ပါတီစွဲ၊ပုဂ္ဂိုလ်စွဲ၊ဂိုဏ်းဂဏစွဲဖယ်ရှားပြီ ညီညီညွတ်ညွတ်တိုက်ပွဲဝင်ရန် မွန်ပြည်သစ်ပါတီတိုက်တွန်း

ပါတီစွဲ၊ပုဂ္ဂိုလ်စွဲ၊ဂိုဏ်းဂဏစွဲဖယ်ရှားပြီ ညီညီညွတ်ညွတ်တိုက်ပွဲဝင်ရန် မွန်ပြည်သစ်ပါတီတိုက်တွန်း
by -
မွန်သတင်းအေဂျင်စီ
နိုင်ယက္ခ မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင်(MNA)
နိုင်ယက္ခ မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင်(MNA)
ယနေ့ဖြစ်ပေါ်နေသော နိုင်ငံရေးအပြောင်းအလဲကာလတွင် ပြည်တွင်းငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားအခွင့်ရေးများ ရရှိပေါ်ပေါက်လာစေရန် ပြည်သူတိုင်း ကိုယ်စီကိုယ်ငှ ကြိုးပမ်းကြရမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီက တိုက်တွန်းလိုက်သည်။

သြဂုတ် ၁၈ ရက်နေ့တွင် ကျရောက်သော ၆၉ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့၌ မွန်ပြည်သစ်ပါတီက ပါတီစွဲ ပုဂ္ဂိုလ်စွဲ ဂိုဏ်းဂဏစွဲများဖယ်ရှားပြီ ညီညီညွတ်ညွတ်တိုက်ပွဲဝင်ရန် မွန်ပြည်သစ်ပါတီက အထက်ပါအတိုင်းတိုက်တွန်းလိုက်ခြင်းဖြစ်သည်။

ထို့အပြင် နှစ်ပေါင်း ရ၀ နီးပါး ဆင်ရဲဒုက္ခခံတိုက်ပွဲဝင်ခဲ့ပြီး ယခုအခါ နိုင်ငံရေးအရ အဆုံးအဖြတ်ပေးရမည့်အချိန်ရောက်ရှိလာပြီ ဖြစ်သောကြောင့် မှားယွင်းတိမ်းစောင်းမှုမရှိစေရန်နှင့် လိုလားများမှုပြည့်ပြည့်ဝဝရရှိနိုင်ရန်အတွက် မွန်အမျိုးသားတရပ်လုံးကို ကိုယ်စားပြုနေကြသည့် လက်နက်ကိုင်တော်လှန်ရေးပါတီနှင့် ပြည်တွင်းနိုင်ငံရေးအဖွဲ့အစည်းများ၊ မွန်လူမှုအဖွဲ့အစည်းအားလုံး မိမိတို့ကျရာအခန်းကဏ္ဍမှ တာဝန်ယူကြိုးပမ်းဆောင်ရွက်ကြပါစို့ဟု မွန်ပြည်သစ်ပါတီက ဆက်လက်နိုးဆော်ထားသည်။

“မွန်တော်လှန်ရေးဟာ မွန်ပြည်သူ့တပ်ဦးလက်ထက် ၁၀ မိုး ၁၀ နွေ၊ မွန်ပြည်သစ်ပါတီလက်ထက် ၅၆ နှစ် စုစုပေါင်း မွန်တော်လှန်ရေးသက်တမ်း ၆၉ နှစ်ပြည့်ခဲ့ပြီ၊ ဒီနှစ်မှာပိုပြီးထူးခြားတာက မကြာမီ ၂၁ ပင်လုံညီလာခံကျင်းပတော့မယ်၊ ဒီညီလာခံအတွက် မွန်တိုင်းရင်းသားတွေအားလုံး ညီညွတ်စွာနဲ့ တစ်သံတည်းရှိစေဖို့ မွန်အမျိုးသားကွန်ဖရင့်ကိုလည်း ကျင်းပတော့မှာ ဖြစ်ပါတယ် ” ဟု မွန်ပြည်သစ်ပါတီ ဗဟိုဝန်းကျင်ဒေသတာဝန်ခံ အခမ်းအနားသဘာပတိ နိုင်ဉာဏ်ထွန်းက အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

