KIA ဌာနချုပ် လိုင်ဇာနှင့် အနီးတဝှိုက် လက်နက်ကြီးများနှင့် ပစ်ခတ်ခံနေရ

KIA ဌာနချုပ် လိုင်ဇာနှင့် အနီးတဝှိုက် လက်နက်ကြီးများနှင့် ပစ်ခတ်ခံနေရ
by -
သတင်းနှင့် မီဒီယာ ကွန်ယက်
ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA  ဌာနချုပ်ရှိရာလိုုင်ဇာအနီးရှိ ရှေ့တန်းတပ်စခန်းများအပြင် တရုတ်-မြန်မာနယ်စပ်ဒေသ တလျှောက်ရှိ KIA တပ်စခန်းများရှိရာသို့ ဒီကနေ့ သြဂုတ်လ ၁၈ ရက်နေ့တွင် မြန်မာ့တပ်မတော်မှလက်နက်ကြီးများဖြင့် ပစ်ခတ်ခြိမ်းခြောက်မှုများပြုလုုပ်လာသည်ဟုKIO/KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံဒုု-ဗိုုလ်မှူးကြီးနော်ဘူမှ သတင်းနှင့်မီဒီယာကွန်ယက်သိုု့အတည်ပြုပြောဆိုုသည်။

“ဒီမနက်ပိုုင်း၁၀နာရီနဲ့၁၁နာရီကြားမှာ ဒီနယ်စပ်ဒေသတစ်လျှောက် အားလုံုးလိုုလိုု သူတိုု့လက်နက်ကြီး၈၁မမနဲ့ ခြိမ်းခြောက်ပစ်ခတ်တာတွေရှိတယ် တပ်မဟာ၃လုုံခြံုရေးနယ်မြေပေါ့ ဒီကဒွမ်ဘောင်ဘွမ်ဆိုုတဲ့ တပ်မတော်တပ်စခန်းကနေ တပ်မဟာ၃နဲ့လုံုခြံုရေးနယ်မြေဖြစ်တဲ့ ယင်ဖန်ဖက်နေရာမှာလည်း ၈၁မမနဲ့ပစ်တာတွေရှိတယ် ဒါကဒီနေရာမှာတော့ လေးကြိမ်လောက်ပစ်တယ်လိုု့ကြားပါတယ် နောက်ပြီးတော့ ဒီဒေါ့ဖုုန်းယန် လက်နက်ကြီးတပ်ကနဲ့ ဒီ KIA ဂျော်မော်ဆိုုတဲ့ ရှေ့တန်းတပ်စခန်းတွေကိုု ၈၁မမနဲ့ပစ်တာကိုုကြားတယ် နောက်ဒီဂျော်မော် ဆိုုတာကတော့ တပ်မဟာ၅လုံုခြံုရေးနယ်မြေဖြစ်ပါတယ် နောက်ပြီးတော့ ဒီလိုုင်ဇာနားက ဖွန်းပြန်ဘွမ်တောင် တပ်မတော်တပ်စခန်းကနေ တပ်မဟာ၅လုံုခြံုရေးနယ်မြေလည်းဖြစ်တယ် နောက်ကျောင်းသားတပ်တွေရှိတဲ့ နယ်မြေလည်းဖြစ်တယ် အဲဒီနေရာဖက်မှာ ၈၁မမနဲ့ပစ်တာတွေရှိတယ် နောက်ခါရာဘွမ်ကနေတော့ ဒီလိုုင်ဇာရဲ့မြောက်ဖက်ကျတာပေါ့ဒီမိုုင်ဆပ်ပါ ဆိုုတဲ့နေရာဖက်မှာ၈၁မမနဲ့၁၁ကြိမ်လောက်ပစ်ခတ်တာတွေရှိတယ်နောက်ပြီးတော့ လိုုင်ဇာမြစ်ကြီးနားလမ်းပေါ်က မလိခတံတားဦးကနေ အဲဒီမလိတပ်စခန်းကနေ အင်ခရန်ဂဂန်ဆိုုတဲ့နေရာဖက်မှာ ဒီ၈၁မမနဲ့ပစ်တာတွေရှိတယ် အဲဒါကတော့ဒီနေ့၁၀နာရီနဲ့၁၁နာရီကြားမှာ မြန်မာ့တပ်မတော်ဖက်ကနေဒီKIA တိုု့ရှိတဲ့နေရာကိုု ရမ်းပြီးမှ၈၁မမနဲ့ခြိမ်းခြောက်ပစ်ခတ်တာရှိပါတယ် လိုုင်ဇာရဲ့မြောက်ဖက်မှာကျတဲ့ မုုန်လိုင်ခက် ဒီ AA တပ်စခန်းအနီးတစ်ဝိုုက်မှာပေါ့ ပစ်တဲ့လက်နက်ကြီးတွေအားလုံုးကတော့ တပ်စခန်းထဲမှာကျတာတော့မရှိဘူး အနီးအနားမှာကျပါတယ်။”ဟု ဒုု-ဗိုုလ်မှူးကြီးနော်ဘူမှပြောသည်။

