ဘုရားသုံးဆူမြို့ မူးယစ်ကျော်စောသူများထံမှ လက်နက်နှင့်ရွှေငွေများအမြောက်အများ ဖမ်းဆီးမိ

ဘုရားသုံးဆူမြို့ မူးယစ်ကျော်စောသူများထံမှ လက်နက်နှင့်ရွှေငွေများအမြောက်အများ ဖမ်းဆီးမိ
by -
မွန်သတင်းအေဂျင်စီ
ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် သြဂုတ် ၁၈ ရက်နေ့ နံနက်စောစောပိုင်း၌ နယ်မြေခံတပ်ရင်းနှင့် ရဲတပ်ဖွဲ့တို့က မူးယစ်ဆေးဝါးရောင်းဝယ်သည့် ကျောစောသတင်းရှိသူ ၂ ဦးနေအိမ်အား ဝင်ရောက်ရှာဖွေရာ လက်နက်နှင့်အတူ တရားမဝင်ယူဆရသော ရွှေထည်နှင့် ငွေသားအမြောက်အများ ဖမ်းဆီးရမိသည်ဟု သိရသည်။
Mon3
အောင်ခိုင်ဦး (ခ) ကတုံး(ကရင်ပြည်နယ်ရဲတပ်ဖွဲ့
Facebook)

ဘုရားသုံးဆူမြို့၊ အမှတ် ၂ ရပ်ကွက်၊ ဥဒေါင်းကန် ၈ လမ်းရှိ အောင်ခိုင်ဦး (ခ) ကတုံး (၃၉နှစ်) နေအိမ်အား နံနက် ၆ နာရီ အချိန်ခန့်တွင် ၀င်ရောက်ရှာဖွေရာ အဆိုပါနေအိမ်အတွင်းမှ ရိုင်ဖယ်သေနတ် ၁ လက်၊ ၉ မမပစ္စတို ၁ လက်၊ ပွိုင့် ၂၂ စနိုက်ပါတပ် ၁ လက်၊ M-16 ကျည် (၇၀၀) တောင့်၊ M-67 လက်ပစ်ဗုံး ၁ လုံး၊ ထိုင်းဘတ်ငွေ ၁၂,၂၈၄,၀၀၀ိ/-(တစ်ရာ့နှစ်ဆယ့်နှစ်သိန်းရှစ်သောင်းလေးထောင်ဘတ်)၊ မြန်မာငွေစက္ကူ ၅,၇၇၅,၀၀၀ိ/- (ငါးဆယ်ခုနှစ်သိန်း ခုနှစ်သောင်းငါးထောင်ကျပ်)၊ အရွယ်အစားအမျိုးမျိုးရှိ ရွှေတုံး (၁၁၃) တုံးနှင့် ရွှေထည်ပစ္စည်း အမျိုးအစားမျိုးစုံပါ (၄၅၃၄)ဂရမ် (ရွှေအရည်အသွေး ၉၆.၅%ရှိ အလေးချိန် ၁၅.၃၆၆ ပိဿာ) စုစုပေါင်းကာလတန်းဖိုးကျပ် (၁၅၇၈၉၆၃၀၀၀ိ/- (ကျပ်သန်းတစ်ထောင်ငါးရာခုနှစ်ဆယ်ရှစ်သန်းကိုးသိန်းခြောင်းသောင်းသုံးထောင်)ကျပ် တို့အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့ Facebook စာမျက်နှာတွင် သတင်းဖော်ပြထားသည်။

တဆက်တည်းတွင်ပင် ဘုရားသုံးဆူမြို့၊ အမှတ် (၄)ရပ်ကွက်၊ ကရင်စုကွက်သစ်နေ မျိုးနိုင်ဦး(ခ)ပြာလောင် (ခ )စောက်ရမ်း(၃၂-နှစ်)၏ မွှေးမွှေးသစ်စက်အတွင်းရှိ နေအိမ်တွင် နံနက် (၈)နာရီ (၄၅)မိနစ်အချိန်တွင် ဆက်လက်ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ ပွိုင့် ၂၂ သေနတ် ၁ လက်၊ M ၁၆ ပြောင်းတို ၁ လက်၊ ၉ မမပစ္စတို ၁ လက်၊ ဂတ်စ်ပစ္စတို သေနတ် ၁ လက်၊ ကိုးလုံးကျည်ပြောင်းချော ၁ လက်၊ ဒေသန္တရ လုပ်သေနတ် ၁ လက်၊ တူမီး ၁ လက်၊ M-26 လက်ပစ်ဗုံး ၁ လုံးအား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိသည်ဟု ကရင်ပြည်နယ်ရဲတပ်ဖွဲ့ Facebook သတင်းတွင် ဆက်လက်ဖော်ပြထားသည်။

“အခု ဖမ်းဆီးမိတဲ့ သဇင်ဦး တည်းခိုခန်းပိုင်ရှင် ကတုံးရော ငြိမ်းချမ်းရေး PC ဗိုလ်လက်ကိုင်တပည့် ပြာလောင်ပါ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ကျောစောသတင်းရှိနေတာတော့ အမှန်ပဲ၊ အခုလည်း မူးယစ်ဆေးဝါးတွေကို မမိပါဘူး” ဟု အမည်မဖော်လို ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။   

Mon5
မျိုးနိုင်ဦး(ခ)ပြာလောင် (ကရင်ပြည်နယ်ရဲတပ်ဖွဲ့
Facebook)

လက်နက်ခဲယမ်းများအားလက်ဝယ်ထားရှိသူ အောင်ခိုင်ဦးအား ဘုရားသုံးဆူနယ်မြေရဲစခန်း (ပ)၁၄/၂၀၁၆ ဖြင့်၄င်း၊ မျိုးနိုင်ဦးအား ဘုရားသုံးဆူနယ်မြေရဲစခန်း (ပ) ၁၅/၂၀၁၆ ဖြင့်၄င်း လက်နက် (ယာယီ)ဥပဒေပုဒ်မ ၁၉-စဖြင့် အမှုဖွင့် အရေးယူထားရပြီး သြဂုတ် ၁၉ ရက်နေ့တွင် ကြာအင်းဆိပ်ကြီးမြို့နယ် ရဲစခန်းသို့ လွှဲပြောင်းပေးလိုက်ပြီဟု သိရသည်။

အလားတူ ပြီးခဲ့သည်  သြဂုတ် ၁၃ ရက်နေ့တွင်လည်း ဘုရားသုံးဆူမြို့အနီး ရွာသစ်ကျေးရွာနေ နိုင်ဝင်းအောင်နှင့်ဇနီး မရွှေမိ နေအိမ်တွင် အိုက်စ် ၄၂ ဒသမ ၃ ဂရမ်၊ M 16 သေနတ် ၃ လက်၊ SEA HAWK ပွိုင့် ၄၅ ပစ္စတိုသေနတ်တစ်လက်၊ ပွိုင့် ၃၂ ပစ္စတိုသေနတ်တစ်လက်၊ M-16 ကျည် ၅ ထောင် တောင့်ကျော်နှင့် လက်ပစ်ဗုံးတစ်လုံးတို့ကို ဘုရားသုံးဆူ နယ်မြေခံတပ်နှင့် ရဲတပ်ဖွဲ့တို့ ရှာဖွေဖမ်းဆီးရမိသည့်သတင်းကို ဖော်ပြခဲ့ပြီး ဖြစ်သည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...