ကချင်အာဇာနည်နေ့ လိုုင်ဇာမြို့တွင် ကျင်းပ

ကချင်အာဇာနည်နေ့ လိုုင်ဇာမြို့တွင် ကျင်းပ
by -
သတင်းနှင့် မီဒီယာ ကွန်ယက်
သြဂုုတ်လ ၁၀ ရက်နေ့တွင်ကျရောက်သည့်ကချင်အာဇာနည်နေ့တွင် ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ KIO/KIA ဌာနချုပ် လိုုင်ဇာမြို့၌ တော်လှန်ရေးအတွက် အသက်ပေးလှူခဲ့သော ကချင်အာဇာနည်ခေါင်းဆောင်များအား ဂုုဏ်ပြုသည့်အာဇာနည်နေ့ အခမ်းအနားကျင်းပပြုလုုပ်ခဲ့သည်။

ကချင်အာဇာနည်နေ့တွင် တော်လှန်ရေးအတွက် အသက်ပေးလှူခဲ့သောကချင်ရဲဘော် အားလုံုးသည် မိမိတိုု့၏ ကချင်အမျိုးသားများကိုု ကိုုယ်စားပြုကြောင်း ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ KIO/KIA ပြန်ကြားရေး တာဝန်ခံ ဒုု-ဗိုုလ်မှူးကြီးနော်ဘူက ပြောသည်။

“ကျနော်တိုု့တွေအားလုံုးက ပထမဦးဆောင်တဲ့ ဒီနိုုင်ငံရေးခေါင်းဆောင်တွေ နောက်ပြီးတော့ တိုုင်းပြည်နဲ့ လူမျိုးအတွက် အသက်စွန့်သွားတဲ့ ရဲဘော်တွေ အားလုံုးကျနော်တိုု့ကိုုကိုုယ်စား ပြုတယ်။ နောက်နောင် ကျနော်တိုု့ အခုုထမ်းဆောင်နေတဲ့ ကျနော်တိုု့ ရဲဘော်တွေ အားလုံုးလည်းသူတိုု့ရဲ့ ဒီတန်ဖိုုးထားပြီးမှ ရှေ့ဆက်ဖိုု့လိုုပါတယ်”ဟုုဒုု-ဗိုုလ်မှူးကြီးနော်ဘူမှ ပြောသည်။

ကချင်အာဇာနည်နေ့တွင် ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဦးလယော်ဇောင်းဟရားမှ တော်လှန်ရေးအတွက် အသက်ပေးလှူသွားသည့် ရဲဘော်များအားဂုုဏ်ပြုကြောင်း၊ ယခုုလက်ရှိတော်လှန်ရေးလုုပ်ဆောင်နေသည့် ရဲဘော်အားလုံုး အတွက်ဆုုတောင်းပေးရန်၊ ရှေ့ဆက် လုုပ်ဆောင်ရမည့် နိုုင်ငံရေး၊တော်လှန်ရေးလမ်းခရီးများမှာအားလုံုးကြိုးစားရန် နှင့် မပြီးပြတ်သေးသော တော်လှန်ရေးလုုပ်ငန်းများကိုုထမ်းဆောင်ဖိုု့ရန် အစရှိသည့် အချက်များကိုုမိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့ကြောင်း ဒုု-ဗိုုလ်မှူးကြီးနော်ဘူမှဆိုုသည်။

ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ KIO/KIA အားဦးစီးတည်ထောင်သည့် ပထမဦးဆုံုးခေါင်းဆောင်ဖြစ်သူ၊ ၁၉၇၅တွင် လုပ်ကြံခံရသော ကချင်တော်လှန်ရေး ဖခင်ကြီးဗိုုလ်ချုပ် လထော်ဇော်ဆိုုင်းကျဆုံးခဲ့ရသည့် သြဂုုတ်လ (၁၀) ရက်နေ့ကိုုအစွဲပြု၍ နှစ်စဉ် သြဂုုတ်လ (၁၀) ရက်နေ့အား KIO/KIA ဗဟိုုမှ ကချင်အာဇာနည်နေ့အဖြစ် သတ်မှတ်ကာကျင်းပခဲ့ကြောင်းသိရသည်။

ကချင်အာဇာနည်နေ့ကိုု ၁၉၇၅ ခုုနှစ် သြဂုုတ်လ (၁၀) ရက်နေ့ကိုုအစွဲပြု၍ သတ်မှတ်ခဲ့သော်လည်း ကချင်ပြည်သူလူထုုအကြားတွင် ၂၀၀၆ ခုုနှစ် သြဂုုတ်လ (၁၀)မှစတင်ကာ ကချင်အာဇာနည်နေ့ကိုုကျယ်ကျယ် ပြန့်ပြန့် ကျင်းပလာခဲ့ကြသည်ဟုုသိရသည်။

ကချင်အာဇာနည်နေ့နဲ့ ပတ်သက်ပြီးဒုု-ဗိုုလ်မှူးကြီးနော်ဘူ မှ သူ့ရဲ့ခံစားချက်ကိုုယခုုလိုုပြောသည်။

“နိုုင်ငံတော်အတွက် အခုုလိုုတိုုင်းပြည်နဲ့လူမျိုးတွေအတွက် အခုုလိုုမျိုး အသက်ကိုုပေးဆပ်တာကိုု ဂုုဏ်ယူတယ်လိုု့ ကျနော်ကအဲလိုုခံစားမိပါတယ်။”ဟုုဒုု-ဗိုုလ်မှူးကြီးနော်ဘူကပြောသည်။

ကချင်တော်လှန်ရေးဖခင်ကြီးဗိုုလ်ချုပ် လထော်ဇော်ဆိုုင်းသည်ထိုုင်းနိုုင်ငံ၊ ဘန်ကောက်မြို့မှ ထိုုင်းနိုုင်ငံမြောက်ပိုုင်းချင်းမိုုင်ခရိုုင်အနီးရှိ KIA တပ်စခန်းသိုု့သွားရောက်စဉ်လမ်းခရီးတွင် ဆိုုင်းတူး(ခ) တူးဗုံု၏ လုုပ်ကြံပစ်ခတ်သတ်ဖြတ်ခြင်းခံရသောကြောင့် အသက်ဆုံုးရှုံးခဲ့ခြင်းဖြစ်သည်ဟုုသိရသည်။

ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ KIO/KIA ဌာနချုပ်ရှိလိုုင်ဇာဒေသတွင် ကျင်းပပြုလုုပ်သောအာဇာနည်နေ့ အခမ်းအနားသိုု့  KIO/KIA မှ ဗဟိုုကော်မတီဝင်လူကြီးများ၊ KIO/KIA အစိုုးရ၏ ဌာနဆိုုင်ရာအကြီးအကဲများ၊ ၀န်ထမ်းများ၊ ပြည်သူလူထုုများ၊ စုုစုုပေါင်းလူဦးရေ တစ်ထောင်ကျော်ခန့် တက်ရောက်ခဲ့သည်ဟုုသိရသည်။

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...