ထိုု့ပြင်မြန်မာ့တပ်မတော်ဖက်မှ တစ်နိုုင်ငံလုံုးပစ်ခတ်တိုုက်ခိုုက်မှုရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုုးထားသော ကျောင်းသားတပ်မတော်မြောက်ပိုုင်း ( ABSDF - NB ) ရှေ့တန်းတပ်စခန်းသိုု့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများရှိပြီးမိမိတိုု့ NCA စာချုပ်လက်မှတ်ရေးထိုုးထားသောအဖွဲ့အနေဖြင့် သတိကြီးစွာဖြင့်အခြအနေကိုု စောင့်ကြည့်နေသည်ဟုု ကျောင်းသားတပ်မတော်မြောက်ပိုုင်း (ABSDF – NB ) မှဥက္ကဋ္ဌဗိုုလ်မှူးလဆိုုင်းက ပြောသည်။

“ကျနော်တိုု့ ဒီလိုုင်ဇာ ကျနော်တိုု့ကျောင်းသားတပ်မတော်ကနေပြီးတော့ တာဝန်ယူထားတဲ့ ကုုန်းတွေရဲ့အရှေ့ဖက်မှာရှိတဲ့ ရန်သူစခန်းကုုန်းကနေပြီးတော့ လက်နက်ကြီးနဲ့ လှမ်းထုုတယ် ကျနော်တိုု့ကျောင်းသားတပ်မတော် ရှေ့တန်းစခန်းမှာလည်းလာကျတယ်။ ကျနော်တိုု့ကတော့ ဒီတိုုင်းပဲ သူတိုု့ရန်စတာကိုုဒီတိုုင်းပဲကြည့်နေတာပေါ့လေနော။ ဘာကြောင့်လဲဆိုုတော့ ကျောင်းသားတပ်မတော်ကဒီအချိန်မှာ NCA လက်မှတ်ထိုုးထားတဲ့အတွက်ဖြစ်တယ်၊ ကျနော်တိုု့ကကြည့်ရုံုပဲကြည့်တယ်၊ ဘာလုုပ်လာမလဲဆိုုတာကြည့်နေတာပေါ့” ဟု ဗိုုလ်မှူးလဆိုုင်းက ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ဌာနချုပ်လိုုင်ဇာအနီးသိုု့ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက် ခိုက်မှုခံနေရချိန်သည် နိုု်င်ငံတော်အတိုုင်ပင်ခံ ဒေါ်အောင်ဆန်းစုုကြည်၏ ပြည်ပခရီးစဉ်တခုဖြစ်သော တရုုတ်နိုုင်ငံသိုု့သွားရောက်ချိန်နဲ့လည်းတိုုက်ဆိုုင်နေသည်။

ယခုတိုုက်ခိုုက်မှုနှင့် ပတ်သက်၍ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ၏သတင်းနှင့်ပြန်ကြားရေးတာဝန်ခံဒုု-ဗိုုလ်မှူးကြီးနော်ဘူကယခုုလိုုသုံုးသပ်ပြောဆိုုသည်။

