မြောက်ပိုုင်းရှိ မြို့နယ် ၁၁ မြို့နယ်မှ ရှမ်းနှင့် တအာင်း ကိုုယ်စားလှယ် စုုစုုပေါင်း ( ၁၁၇ ) ဦး တက်ရောက်လာခဲ့သည်ဟု သိရသည်။

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...