မိုင်ဂျာယန် အစည်းအဝေးအပြီး ကချင်ဒေသအတွင်းတိုက်များပွဲပြင်းထန်

မိုင်ဂျာယန် အစည်းအဝေးအပြီး ကချင်ဒေသအတွင်းတိုက်များပွဲပြင်းထန်
by -
သတင်းနှင့် မီဒီယာ ကွန်ယက်
မိုုင်ဂျာယာန်တွင်ကျင်းပပြုလုုပ်ခဲ့သည့် တိုုင်းရင်းသားလက်နက်ကိုုင်တော်လှန်ရေး အဖွဲ့အစည်းများ၏မျက်နှာစုံုညီအစည်းအဝေးပြီးနောက်ပိုင်းတွင် ကချင်ပြည်နယ်အတွင်း မြန်မာအစိုးရတပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ အကြားတိုုက်ပွဲများ ပိုုမိုပြင်းထန်လာကြောင်း စုံစမ်းသိရသည်။

ကချင်ပြည်နယ်အတွင်းလက်ရှိဖြစ်ပွားနေသည့် တိုုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ ကချင်လွတ်ပြည်လွတ်မြောက်ရေးအဖွဲ့ KIO/KIA ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဒုု-ဗိုုလ်မှူးကြီးနော်ဘူကယခုုလိုပြောသည်။

“တိုက်ပွဲအခြေအနေကတော့တပ်မဟာ၂တပ်ရင်း၁၄ဖက်မှာတပ်မတော်ဖက်ကနဲ့ထုုလာတဲ့ အခြေအနေရှိတယ် တနေ့ကလည်း ဒီတပ်မဟာ၂တပ်ရင်း၆ဖားကန့်ဒေသဖက်မှာ တပ်မတော်ဖက်ကနဲ့ထုုလာတဲ့အခြေအနေတွေရှိတယ် နောက်ပြီးတော့ကေအိုုင်အေ တပ်ရင်း၉ပေါ့ တပ်မဟာ၆တပ်မဟာ၄နယ်မြေပေါ့ ဒီရှမ်းပြည်မြောက်ပိုုင်းအဲဖက်မှာလည်း ခဏခဏ ကြိုကြားကြိုကြားတိုုက် ပွဲတွေဖြစ်တဲ့အခြေအနေတွေရှိပါတယ်။နောက်ဆုံုးက မနေ့က၆နာရီမိနစ်၁၀လောက်မှာ လီဒိုုလမ်းပေါ့တုံုပန်ဖက်မှာ ကေအိုုင်အေအရပ်ဖက်အုုပ်ချုပ်ရေးပေါ့ တိုုက်နယ်ရုံုးတစ်ခုုကိုု တပ်မတော်ဖက်ကနေဝင်စီးတယ်ဆိုုတဲ့သတင်းတွေကြားပါတယ်။ အခြေအနေကအဲလိုုရှိပါတယ်ခင်ဗျား”ဟုုဒုု-ဗိုုလ်မှူးကြီးနော်ဘူကပြောသည်။

ကေအိုုင်ကေတပ်မဟာ၂တပ်ရင်း၁၄နဲ့တပ်ရင်း၆ဒေသများတွင်နှစ်ဖက်တပ်များအကြားစစ်ရေး တင်းမာမှုဆက်လက်ရှိနေသည်ဟုုဒုု-ဗိုုလ်မှူးကြီးနော်ဘူက“တပ်ရင်း၁၄ဖက်မှာ တနိုုင်းဖက်မှာတပ်မတော်ဖက်က ထိုးစစ်ဆင်တာအခုုမလျှော့သေးဘူး ဒါကြောင့်အခြေအနေ ကတင်းမာတယ်လိုု့ပြောလိုု့ရပါတယ် ဖားကန့်ဒေသမှာလည်းစစ်ကြောင်းက အခုုထက်ထိနောက်ဆုုတ်တာမရှိသေးဘူးတင်းမာ တယ်လိုု့ပြောလိုု့ရပါတယ်”ဟုပြောသည်။

KIO/KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၄ နှင့် မြန်မာအစိုးရတပ်မတော်ဘက်မှ ခလရ ၁၀၅၊ ခလရ ၃၈၁ ၊ ခလရ ၃၈၂ နှင့် တပ်မ ၃၈၄ တို့အကြားတိုက်ပွဲဖြစ်ပွားနေကြောင်းတနိုင်းဒေသခံများကပြောသည်။

“အခုတလော ဖြစ်နေတာဆက်တိုက်ပဲ၊ တရုတ်တွေကိုဖမ်းသလိုလိုနဲ့စစ်ကြောင်းထိုးတဲ့သဘောလို့ ပြောရမှာပဲ။ စစ်ကြောင်းကကျွန်တော် တို့သိရလောက်ဆိုရင်က မိုးကောင်းစခကရောပါတယ်၊တပ်မ (၃၃)၊တနိုင်းတပ် (၂၈၃)၊တပ်မ (၃၈၄)လည်း ပါတယ်။ ခလရ ၁၀၅၊ ခလရ ၃၈၁ ၊ ခလရ ၃၈၂KIA က တပ်ရင်း ၁၄ နဲ့ ဖြစ်တာ”  တနိုင်းဒေသခံတစ်ဦးကပြောသည်။

တနိုင်းဒေသအတွင်းရှိယုဇနကုမ္ပဏီအနီးမှ တရားမဝင်ရွှေတူးနေတဲ့သူများကိုဖမ်းဆီးရာမှ တဘက်နှင့်တဘက် ကြားအပြန်အလှန် ပစ်ခတ်မှုဖြစ်ကြတာ ဖြစ်ကြောင်းဒု-ဗိုလ်မှုးကြီး နော်ဘူ က အတည်ပြုပြောသည်။

အဆိုပါ တိုုက်ပွဲကြောင့်နှစ်ဖက်တပ်များ၏ထိခိုုက်ကျဆုံုးမှုနှင့် ပတ်သက်၍ အတိအကျမသိရှိရသေးပေ။မြန်မာအစိုးရတပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်KIA  တို့ အကြားဖြစ်ပွားနေသည့် တိုုက်ပွဲများနှင့်ပတ်သက်၍ ဒုု-ဗိုုလ်မှူးကြီးနော်ဘူကယခုုလိုု သုံုးသပ်ပြောဆိုုသည်။

“ကျနော်သုံုးသပ်တာကတော့ကျနော်တိုု့ ဒီနိုုင်ငံရေးဆွေးနွေးပွဲရောက်လာတဲ့အခါကျတော့KIA က NCA လက်မှတ်လည်းမထိုုးဘူးဆိုုတော့ နည်းနည်းတော့ဖိအားပေးတယ်လိုု့ဘဲ သုံုးသပ်ပါတယ်ခင်ဗျား”ဟုုဒုု-ဗိုုလ်မှူးကြီးနော်ဘူမှသုံုးသပ်ပြောဆိုုသည်။

ကချင်ပြည်နယ်၊ မိုုင်ဂျာယာန်တွင်ကျင်းပပြုလုုပ်ခဲ့သည့် တိုုင်းရင်းလက်နက်ကိုုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံုညီအစည်းအဝေးနောက်ပိုုင်းKIA ထိန်းချုပ်နယ်မြေများအတွင်းသိုု့ ဇူလိုင်လ လကုန်ပိုင်း မှ စတင်ကာ ယနေ့အချိန်ထိ အစိုးရစစ်တပ်ဘက်မှ စစ်ရေးလှုပ်ရှားမှုများ အဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...