“ကျနော်သုံုးသပ်တာကတော့ ဒီ၂၁ရာစုုပင်လုံုညီလာခံကိုုတက်ဖိုု့ တပ်မတော်ဖက်နဲ့ဒီတက်ဖိုု့တောင်မဟုုတ်ဘူးဒီ NCA ဆိုုတဲ့လက်မှတ်ထိုုးဖိုု့ ဖိအားပေးတဲ့သဘောမျိုးနဲ့ခြိမ်းခြောက်တယ်လိုု့ ကျနော်မြင်ပါတယ်ဒါတစ်ချက်၊ ဒုုတိယအချက်ကတော့ အခုုတစ်ဖန်ဒီKIAအုုပ်ချုပ်နယ်မြေမှာ သူတိုု့ကစစ်ဆင်ရေးလုုပ်ဖိုု့စီစဉ်ရှိတယ်လိုု့ ကျနော်အဲလိုုပဲမြင်ပါတယ်၊ ဘာဖြစ်လိုု့လဲဆိုုတော့ဒီKIA အုုပ်ချုပ်နယ်မြေမှာ အရေးကြီးတဲ့ဒီဗျူဟာကျတဲ့နေရာမှာ သူတိုု့နေရာယူဖိုု့နည်းနည်း အစီအစဉ်များရှိမလားလိုု့အဲ့လိုုသုံုးသပ်ပါတယ်”  ဟု ဒုု- ဗိုုလ်မှူးကြီးနော်ဘူမှပြောဆိုုသည်။

ယနေ့ပစ်ခတ်မှုတွင်KIA ဖက်မှ တန်ပြန် ပြန်လည်ပစ်ခတ်မှုများမရှိကြောင်း ယခုုအချိန်ထိမြေပြင်တိုုက်ပွဲအခြေအနေမရှိသေးကြောင်းဒုု- ဗိုုလ်မှူးကြီးနော်ဘူမှဆက်ပြောသည်။

မြန်မာ့တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးကိုုအမှန်တကယ်လိုုလားမည်ဆိုုပါက ယခုုပြုလုုပ်နေသောထုုိးစစ်များကိုု ရပ်ဆုုိင်းရန်လိုုကြောင်း ဗိုုလ်မှူးလဆိုုင်းက အကြံပြုပြောဆိုသည်။

“ငြိမ်းချမ်းရေးကိုုတကယ်လိုုချင်တယ် မြန်မာနိုုင်ငံရဲ့ တကယ့်ပြည်တွင်းစစ်ကိုုရပ်စေချင်တယ်ဆိုုလိုု့ရှိရင် ဒီကျနော်တိုု့နိုင်ငံမှာ ဦးဆောင်နေတဲ့အခုုတပ်မတော်ဆိုုတဲ့ စစ်တပ်ကနေပြီးတော့ တကယ့်ငြိမ်းချမ်းရေးလိုုချင်တယ်ဆိုုရင် ကိုုယ့်ရဲ့ထိုုးစစ်ဆင်မှုတွေ အကုုန်ရပ် နောက်မှသူရဲ့လက်နက်ကြီး ဒီလိုုမျိုး ဒီကနေ့ပစ်ခတ်မှုတွေအကုုန်လုံုးရပ်ပြီးမှ အကုုန်လုံုးပွင့်ပွင့်လင်းလင်းစားပွဲဝိုုင်းပေါ်မှာ တွေ့ပြီးမှဖြေရှင်းတာဟာ အကောင်းဆုံုးပဲလိုု့ကျနော်တိုု့က အဲလိုုပဲမြင်ပါတယ်။” ဟုုု ဗိုုလ်မှူးလဆိုုင်းမှပြောသည်။

ပြီးခဲ့သည့်၂၀၁၃ ခုုနှစ် နိုုဝင်ဘာ၁၉ရက်နေ့ကလည်း မြန်မာ့တပ်မတော် မှKIAဗိုုလ်သင်တန်းကျောင်းသိုု့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုုက်ခိုုက်မှုကြောင့် တိုုင်းရင်းသားဗိုုလ်လောင်း၂၃ဦးကျဆုံုးခဲ့သည်။

မြန်မာ့တပ်မတော်မှ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်ရာနယ်မြေများအတွင်းသိုု့ ဇူလိုင်လလကုန်ပိုင်းမှစတင်၍ ယနေ့အချိန်အထိစစ်ရေးလှုပ်ရှားမှုများ အဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး တိုုက်ပွဲများနေ့စဉ်ဖြစ်ပွားလျက်ရှိသည်ဟုု သိရသည်။

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...