Mon NA4
MNLA ဂုဏ်ပြုတပ်ဖွဲ့(MNA)

မွန်ပြည်သစ်ပါတီဗဟိုဝန်းကျင်ဒေသ မွန်တော်လှန်ရေးနေ့အခမ်းအနားကို ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့နယ်၊ ဂျပန်ရေတွင်းရွာ၌ သြဂုတ် ၁၈ ရက်နေ့ နံနက် ရ နာရီတွင် ဂုဏ်ပြုစစ်ကြောင်းက သေနတ် ၂၁ ချက်ဖောက်ကာ အခမ်းအနားစတင်ဖွင့်လှစ်ခဲ့သည်ကို တွေ့ရသည်။

အခမ်းအနားသို့ ဘုရားသုံးဆူမြို့ရှိ အစိုးရဌာဆိုင်ရာများ၊ မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ NLD ပါတီ၊ KNU ကရင့်အမျိုးသားအစည်းအရုံးမှပုဂ္ဂိုလ်များ၊ ဒေသခံများနှင့်အတူ ပရိသတ်ဦးရေး ၈၀၀ ခန့်တက်ရောက်သည်ကို ခန့်မှန်းကြသည်။

 “မွန်ပြည်သစ်ပါတီ NCA လက်မှတ်မထိုးသဖြင့် အစိုးရတပ်မတော်သည် မိမိတို့ပါတီဝင်အချို့အပေါ် လက်နက်သိမ်းဆည်းခြင်း၊ ဖမ်းဆီးထောင်သွင်းအကျဉ်းချခြင်း၊ လှုပ်ရှားနယ်မြေကန့်သတ်ခြင်း စသောဖိအားအမျိုးမျိုး ပေးလျက်ရှိတယ်၊ ဖိအားပေးအကြပ်ကိုင် သည့်နည်းလမ်းဖြင့် မိမိတို့၏ယုံကြည်ချက်ကို ပြောင်းလဲ ဖျက်ဆီး၍မရနိုင်ပါ” ဟု မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင် နိုင်ယက္ခက မွန်ပြည်သစ်ပါတီ ထုတ်ပြန်ကြေညာချက်ကို မွန်ဘာသာဖြင့် ဖတ်ကြားခဲ့သည်။

တပ်မတော်က မွန်ပြည်သစ်ပါတီအဖွဲ့ဝင်များအပေါ် လက်နက်သိမ်းဆည်းခြင်း၊ ဖမ်းဆီးထောင်ချခဲ့ခြင်း စသည့်ဖြစ်စဉ်များရှိခဲ့သော်လည်း မီဒီယာများကို ပွင့်လင်းမြင်သာစွာ အသိပေးထုတ်ပြန်ခဲ့ခြင်းမရှိဟု နိုင်ယက္ခက ပြောသည်။

အလားတူ ၆၉ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားများကို မွန်ပြည်သစ်ပါ မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ် (ရေးချောင်းဖျားဒေသ)၊ မော်လမြိုင်ခရိုင်(ကြာအင်းဆိပ်ကြီးမြို့နယ်)၊ ကော့ကရိတ်ခရိုင်(ကော့ကရိတ်မြို့နယ်)နှင့် ထားဝယ်ခရိုင်(ဝယ်ဇင်စခန်း-ရေးတောင်ပိုင်း) တို့တွင် စစ်အခမ်းအနားများဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးစတင်ရရှိသည့် ၁၉၄၈ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၁၀ ခုနှစ် ဝါခေါင်လပြည့်နေ့တွင် မွန်လူငယ်များ ဇာသဖြင်ရဲစခန်း သေနတ်ဝင်လုပြီး တော်လှန်ရေးစတင်ခဲ့သည့်နေ့ရက်ကို မွန်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...