“အခုုကဒေသခံတွေကအစအကုုန်လုံုးဘယ်နေရာကိုုမှ သွားလိုု့မရတော့ဘူးတောကိုုသွားလိုု့ လည်းမရတော့ဘူးထင်းခွေသွားလိုု့လည်း မရတော့ဘူးအရာအားလုံုးခက်ခဲသွားပါပြီကျနော်တိုု့ ဒေသခံတွေကလယ်လုုပ်တာများပါတယ် ကျနော်တိုု့ ကချင်တွေကလယ်လုုပ် တာများတယ် တောင်ယာလုုပ်တာများတယ် အခင်းလုုပ်တာများတယ် အခင်းလုုပ်တဲ့နေရာတွေမှာလယ်လုုပ်တဲ့ နေရာတွေမှာအစိုုးရ တပ်သားတွေ စစ်အင်အားတွေထိုုးထားတော့ ကျနော်တိုု့ ခုုဆိုုလယ်မပြီးသေးဘူးလယ်မပြီးပေမဲ့ စစ်သားတွေကဒီအစိုုးရတပ်တွေကဂိတ် ဒီကျနော်တိုု့ လယ်သွားတဲ့နေရာတွေမှာ ၀ါးလုံုးတန်းတွေနဲ့ ဂိတ်ထိုုးပြီးမှ သူတိုု့ ဘယ်သူ့ကိုုမှ သွားခွင့်မပြုတော့ဘူး။ လယ်ကွင်းမှာတွေ့တဲ့လူ ကချင်ယောကျင်္ားလေးတွေဆိုုအခုုလေးယောက်ရှိပြီသူတိုု့ဖမ်းထားတာလေးယောက် ဖမ်းထားတော့ ဘယ်သူမှမသွားရဲတော့ဘူး အခုုအဲပြဿာနာဖြစ်နေပါတယ် ကျနော်တိုု့ ရှဒူးဇွပ် ဒေသခံတွေအတွက်တော့ လယ်လုုပ်ဖိုု့လည်းသွားဖိုု့လည်းမသင့်တော်တော့ ဘူးခုုကမိုုင်းတွေလည်းကြောက်ရတယ် သူတိုု့ဖမ်းမှာကိုုလည်းကြောက်ရတယ် အဲဒါတွေပြဿာနာဖြစ်နေပါတယ်။” ဟုု တိုုက်ပွဲများကြောင့် ယခုုလက်ရှိဖြစ်ပေါ်နေသောဒေသအတွင်း၏အခြေအနေများနှင့် ပတ်သက်ပြီးအမည်မဖော်လိုုသည့် ရှဒူးဇွပ်ဒေသခံတစ်ဦးက ပြောဆိုသည်။
အစိုုးရတပ်မတော် စစ်ကြောင်းမှလည်းနေ့စဉ်နှင့်အမျှ ထိုုးစစ်ဆင်တိုုက်ခိုုက်မှုများလုုပ်ဆောင်လာသည့်အတွက် လုံုခြုမှုမရှိသည့် စစ်ရှောင်နယ်မြေဒေသများသိုု့ ့့ပြည်သူများအနေဖြင့် မသွားရန် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဖက်မှလည်း သတိပေးပြောဆိုုထားသည်ဟု ဒေသခံများကပြောဆိုုသည်။
မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တိုု့ကြားတုုိက်ပွဲများကြောင့် အစိုုးရစစ် တပ်မှ မသင်္ကာသူများအားဖမ်းဆီး မှုများကိုုလုုပ်ဆောင်လာသည့်အတွက် ယခုုကဲ့သိုု့ လုုပ်ဆောင် မှုများကိုုရပ်တန့်ပေးရန် လိုုလားကြောင်းဒေသခံများမှ ပြောသည်။
“အခုုလောလောဆယ် အစိုုးရတပ်တွေ သူတိုု့ မသင်္ကာတဲ့ လူတွေကိုုယောကျင်္ားသားတွေကိုုတောမှာတွေ့လိုု့ရှိရင် အခင်းမှာတွေ့လိုု့ရှိရင် လယ်တောမှာတွေ့တဲ့အချိန်မှာဒီမိုုးကောင်းချောင်းတိုု့ နမ်ဆန်ချောင်းတိုု့ ပြီးလိုု့ရှိရင် ခေါလောချောင်းတိုု့ သွားတဲ့အချိန်တွေမှာအစိုုးရတပ်တွေကသူတိုု့ မသင်္ကာပြီးမှ ဖမ်းဆီးတာတွေရှိပါတယ် ဒီဟာတွေကိုုရပ်တန့်ပေးဖိုု့ရန် ကျနော် အနူးအညွှတ်ကိုုတောင်းဆိုုချင်ပါတယ်။”ဟုုဒေသခံတစ်ဦးမှ ပြောဆိုုသည်။
မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တိုု့အကြားစစ်ရေးအခြေအနေနှင့် ပတ်သက်ပြီးကချင်လွတ်မြောက်ရေးအဖွဲ့ KIO/KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဒုု-ဗိုုလ်မှူးကြီးနော်ဘူမှ ယခုုလိုုပြောဆိုုသည်။
“အခြေအနေနဲ့ပြောမယ်ဆိုုလိုု့ရှိရင်တော့ တပ်မတော်ဖက်ကအင်အားထပ်တိုုးတယ်ဆိုုတဲ့ သ တင်းကတော့ မကြားပါဘူးဒါပေမဲ့ တက်လာတဲ့ ဒီတပ်မတော်ဖက်ကစစ်သားတွေ စစ်ကြောင်းတွေ ပြန်ဆုုတ်တာကတော့မရှိဘူး။ အဲဒါကြောင့်စစ်ကြောင်းကတော့ ဆက်ပြီးတော့မှ အရှိန်က မြင့်ဖိုု့ပဲရှိတယ် အမြင့်ဖိုု့ရှိပါတယ်။တိုုက်ပွဲကတော့ ဆက်ဖြစ်အုံုးမှာပါ။ တင်းမာတယ်လိုု့လည်းပြောလိုု့ရ ပါတယ်။”ဟုုဒုု-ဗိုုလ်မှူးကြီးနော်ဘူမှ ပြောသည်။
ထိုု့ပြင် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တိုု့ကြားတုုိက်ပွဲများကြောင့် စစ်ဘေးရှောင်ဒုုက္ခသည် ၅၀၀ ၀န်းကျင်လောက်သည် ရှဒူးဇွပ်ကျေးရွာရှိခရစ်ယာန် ဘုုရားကျောင်းများနှင့်ဘုုန်းကြီးကျောင်းများတွင် နေထိုုင်နေကြသည်။
စစ်ဘေးရှောင်ဒုုက္ခသည်များ၏ စားဝတ်နေရေးအတွက် နမ္မတီးမြို့နယ် NLD ပါတီနှင့်လူမှုှု့ကူညီရေးအသင်း၊ဖားကန့်မြို့နယ် ပြည်ခိုုင်ဖြိုးပါတီ၊ KBC ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၊ ဗန်းမော် အခြေပြု SI အဖွဲ့ တိုု့မှ ဆန်နှင့် လူ့အသုံုးအဆောင်ပစ္စည်းများ ကိုုလာရောက် လှူဒါန်းထောက်ပံပေး ထားပြီးရိက္ခာအခက်အခဲနှင့် ပတ်သက်၍ ဒေသခံတစ်ဦးမှ ယခုုလိုုပြောသည်။
“တော်တော်လည်းခက်ခဲပါတယ် စားဝတ်နေရေး ကျနော်တိုု့အတွက် ရိက္ခာဆိုုလည်းတစ်လတောင်မရှိဘူးကျနော်တိုု့အတွက် လောလောဆယ် ဆန်၊ ဆီ၊ ဆားအဲဒါနဲ့ ဒေသခံတွေ ရှဒူးဇွပ် ကျေးရွာမှာရှိတဲ့ ဒေသခံတွေကကျနော်တိုု့ကိုုစစ်ရှောင်အဖွဲ့တွေကိုုလာပြီးမှ အသီးအနှံတွေ မိမိရတဲ့ အသီးအနှံတွေ စျေးဆိုုင်ကနေ အလှူလာပေးတာအဲဒါနဲ့ပဲကျနော်တိုု့ သုံုးဆောင်နေပါ တယ်။”
မြန်မာ့တပ်မတော်မှ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်ရာနယ်မြေများအတွင်းသိုု့ ဇူလိုင်လလကုန်ပိုင်း မှ စတင်၍ယနေ့အချိန်အထိစစ်ရေး လှုပ်ရှားမှုများအဆက်မပြတ်ဆောင်ရွက် လျက်ရှိပြီးတိုုက်ပွဲများနေ့စဉ်ဖြစ်ပွားလျက်ရှိသည်ဟုုသိရသည်။







